သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် တိုက်ပွဲ လက်နက်ကြီးဒဏ် ရွာသားတချို့ခံရ


ဖားကန့် တိုက်ပွဲ လက်နက်ကြီးဒဏ် ရွာသားတချို့ခံရ
ဖားကန့် တိုက်ပွဲ လက်နက်ကြီးဒဏ် ရွာသားတချို့ခံရ

{{Zawgyi/Unicode}}

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA အကြား တိုက်ပွဲဖြစ်ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၉ နှစ်အရွယ် ကလေးတဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က တိုက်ပွဲသတင်းကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်နဲ့ ကာမိုင်းအကြားက နမ့်ယားရွာအနီးမှာ ဒီလ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ဆက်ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ ၁၄ ရက်နေ့ ညနေ ၃ နာရီက စဖြစ်ခဲ့တာလို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က ၃ နာရီလောက်မှာ တပ်မတော်ဘက်က သူတို့ တောဘက်ကို နည်းနည်းဝင်လာလို့ KIA ဘက်က ပစ်လိုက်တယ်တဲ့။ တောဘက်ကတော့ ပစ်ပြီးမှ ပြန်သွားလိုက်တယ်တဲ့။ ဒီမနက်က နမ့်ယားစစ်တပ်ကုန်းကနေ အဲဒီ ဆိုင်းဖရာ၊ ကပ်မှော်ဇွပ်၊ ခွန်ဆိုင်ဇွပ် အဲဒီဘက်ကို အဲဒီ ရွာဘက်ကို ပစ်တဲ့အခါကျတော့ အဲဒီ ဆိုင်းဖရာရွာက ၆ ဦး ဒဏ်ရာရသွားတယ်တဲ့။”

ဖားကန့် ဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက် နမ့်ယားအခြေစိုက် စစ်တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၆ ဦးဒဏ်ရာရခဲ့ကြောင်းနဲ့ သေဆုံးတာ မကြားရကြောင်း အတည်ပြု ပြောပါတယ်။

“လောလောဆည်တော့ အရပ်သားတော့ ၆ ယောက်လောက်တော့ ထိတယ်ဗျ။ စစ်တပ်ကနေ နမ့်ယားအထိုင်ကနေ လက်နက်ကြီးနဲ့ ပစ်တာကိုး။ ပစ်တော့ ရွာထဲကိုပစ်တာ။ ပစ်တော့ အရပ်သားတွေထိတယ်။ သေဆုံးတာတော့မကြားမိဘူးဗျ။ ”

တိုက်ပွဲဖြစ်ပွားရာနေရာအနီး ဒေသခံတဦးကတော့ တိုက်ပွဲဟာ ၁၄ ရက်နေ့ ညနေကဖြစ်ကြောင်းနဲ့ ၁၅ ရက်နေ့ မနက်မှာ ထပ်ဖြစ်ပြီး ရွာထဲကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ခဲ့ကြောင်း ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၆ ဦးမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးအပါအဝင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

“ဒီမနက် ၇ နာရီခွဲမှာ ရွာမှာ လက်နက်ကြီး ၃ လုံး လာကျတာခင်ဗျ။ ဆိုင်းဖရာရွာ၊ နမ့်ယားအထက်။ ၉ နှစ် ကလေးနဲ့ဆိုရင် အမျိုးသမီးက ၄ ယောက်။ အမျိုးသားက ၂ ယောက်။ ပေါင်ကျိုးတာ တယောက်ပါတယ်၊ အမျိုးသမီး၊ အမျိုးသားတယောက်၊ အမျိုးသားလည်း ပေါင်မှာထိထားတာ ကျိုးတဲ့အဆင့်မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာက နမ့်ယားအထက်၊ ခွန်ဆိုင်နဲ့ တံတားညီနောင်ကြားမှာ ဖြစ်တာ။ နမ့်ယား အဲဒီတပ်ကပစ်တာ။ အထက်ကိုပစ်တာ ရွာမှာကျရော။”

လက်နက်ကြီးပစ်ခတ်မှုဟာ နမ့်ယားမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ဘက်က ပစ်တာလို့ ဒေသခံတွေ ပြောဆိုထားပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

COVID-19 ကပ်ရောဂါကြောင့် ဒေသတွင်း သွားလာတာတွေ ကန့်သတ်ထားတာကြောင့် ဒဏ်ရာပြင်းထန်သူ
နှစ်ဦးကို ဆိုင်းဖရာရွာ စာသင်ကျောင်းမှာပဲ ဆေးကုသပေးနေပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်က အာဏာသိမ်းယူပြီးနောက် မတ်လကတည်းက တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်အကြား ကချင်ပြည်နယ်မှာသာမက စစ်ကိုင်းတိုင်း ခန္တီး၊ ကောလင်း၊ ကသာ စတဲ့ဒေသတွေအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG