သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်နို့ တိုက်ကျွေးရေး ဖိလစ်ပိုင်မှာ စည်းရုံးလှုပ်ရှား 


ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မိခင်နို့ချိုတိုက်ကျွေးရေးလှုပ်ရှားမှုမှာ မိခင်ပေါင်း နှစ်ထောင်ကျော်ပါဝင်ပြီး သူတို့ရဲ့ကလေးတွေကို တပြိုင်တည်း နို့ချို တိုက်ကျွေးခဲ့ကြပါတယ်။ Hakab Na လို့ အမည်ပေးထားတဲ့ မိခင်နို့ချိုတိုက်ကျွေးရေးလှုပ်ရှားမှုကို ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်။

ကမ္ဘာ့ မိခင်နို့ချိုတိုက်ကျွေးရေး သီတင်းပတ်ကာလအတွင်း ကျင်းပတဲ့ ဖိလစ်ပိုင်နိုင်ငံက နှစ်စဉ် လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို မိခင်နို့တိုက်တဲ့ အကျိုးရလဒ်တွေကို သတိပြုမိဖို့ ဖြစ်ပါတယ်။

တနင်္ဂနွေက လှုပ်ရှားမှုမှာ မိခင်တွေဟာ ထိုင်ပြီး သူတို့ရဲ့ကလေးတွေကို တမိနစ်ကြာ နို့တိုက်တဲ့ အစီစဉ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် စစ်တမ်းကောက်ယူချက်တွေအရ ဖိလစ်ပိုင်နိုင်ငံမှာ မွေးကင်းစကလေးတွေကို ခြောက်လအရွယ်ထိ မိခင်နို့တိုက်တဲ့ နှုန်းဟာ ၂၉% ပဲရှိတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ရဲ့ ကျန်းမာရေးနဲ့ အဟာရ ဆိုင်ရာ အကြီးအကဲ Dr. Wigdan Madani က ပြောပါတယ်။

မိခင်နို့ တိုက်ကျွေးရေး ဖိလစ်ပိုင်မှာ စည်းရုံးလှုပ်ရှား
please wait

No media source currently available

0:00 0:00:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG