သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊ႕ေျပာင္းဝင္လာသူေတြေၾကာင္႔ Belarus နဲ႔ ပဋိပကၡျဖစ္ရမည္႔အေရး ပိုလန္စိုးရိမ္


ေရႊ႕ေျပာင္းဝင္လာသူေတြေၾကာင္႔ Belarus နဲ႔ ပဋိပကၡျဖစ္ရမည္႔အေရး ပိုလန္စိုးရိမ္

{{Zawgyi/Unicode}}

ေထာင္နဲ႔ခ်ီတဲ့ ေရႊ႕ေျပာင္းေနထိုင္သူေတြ ဥေရာပသမဂၢ (EU) ပိုင္နက္ထဲကို နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ Belarus နယ္စပ္မွာ လက္နက္ကိုင္ ပဋိပကၡေတြ ေပၚေပါက္မယ့္ အႏၲရာယ္ရွိေနေၾကာင္း ပိုလန္ႏိုင္ငံက သတိေပးလိုက္ပါတယ္။ ေရႊ႕ေျပာင္းေနထိုင္သူေတြ ပိုလန္ႏိုင္ငံဖက္ ၀င္လာေအာင္ Belarus ႏိုင္ငံက တမင္သက္သက္ လုပ္တာလို႔လည္း ပိုလန္ႏိုင္ငံက စြပ္စဲြထားတာပါ။

ပိုလန္နယ္စပ္က Kuźnica ေက်းရြာအနီး ေထာင္နဲ႔ခ်ီတဲ့ ေရႊ႕ေျပာင္း၀င္ေရာက္သူေတြ စခန္းခ် ေရာက္ရွိေနၾကၿပီး၊ အဂၤါေန႔တုန္းက သံစည္းႀကိဳးအကာအရံေတြကို ျဖတ္ေတာက္ ေက်ာ္လႊားဖို႔ ႀကိဳးစားသူေတြလည္း ရွိခဲ့တာေၾကာင့္ နယ္ျခားေစာင့္တပ္ဖဲ႔ြေတြက မ်က္ရည္ယို ဓာတ္ေငြ႕ေတြနဲ႔ ပက္ဖ်န္းႏွိမ္နင္း ခဲ့ပါတယ္။

တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ဖို႔ ႀကိဳးစားသူေတြထဲက ၂၄ နာရီအတြင္း ဖမ္းဆီးမိသူ ၃၀၉ ေယာက္ ရွိခဲ့ေၾကာင္းလည္း ပိုလန္အာဏာပိုင္ေတြက ေျပာပါတယ္။ ဖမ္းဆီးခံရသူေတြဟာ ႏိုင္ငံတကာ ဥပေဒအရ ပိုလန္ႏိုင္ငံမွာ ခိုလႈံခြင့္ ေတာင္းခံထားသူေတြဟုတ္၊ မဟုတ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ပိုလန္နယ္စပ္မွာ ေရာက္ေနတဲ့ ေရႊ႕ေျပာင္း၀င္ေရာက္သူေတြထဲမွာေတာ့ အာဖဂန္နစၥတန္၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကႏိုင္ငံေတြက လူငယ္အမ်ဳိးသားေတြ အမ်ားစု ပါ၀င္ၿပီး၊ အမ်ဳိးသမီးနဲ႔ ကေလးတခ်ဳိ႕လည္း ပါ၀င္ပါတယ္။

Belarus ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားက ေဖာ္ျပတဲ့ ဗြီဒီယိုထဲမွာေတာ့ ေရႊ႕ေျပာင္းေနထိုင္သူ တေယာက္က သူတို႔ဟာ ပိုလန္မွာေနဖို႔ မဟုတ္ဘဲ ဥေရာပတိုက္က ဂ်ာမနီႏိုင္ငံကို သြားဖို႔ ရည္ရြယ္ထားေၾကာင္း ေျပာဆိုခဲ့တာပါ။

Belarus ႐ုပ္သံက ဗြီဒီယိုဖိုင္ကိုေတာ့ ဗြီအိုေအက သီးျခားအတည္ျပဳလို႔ မရပါဘူး။ ဥေရာပကို ေရႊ႕ေျပာင္းအေျခခ်ဖို႔ ႀကိဳးစားသူေတြ ၾကားမွာေတာ့ ဂ်ာမဏီႏိုင္ငံဟာ ေရပန္းစားတဲ့ ႏိုင္ငံတခုလည္း ျဖစ္ပါတယ္။

............................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပသမဂ္ဂ (EU) ပိုင်နက်ထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေတာကြောင့် Belarus နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်မယ့် အန္တရာယ်ရှိနေကြောင်း ပိုလန်နိုင်ငံက သတိပေးလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ ပိုလန်နိုင်ငံဖက် ဝင်လာအောင် Belarus နိုင်ငံက တမင်သက်သက် လုပ်တာလို့လည်း ပိုလန်နိုင်ငံက စွပ်စွဲထားတာပါ။

ပိုလန်နယ်စပ်က Kuźnica ကျေးရွာအနီး ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ စခန်းချ ရောက်ရှိနေကြပြီး၊ အင်္ဂါနေ့တုန်းက သံစည်းကြိုးအကာအရံတွေကို ဖြတ်တောက် ကျော်လွှားဖို့ ကြိုးစားသူတွေလည်း ရှိခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဖဲ့ွတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပက်ဖျန်းနှိမ်နင်း ခဲ့ပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေထဲက ၂၄ နာရီအတွင်း ဖမ်းဆီးမိသူ ၃၀၉ ယောက် ရှိခဲ့ကြောင်းလည်း ပိုလန်အာဏာပိုင်တွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ နိုင်ငံတကာ ဥပဒေအရ ပိုလန်နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံထားသူတွေဟုတ်၊ မဟုတ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပိုလန်နယ်စပ်မှာ ရောက်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေထဲမှာတော့ အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက လူငယ်အမျိုးသားတွေ အများစု ပါဝင်ပြီး၊ အမျိုးသမီးနဲ့ ကလေးတချို့လည်း ပါဝင်ပါတယ်။

Belarus နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြတဲ့ ဗွီဒီယိုထဲမှာတော့ ရွှေ့ပြောင်းနေထိုင်သူ တယောက်က သူတို့ဟာ ပိုလန်မှာနေဖို့ မဟုတ်ဘဲ ဥရောပတိုက်က ဂျာမနီနိုင်ငံကို သွားဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့တာပါ။

Belarus ရုပ်သံက ဗွီဒီယိုဖိုင်ကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုလို့ မရပါဘူး။ ဥရောပကို ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူတွေ ကြားမှာတော့ ဂျာမဏီနိုင်ငံဟာ ရေပန်းစားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG