သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖ႐ူဆိုၿမိဳ႕ စစ္ေဆးေရးဂိတ္မွာ နယ္စပ္ျပန္လူငယ္ ၇၀ ေက်ာ္ ဖမ္းခံရ


မႏၱေလးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲအတြင္း ေတြ႔ရတဲ့ ဒုိင္းကာလူငယ္မ်ား။ (မတ္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္သင္တန္းတက္ရာက ျပန္လာတဲ့ လူငယ္ ၇၀ ေက်ာ္ကို စစ္ေကာင္စီတပ္ေတြက ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕ စစ္ေဆးေရးဂိတ္မွာ စစ္ေဆး ဖမ္းဆီးခဲ့ပါတယ္။ အျပည့္အစုံကို ႏိုင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တခုမွာ စစ္သင္တန္း တက္ေရာက္အၿပီး ေနရပ္ျပန္လာတဲ့ လူငယ္ေတြ ဖ႐ူဆိုၿမိဳ႕ နယ္စပ္စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးခံရတယ္လို႔ ဖ႐ူဆိုၿမိဳ႕ခံတဦးက ေျပာပါတယ္။

“အေယာက္ ၇၄ ေယာက္ရွိတယ္။ ေက်ာင္းကေန ျပန္လာတယ္ဆိုၿပီး ဖ႐ူဆိုၿမိဳ႕နယ္မွာ အဖမ္းခံရလို႔။ ဖ႐ူဆိုၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္ ရွိတယ္ေပါ့ေနာ္။ အဲဒီမွာ သူတို႔ စစ္သင္တန္းက ျပန္လာတယ္ဆိုတဲ့ လူေတြကလည္း ဒီအတိုင္း ကား ၂ စီးနဲ႔ ဖမ္းမိလိုက္တယ္။ ၃၀ ရက္ေန႔ ည ၇ နာရီမွာ။ ၁ ရက္ေန႔ မေန႔ညမွာေတာ့ ညေန ၄ နာရီေလာက္မွာ လြိဳင္ေကာ္အက်ဥ္းေထာင္ ျပန္ပို႔တယ္လို႔ သတင္းရတယ္။”

သူတို႔တေြကို ဧၿပီလ ၃၀ ရက္ေန႔ ညမွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး လက္ရွိ လြိဳင္ေကာ္အက်ဥ္းေထာင္မွာ စစ္ေဆးေနတယ္လို႔ သူကဆိုပါတယ္။

သူတို႔တေတြကို ေျမသယ္ကားႏွစ္စီးနဲ႔ တင္ေဆာင္လာၿပီး ေတာကေန ၿမိဳ႕ေပၚ အျပန္လမ္းမွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။

သူတို႔ရဲ႕ဖုန္းေတြကို စစ္ေဆးတဲ့အခါ စစ္သင္တန္းတက္ေနတဲ့ ဓာတ္ပုံေတြကိုပါ ေတြ႔ရတယ္လို႔ အဲဒီ ဖ႐ူဆိုေဒသခံက ေျပာပါတယ္။

“သူတို႔ဖမ္းမိတဲ့အထဲမွာ ဓာတ္ပုံေတြ ေတြ႔ရတယ္လို႔ေတာ့ က်ေနာ္တုိ႔ သတင္းၾကားရတယ္။”

အဲဒီသတင္းနဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။

စစ္တပ္ကေန အာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏုိင္ငံအႏွံ႔မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ ဆႏၵျပမႈေတြ က်ယ္ျပန႔္စြာ ျဖစ္ပြားလာသလို လုံၿခဳံေရးတပ္ဖြဲ႔ဘက္ကလည္း အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ေသဆုံး ထိခိုက္ဒဏ္ရာရမႈေတြ ဖမ္းဆီးခံရမႈေတြလည္း ပိုမ်ားလာေနတာပါ။

ေနာက္ပိုင္း ဆႏၵျပ သပိတ္ေမွာက္လူငယ္ေတြကေန ရရာလက္နက္စြဲကိုင္ၿပီး ခုခံလာခဲ့သလို တိုင္းရင္းသားေဒသ လက္နက္ကိုင္ အဖြဲ႔အစည္းေတြမွာ စစ္သင္တန္းတက္ေရာက္ၿပီး လက္နက္ကိုင္ေတာ္လွန္ဖို႔ကိုလည္း ႀကိဳးပမ္းလာခဲ့တာပါ။

စစ္အာဏာရွင္စနစ္ကို လက္နက္ကိုင္ေတာ္လွန္လိုတဲ့ လူငယ္ေတြရဲ႕ စိတ္အားထက္သန္ေနမႈအေပၚ လြိဳင္ေကာ္ၿမိဳ႕ေန ႏုိင္ငံေရးသမားတဦးက အခုလိုျမင္ပါတယ္။

“က်ေနာ့္အျမင္မွာေတာ့ ေတာ္လွန္ေရးအတြက္ သူတို႔က စစ္သင္တန္း သြားၿပီးေတာ့ တက္ၾကတာေပါ့။ တပ္ရဲ႕ အာဏာသိမ္းမႈက ဆက္ၿပီး တင္းမာမႈ ရွိမယ္ဆိုရင္ေတာ့ သူတို႔လည္း အမ်ိဳးသားေရးအဆင့္ပဲ ျဖစ္ျဖစ္ေပါ့ေနာ္၊ တေထာင့္တေနရာမွာ ပါဝင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္တဲ့ သေဘာမ်ိဳးေပါ့ေနာ္။ ရွင္းရွင္းေျပာရရင္ လူငယ္ေတြက စစ္ပညာေလာက္ပဲ သင္လို႔ရတယ္။ စစ္လက္နက္ေတြဘာေတြ လက္နက္ေတြရဖို႔ေတာ့ မလြယ္ဘူးေပါ့ေနာ္။ လူငယ္တေယာက္အေနနဲ႔ တတ္သင့္တတ္အပ္တဲ့ ပညာတခုကို သူတုိ႔ ေလ့လာဆည္းပူးတယ္ေပါ့ေနာ္။ ဒီအေပၚမွာ ဖမ္းဆီးမႈေတြ ရွိလာေတာ့ ေတာ္ေတာ္ေလးကို ဆုံး႐ႈံးမႈတခုလို႔ က်ေနာ္ ျမင္တယ္။ အခု လူငယ္ေတြလည္း တက္ႂကြေနၾကတယ္ေလ။ ရွင္းရွင္းေျပာရရင္ေတာ့ ပိပိရိရိမရွိတာ လႈပ္ရွားမႈေတြက။ ရြာတိုင္း ၿမိဳ႕တိုင္းမွာလည္း ထြက္သြားၾကတာ အေယာက္ ဘယ္ႏွစ္ဆယ္ ဘယ္ႏွစ္ဆယ္ဆိုတာ သြားၾကတာ။ အဲဒီလိုမ်ိဳးေတြေပါ့ေနာ္။ ဆိုေတာ့ ဒါလည္း လုံၿခဳံမႈ သူတို႔အတြက္လည္း စိုးရိမ္စရာ ျဖစ္တာေပါ့ေနာ္။”

လက္ရွိအခ်ိန္မွာ ကရင္ျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ကယားျပည္နယ္ေတြမွာ အေျခစိုက္တဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းေတြမွာ စစ္သင္တန္း တက္ေရာက္ေနသူေတြလည္း ရွိေနတာပါ။

ၿပီးခဲ့တဲ့ ဧၿပီလ ၁၈ ရက္ေန႔ကလည္း ပဲခူးတိုင္း ေရႊက်င္ၿမိဳ႕နယ္မွာ နယ္စပ္ကျပန္လာတဲ့ စစ္သင္တန္းဆင္းလို႔ ယူဆရတဲ့ လူငယ္ ၁၈ ဦးကို စစ္တပ္က စစ္ေဆးဖမ္းဆီးခဲ့တဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဖရူဆိုမြို့ စစ်ဆေးရေးဂိတ်မှာ နယ်စပ်ပြန်လူငယ် ၇၀ ကျော် ဖမ်းခံရ

စစ်သင်တန်းတက်ရာက ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်ကောင်စီတပ်တွေက ကယားပြည်နယ် ဖရူဆိုမြို့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုမှာ စစ်သင်တန်း တက်ရောက်အပြီး နေရပ်ပြန်လာတဲ့ လူငယ်တွေ ဖရူဆိုမြို့ နယ်စပ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ ဖရူဆိုမြို့ခံတဦးက ပြောပါတယ်။

“အယောက် ၇၄ ယောက်ရှိတယ်။ ကျောင်းကနေ ပြန်လာတယ်ဆိုပြီး ဖရူဆိုမြို့နယ်မှာ အဖမ်းခံရလို့။ ဖရူဆိုမြို့အဝင် စစ်ဆေးရေးဂိတ် ရှိတယ်ပေါ့နော်။ အဲဒီမှာ သူတို့ စစ်သင်တန်းက ပြန်လာတယ်ဆိုတဲ့ လူတွေကလည်း ဒီအတိုင်း ကား ၂ စီးနဲ့ ဖမ်းမိလိုက်တယ်။ ၃၀ ရက်နေ့ ည ၇ နာရီမှာ။ ၁ ရက်နေ့ မနေ့ညမှာတော့ ညနေ ၄ နာရီလောက်မှာ လွိုင်ကော်အကျဉ်းထောင် ပြန်ပို့တယ်လို့ သတင်းရတယ်။”

သူတို့တွေကို ဧပြီလ ၃၀ ရက်နေ့ ညမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ လွိုင်ကော်အကျဉ်းထောင်မှာ စစ်ဆေးနေတယ်လို့ သူကဆိုပါတယ်။

သူတို့တတွေကို မြေသယ်ကားနှစ်စီးနဲ့ တင်ဆောင်လာပြီး တောကနေ မြို့ပေါ် အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့ရဲ့ဖုန်းတွေကို စစ်ဆေးတဲ့အခါ စစ်သင်တန်းတက်နေတဲ့ ဓာတ်ပုံတွေကိုပါ တွေ့ရတယ်လို့ အဲဒီ ဖရူဆိုဒေသခံက ပြောပါတယ်။

“သူတို့ဖမ်းမိတဲ့အထဲမှာ ဓာတ်ပုံတွေ တွေ့ရတယ်လို့တော့ ကျနော်တို့ သတင်းကြားရတယ်။”

အဲဒီသတင်းနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စစ်တပ်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလာသလို လုံခြုံရေးတပ်ဖွဲ့ဘက်ကလည်း အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ဖမ်းဆီးခံရမှုတွေလည်း ပိုများလာနေတာပါ။

နောက်ပိုင်း ဆန္ဒပြ သပိတ်မှောက်လူငယ်တွေကနေ ရရာလက်နက်စွဲကိုင်ပြီး ခုခံလာခဲ့သလို တိုင်းရင်းသားဒေသ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ စစ်သင်တန်းတက်ရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ကိုလည်း ကြိုးပမ်းလာခဲ့တာပါ။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်လိုတဲ့ လူငယ်တွေရဲ့ စိတ်အားထက်သန်နေမှုအပေါ် လွိုင်ကော်မြို့နေ နိုင်ငံရေးသမားတဦးက အခုလိုမြင်ပါတယ်။

“ကျနော့်အမြင်မှာတော့ တော်လှန်ရေးအတွက် သူတို့က စစ်သင်တန်း သွားပြီးတော့ တက်ကြတာပေါ့။ တပ်ရဲ့ အာဏာသိမ်းမှုက ဆက်ပြီး တင်းမာမှု ရှိမယ်ဆိုရင်တော့ သူတို့လည်း အမျိုးသားရေးအဆင့်ပဲ ဖြစ်ဖြစ်ပေါ့နော်၊ တထောင့်တနေရာမှာ ပါဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောမျိုးပေါ့နော်။ ရှင်းရှင်းပြောရရင် လူငယ်တွေက စစ်ပညာလောက်ပဲ သင်လို့ရတယ်။ စစ်လက်နက်တွေဘာတွေ လက်နက်တွေရဖို့တော့ မလွယ်ဘူးပေါ့နော်။ လူငယ်တယောက်အနေနဲ့ တတ်သင့်တတ်အပ်တဲ့ ပညာတခုကို သူတို့ လေ့လာဆည်းပူးတယ်ပေါ့နော်။ ဒီအပေါ်မှာ ဖမ်းဆီးမှုတွေ ရှိလာတော့ တော်တော်လေးကို ဆုံးရှုံးမှုတခုလို့ ကျနော် မြင်တယ်။ အခု လူငယ်တွေလည်း တက်ကြွနေကြတယ်လေ။ ရှင်းရှင်းပြောရရင်တော့ ပိပိရိရိမရှိတာ လှုပ်ရှားမှုတွေက။ ရွာတိုင်း မြို့တိုင်းမှာလည်း ထွက်သွားကြတာ အယောက် ဘယ်နှစ်ဆယ် ဘယ်နှစ်ဆယ်ဆိုတာ သွားကြတာ။ အဲဒီလိုမျိုးတွေပေါ့နော်။ ဆိုတော့ ဒါလည်း လုံခြုံမှု သူတို့အတွက်လည်း စိုးရိမ်စရာ ဖြစ်တာပေါ့နော်။”

လက်ရှိအချိန်မှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ စစ်သင်တန်း တက်ရောက်နေသူတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ နယ်စပ်ကပြန်လာတဲ့ စစ်သင်တန်းဆင်းလို့ ယူဆရတဲ့ လူငယ် ၁၈ ဦးကို စစ်တပ်က စစ်ဆေးဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG