သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကိုႏွိမ္နင္းမႈ ရန္ကုန္ေဒသခံေတြ လံုျခံဳမႈမဲ့


ရန္ကုန္ စစ္အာဏာသိမ္း ဆန္႔က်င္ကန္႔ကြက္ဆႏၵျပ ( ေမ၊ ၂ ၊ ၂ဝ၂၁)

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၃ လေက်ာ္ၿပီျဖစ္ေပမဲ့ ျပည္သူေတြဟာ စစ္အာဏာ႐ွင္ေတြအေပၚ ဇဲြမေလ်ာ့ ဆက္လက္ ဆန္႔က်င္ေနၾကပါတယ္။ တပ္ေတြဖက္ကလည္း ျပည္သူေတြ ဆႏၵထုတ္ေဖာ္တာကို တားဆီးႏိုင္ဖုိ႔ ဆက္လက္ဖိႏွိပ္ေနပါတယ္။ အိမ္စီးကားေတြနဲ႔ ဆႏၵျပသူေတြကို ဖမ္းဖုိ႔ ႀကိဳးစားတာ၊ သံပံုးတီးတဲ့ၿမိဳ႕နယ္တခ်ဳိ႔က လမ္းေပၚရပ္ထားတဲ့ ကားေတြ တပ္ဖဲြ႔ဝင္ေတြ၊ မွန္ခဲြဖ်က္စီးတာေတြလုပ္ခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့တာ အခုဆို ၃ လနဲ႔ ၃ ရက္႐ွိပါၿပီ။ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ေနသူေတြကေတာ့ အႏၱရာယ္ၾကားကပဲ ရတဲ့နည္းသံုးၿပီး ဆႏၵျပေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕ ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းအနီးတဝိုက္မွာ နစက စစ္ေကာင္စီကို ဆန႔္က်င္ေၾကာင္း ေရးသားထားတဲ စာတန္းေတြကို ကိုင္ေဆာင္၊ ဆန္႔က်င္တဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဆႏၵျပသူတခ်ဳိ႕ လမ္းမေတြေပၚမွာ ဒီကေန႔ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕တဖက္ကမ္း တြံေတးၿမိဳ႕နယ္မွာလည္း အာဏာရွင္ဆန႔္က်င္ေရး စာသားေတြပါတဲ့ စာ႐ြက္ေတြကို ဓာတ္တိုင္ေတြမွာလိုက္ကပ္တဲ့ သပိတ္ကို လုပ္ခဲ့ၾကပါတယ္။ အဲဒီလို ဆႏၵျပေနသူေတြကို ႏွိမ္ႏွင္းႏုိင္ဖုိ႔အတြက္ စစ္တပ္နဲ႔ ရဲေတြဖက္ကလည္း ႀကိဳးစားေနပါတယ္။ တြံေတးၿမိဳ႕မွာဆို တပ္ကဆိုတာ မသိရႏိုင္ေအာင္ အိမ္စီးကားေတြသံုး ကင္းလွည့္ေနၾကတယ္လို႔ ၿမိဳ႕ခံကေျပာပါတယ္။

“ဒီေန႔ကေတာ့ ဓာတ္တိုင္ေတြမွာ စာ႐ြက္လိုက္ကပ္တဲ့သပိတ္တခုေတာ့ လုပ္လိုက္တယ္။ ၿပီးေတာ့ ဒီေန႔ လႈိင္သာယာအနီးဝန္းက်င္က မေနးထိန္ကုန္းဘက္မွာ အဲဒီက ဆန္စက္ရွိတဲ့အိမ္ေတြကို ဒီေကာင္ေတြဝင္တယ္။ ဝင္ၿပီးေတာ့ အိတ္ ၂၀ - ၃၀ အဲလိုမ်ိဳး မသြားတယ္။ ၿပီးေတာ့ မေန႔က သပိတ္စစ္ေၾကာင္းမွာ အဖမ္းခံလိုက္ရတဲ့ ၃ေယာက္ကို အင္းစိန္ကိုပို႔လိုက္တယ္ ေျပာတယ္။ ၿမိဳ႕ထဲမွာဆို အရင္က ကင္းပတ္ရင္ ရဲကား၊ စစ္ကားေတြနဲ႔ ပတ္ၾကတယ္။ အခုက ရဲကား၊ စစ္ကားနဲ႔ မဟုတ္ေတာ့ဘူး၊ ဆိုင္ကယ္ေတြလည္းပါတယ္။ ၿပီးေတာ့ အခုေနာက္ပိုင္းမွာဆို Alphard ကား အျဖဴေရာင္ကိုမွ အေရွ႕ကနံပါတ္ျပားနဲ႔ အေနာက္ကနံပါတ္ျပားမွာ Mask တပ္ၿပီးေတာ့ အဲလိုပတ္ေနၾကတယ္။”

ခုလိုလမ္းေပၚမွာ လံုၿခံဳေရးတင္းၾကပ္ေနတဲ့အျပင္ အိမ္ထဲကေန ဆႏၵထုတ္ေဖာ္သူေတြကို အႏိုင္က်င့္တဲ့လုပ္ရပ္ေတြကိုလည္း တပ္ေတြဖက္က လုပ္ေနပါတယ္။

ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္ၿမိဳ႕နယ္ထဲက ၄၆ လမ္းနဲ႔ ၄၇ လမ္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ထဲက ေရေက်ာ္ဖက္မွာ ည ၈ နာရီ သံပံုးတီးလို႔ဆိုၿပီး စစ္တပ္က လမ္းေတြေပၚ ရပ္ထားတဲ့ ကားေတာ္ေတာ္မ်ားမ်ားရဲ႕ မွန္ေတြကို ႐ိုက္ခဲြဖ်က္စီးသြားတဲ့အျပင္ ကားမွန္ေတြေပၚမွာလည္း ဆဲဆိုတဲ့စာသားေတြကို ေရးသြားတယ္လို႔ သူ႔ရဲ႕ကားဖ်က္စီးခံရသူတေယာက္က VOA ကိုေျပာျပပါတယ္။

“ပထမတခါတုန္းက သံပုံးတီးေနၾကတုန္း အိမ္ေတြကို ေလးခြနဲ႔လိုက္ပစ္တယ္၊ အုတ္နီခဲ ထက္ပိုင္းက်ိဳးေတြနဲ႔ ထုတယ္။ လမ္းေလွ်ာက္ၿပီးေတာ့ လာထုလိုက္၊ ေလးခြနဲ႔ပစ္လိုက္နဲ႔ ထြက္သြားေရာ ... စစ္သား ၄ - ၅ ေယာက္ရွိမွာေပါ့။ က်ေနာ့အိမ္က မွန္တခ်ပ္လည္း ကြဲသြားေသးတယ္။ ေနာက္တေခါက္က်ေတာ့ ဒီအတိုင္းထပ္လာၾကတာ ... ဘယ္သူမွ ဘာမွလုပ္တယ္လည္း မရွိဘူး။ က်ေနာ္ကလည္း အိမ္မွာရွိတဲ့ မွန္ကြဲစေတြကို လိုက္သိမ္းေနတုန္း ေနာက္တေခါက္ေရာက္လာၾကတာပဲ။ ေရာက္လာၿပီးေတာ့ အိမ္ေရွ႕မွာတပ္ထားတဲ့ လမ္းအပိုင္ CCTV Camera ရွိတယ္။ အဲဒါကို တုတ္ေခ်ာင္းနဲ႔ အေပၚကိုတြန္းတင္ၿပီးေတာ့ Direction ကိုလြဲေအာင္လုပ္တယ္။ ၿပီးေတာ့ သံေခ်ာင္းတေခ်ာင္း ... သံေခ်ာင္းထိပ္မွာ ဘိလပ္ေျမလို ဘုလုံးႀကီးပါတယ္။ အဲဒါေတြနဲ႔ ကားမွန္ေတြကို လိုက္႐ိုက္ေတာ့တာ။ လိုက္႐ိုက္ေတာ့ က်ေနာ့ကားက ေရွ႕မွန္ကြဲသြားတယ္။ ေရွ႕က ေနာက္ထပ္ရပ္ထားတဲ့ ကားအျဖဴေလးတစီးက ေရွ႕မွန္ကြဲသြားတယ္။ Swift တစီးက ေရွ႕မွန္ေရာ ေနာက္မွန္ေရာ ကြဲသြားတယ္။ အခုက ဘယ္သြားတိုင္ရမလဲ။ ရပ္ကြက္လူႀကီးေတြက စုၿပီးေတာ့ ရဲသြားတိုင္မယ္တဲ့။ ဘယ္နားသြားတိုင္လို႔ရမွာလဲ ရဲက ... အေဝးႀကီးပဲ။”

စစ္အာဏာသိမ္း အုပ္ခ်ဳပ္မႈ အခ်ိန္ၾကာလာေလ တရားဥပေဒစိုးမိုးေရးနဲ႔ ျပည္သူေတြရဲ႕ ဘဝလံုၿခံဳေရး မ႐ွိေလျဖစ္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕အျပင္ ေဒသစံုက ျပည္သူေတြက ေျပာေနၾကပါတယ္။

................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေအပေါ် ဇွဲမလျော့ ဆက်လက် ဆန့်ကျင်နေကြပါတယ်။ တပ်တွေဖက်ကလည်း ပြည်သူတွေ ဆန္ဒထုတ်ဖော်တာကို တားဆီးနိုင်ဖို့ ဆက်လက်ဖိနှိပ်နေပါတယ်။ အိမ်စီးကားတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဖို့ ကြိုးစားတာ၊ သံပုံးတီးတဲ့မြို့နယ်တချို့က လမ်းပေါ်ရပ်ထားတဲ့ ကားတွေ တပ်ဖွဲ့ဝင်တွေ၊ မှန်ခွဲဖျက်စီးတာတွေလုပ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာ အခုဆို ၃ လနဲ့ ၃ ရက်ရှိပါပြီ။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေသူတွေကတော့ အန္တရာယ်ကြားကပဲ ရတဲ့နည်းသုံးပြီး ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းအနီးတဝိုက်မှာ နစက စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရေးသားထားတဲ စာတန်းတွေကို ကိုင်ဆောင်၊ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြသူတချို့ လမ်းမတွေပေါ်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တဖက်ကမ်း တွံတေးမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်ရေး စာသားတွေပါတဲ့ စာရွက်တွေကို ဓာတ်တိုင်တွေမှာလိုက်ကပ်တဲ့ သပိတ်ကို လုပ်ခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြနေသူတွေကို နှိမ်နှင်းနိုင်ဖို့အတွက် စစ်တပ်နဲ့ ရဲတွေဖက်ကလည်း ကြိုးစားနေပါတယ်။ တွံတေးမြို့မှာဆို တပ်ကဆိုတာ မသိရနိုင်အောင် အိမ်စီးကားတွေသုံး ကင်းလှည့်နေကြတယ်လို့ မြို့ခံကပြောပါတယ်။

“ဒီနေ့ကတော့ ဓာတ်တိုင်တွေမှာ စာရွက်လိုက်ကပ်တဲ့သပိတ်တခုတော့ လုပ်လိုက်တယ်။ ပြီးတော့ ဒီနေ့ လှိုင်သာယာအနီးဝန်းကျင်က မနေးထိန်ကုန်းဘက်မှာ အဲဒီက ဆန်စက်ရှိတဲ့အိမ်တွေကို ဒီကောင်တွေဝင်တယ်။ ဝင်ပြီးတော့ အိတ် ၂၀ - ၃၀ အဲလိုမျိုး မသွားတယ်။ ပြီးတော့ မနေ့က သပိတ်စစ်ကြောင်းမှာ အဖမ်းခံလိုက်ရတဲ့ ၃ယောက်ကို အင်းစိန်ကိုပို့လိုက်တယ် ပြောတယ်။ မြို့ထဲမှာဆို အရင်က ကင်းပတ်ရင် ရဲကား၊ စစ်ကားတွေနဲ့ ပတ်ကြတယ်။ အခုက ရဲကား၊ စစ်ကားနဲ့ မဟုတ်တော့ဘူး၊ ဆိုင်ကယ်တွေလည်းပါတယ်။ ပြီးတော့ အခုနောက်ပိုင်းမှာဆို Alphard ကား အဖြူရောင်ကိုမှ အရှေ့ကနံပါတ်ပြားနဲ့ အနောက်ကနံပါတ်ပြားမှာ Mask တပ်ပြီးတော့ အဲလိုပတ်နေကြတယ်။”

ခုလိုလမ်းပေါ်မှာ လုံခြုံရေးတင်းကြပ်နေတဲ့အပြင် အိမ်ထဲကနေ ဆန္ဒထုတ်ဖော်သူတွေကို အနိုင်ကျင့်တဲ့လုပ်ရပ်တွေကိုလည်း တပ်တွေဖက်က လုပ်နေပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ၄၆ လမ်းနဲ့ ၄၇ လမ်း၊ ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်ဖက်မှာ ည ၈ နာရီ သံပုံးတီးလို့ဆိုပြီး စစ်တပ်က လမ်းတွေပေါ် ရပ်ထားတဲ့ ကားတော်တော်များများရဲ့ မှန်တွေကို ရိုက်ခွဲဖျက်စီးသွားတဲ့အပြင် ကားမှန်တွေပေါ်မှာလည်း ဆဲဆိုတဲ့စာသားတွေကို ရေးသွားတယ်လို့ သူ့ရဲ့ကားဖျက်စီးခံရသူတယောက်က VOA ကိုပြောပြပါတယ်။

“ပထမတခါတုန်းက သံပုံးတီးနေကြတုန်း အိမ်တွေကို လေးခွနဲ့လိုက်ပစ်တယ်၊ အုတ်နီခဲ ထက်ပိုင်းကျိုးတွေနဲ့ ထုတယ်။ လမ်းလျှောက်ပြီးတော့ လာထုလိုက်၊ လေးခွနဲ့ပစ်လိုက်နဲ့ ထွက်သွားရော ... စစ်သား ၄ - ၅ ယောက်ရှိမှာပေါ့။ ကျနော့အိမ်က မှန်တချပ်လည်း ကွဲသွားသေးတယ်။ နောက်တခေါက်ကျတော့ ဒီအတိုင်းထပ်လာကြတာ ... ဘယ်သူမှ ဘာမှလုပ်တယ်လည်း မရှိဘူး။ ကျနော်ကလည်း အိမ်မှာရှိတဲ့ မှန်ကွဲစတွေကို လိုက်သိမ်းနေတုန်း နောက်တခေါက်ရောက်လာကြတာပဲ။ ရောက်လာပြီးတော့ အိမ်ရှေ့မှာတပ်ထားတဲ့ လမ်းအပိုင် CCTV Camera ရှိတယ်။ အဲဒါကို တုတ်ချောင်းနဲ့ အပေါ်ကိုတွန်းတင်ပြီးတော့ Direction ကိုလွဲအောင်လုပ်တယ်။ ပြီးတော့ သံချောင်းတချောင်း ... သံချောင်းထိပ်မှာ ဘိလပ်မြေလို ဘုလုံးကြီးပါတယ်။ အဲဒါတွေနဲ့ ကားမှန်တွေကို လိုက်ရိုက်တော့တာ။ လိုက်ရိုက်တော့ ကျနော့ကားက ရှေ့မှန်ကွဲသွားတယ်။ ရှေ့က နောက်ထပ်ရပ်ထားတဲ့ ကားအဖြူလေးတစီးက ရှေ့မှန်ကွဲသွားတယ်။ Swift တစီးက ရှေ့မှန်ရော နောက်မှန်ရော ကွဲသွားတယ်။ အခုက ဘယ်သွားတိုင်ရမလဲ။ ရပ်ကွက်လူကြီးတွေက စုပြီးတော့ ရဲသွားတိုင်မယ်တဲ့။ ဘယ်နားသွားတိုင်လို့ရမှာလဲ ရဲက ... အဝေးကြီးပဲ။”

စစ်အာဏာသိမ်း အုပ်ချုပ်မှု အချိန်ကြာလာလေ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေး မရှိလေဖြစ်နေတယ်လို့ ရန်ကုန်မြို့အပြင် ဒေသစုံက ပြည်သူတွေက ပြောနေကြပါတယ်။



၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG