သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟစ်တလာနဲ့ နှိုင်းတဲ့ ဖိလစ်ပိုင်သမ္မတ အမေရိကန်ဝေဖန်


ဖိလစ်ပိုင်သမ္မတ Duterte (အလယ်)။
ဖိလစ်ပိုင်သမ္မတ Duterte (အလယ်)။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့ကိုယ်သူ နာဇီခေါင်းဆောင် ဟစ်တလာနဲ့ ခိုင်းနှိုင်းပြောဆိုတဲ့ မှတ်ချက်တွေဟာ စိုးရိမ်စရာကောင်းပြီး - လူ့ဂုဏ်သိက္ခာအတွက် အဓိကစံတန်ဖိုးတွေအဖြစ် အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အရင်တုန်းက လက်ခံထားခဲ့တာတွေကနေ သိသိသာသာ လွဲချော်လာနေတယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။

ပြဿနာကို စောစောစီးစီး အဆုံးသတ်တဲ့ ဖြေရှင်းနည်းတခုအဖြစ် မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရာဇဝတ်မှုကျုးလွန်သူ ၃ သန်းလောက်ကို သတ်ပစ်ဖို့ ဝန်မလေးဘူးလို့ ဖိလစ်ပိုင်သမ္မတ Duterte က ပြောဆိုခဲ့တာပါ။ စကားလုံးတွေဟာ၊ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်တွေ ပြောတဲ့အခါမျိုးမှာ အဓိပ္ပါယ်ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောဆိုခဲ့သလို၊ ဖိလစ်ပိုင်နိုင်ငံမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျုးလွန်နေတဲ့ သတင်းတွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိကြောင်း သောကြာနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်ရဲ့ မိတ်ဘက်ဆက်ဆံရေးဟာ ကာလကြာရှည် တည်ရှိနေခဲ့ တာဖြစ်သလို - လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအပေါ် ယုံကြည် တန်ဖိုးထားမှုတွေ လို ၂ နိုင်ငံစလုံးက လက်ခံထားတဲ့ စံတန်ဘိုးတွေအပေါ် အခြေခံ ထားတယ်လို့လည်း ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး အစီအစဉ်ကို သက်တမ်းတိုးပေးဖို့အတွက် အထက်လွှတ်တော်ကို တောင်းဆိုထားတဲ့ သမ္မတ Duterte ကတော့ - မူးယစ်ဆေးစွဲသူတွေကို ဆက်လက် နှိမ်နင်းသွားမယ့် သူ့အစီအစဉ်ကို လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူတွေ ဟန့်တားလို့ မရဘူးလို့လည်း အရင်က ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG