သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြွင်းချက်နဲ့ပေးတဲ့ ပြည်ပအကူ ဖိလစ်ပိုင် မယူ


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်နိုင်ငံကို ခြွင်းချက်နဲ့ ကူညီထောက်ပံ့မှုပေးမယ်ဆိုရင် ဘယ်နိုင်ငံရဲ့အကူအညီမှ မယူဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အထိ EU ဥရောပသမဂ္ဂနိုင်ငံကပေးမယ့်ထောက်ပံ့ငွေ ယူရိုသန်း ၂၅၀ ကို လက်မခံဘူးလို့ ဖိလစ်ပိုင်အစိုးရက ငြင်းဆန်ခဲ့ပြီးနောက်မှာပဲ ခြွင်းချက်နဲ့ပေးမယ့် ကူညီထောက်ပံ့မှုမျိုးဆိုရင် EU နိုင်ငံတွေမှ မဟုတ်ဘဲ ဘယ်အလှူရှင်နိုင်ငံကမှ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano ကကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

ဖိလစ်ပိုင်ရဲ့ တရားဥပဒေစိုးမိုးမှုအပေါ် သုံးသပ်မယ့်အစီအစဉ်ပါတဲ့အတွက် EU ရဲ့ထောက်ပံ့ကူညီမှုတွေကို ငြင်းဆန်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဖိလစ်ပိုင်မှာ မူးယစ်ဆေးနှိမ်နှင်းရေး စီမံချက်တွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ EU ကပြောကြားခဲ့တဲ့အပေါ် သမ္မတ Rodrigo Duterte ကအကြိမ်ကြိမ် တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

သမ္မတရဲ့ မူးယစ်ဆေးနှိမ်နှင်းရေးစီမံချက်အတွင်း လူပေါင်းထောင်ချီ သတ်ဖြတ်ခံရ တာကြောင့်ရော၊ သေဒဏ်ဥပဒေကို ပြန်လည်အသက်သွင်းဖို့ လုပ်နေတာကြောင့်ပါ EU ကိုတင်ပို့နေတဲ့ ဖိလစ်ပိုင်ပို့ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားတာ ရုတ်သိမ်းမယ်လို့ EU က သတိပေးခဲ့ပြီးနောက် သမ္မတ Duterte ကသူ့နိုင်ငံအတွက် ထောက်ပံ့ကူညီမှုတွေ မပေးနဲ့တော့လို့ EU ကိုအစောပိုင်းထဲက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်ဆလင်ခွဲထွက်ရေးသူပုန်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် EU ကပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေဟာ ဖိလစ်ပိုင်ရရှိတဲ့ ကူညီထောက်ပံ့မှုတွေထဲမှာ အများဆုံး ပမာဏတခုဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတဲ့နိုင်ငံတခု ဖြစ်တယ်ဆိုတာကို EU ရဲ့ထောက်ပံ့မှုကို ငြင်းဆန်ပြီး ပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Cayetano ကပြောပါတယ်။

ခြွင်းချက်နဲ့ပေးတဲ့ ပြည်ပအကူ ဖိလစ်ပိုင် မယူ
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG