သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးခရီးစဉ် မြန်မာကက်သလစ်များစောင့်ကြိုနှုတ်ဆက်


ချစ်ချင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့သတင်းစကားနဲ့အတူ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။ ရန်ကုန်လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီးတည်းခိုတဲ့ နေရာအထိ ရန်ကုန်မြို့လမ်းတလေ ျှာက်မှာ အနယ်နယ် အရပ်ရပ်ကရောက်နေကြတဲ့ ကက်သလစ်ဘာသာဝင် အမြောက်အများ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်တဲ့ပထမနေ့ခရီးစဉ်အကြောင်းကို ရန်ကုန်မြို့ကနေ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြန်မာနိုင်ငံမှာ ကက်သလစ်သာနာထွန်းကားခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း ပုပ်ရဟန်းမင်းကြီးတပါး မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။ ကက်သလစ်ဘာသာဝင်တွေအတွက် အကြီးမြတ်ဆုံး ဘာသာရေးခေါင်းဆောင်ကြီးလည်းဖြစ် ကမ္ဘာမှာ လေးစားခံရတဲ့ ခေါင်းဆောင်တယောက်လည်းဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို တကူးတကလာရောက်တဲ့အတွက် နိုင်ငံတဝန်း နယ်စုံကပြည်သူတွေ ရန်ကုန်ကိုလာပြီးကြိုဆိုကြတာတေ့ွရပါတယ်။

ရန်ကုန်စံတော်ချိန် နေ့လည် ၁ နာရီလောက်မှာရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနိုင်ဖို့အတွက် ကက်သလစ်ဘာသာဝင်တွေဟာ တနင်္လာနေ့ အစောပိုင်းထဲက စိတ်အားထက်သန်စွာနဲ့ စောင့်နေခဲ့ကြတာပါ။ ရန်ကုန်လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီးတည်းခိုမယ့် ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီးလဲဖြစ်။ Cardinal ရဟန်းအမတ်လည်းဖြစ်တဲ့ Charles Maung Bo ရဲ့ သိမ်ဖြူလမ်းကနေအိမ်ဆီ သွားရာလမ်းတလေ ျှာက် နေရာ ၆ နေရာမှာ ကက်သလစ်ဘာသာဝင်တွေ စောင့်ကြိုနှုတ်ဆက်ကြပါတယ်။

ကက်သလစ်ဘာသာဝင် ၇ သိန်းလောက်သာရှိတဲ့ မြန်မာနိုင်ငံဆီကို ပုပ်ရဟန်းမင်းကြီးတပါး လာရောက်တဲ့ အတွက် ဘာသာဝင်တွေ အင်မတန်ဝမ်းသာနေကြသလို ပုပ်ရဟန်းမင်းကြီးကိုတေ့ွရဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တရားတွေကို ကြားရနိုင်ဖို့ဆိုတဲ့ မေ ျှာ်လင့်ချက်တွေနဲ့ နယ်စုံက နေ ရန်ကုန်မှာ ရောက်နေကြတာပါ။

ကချင်ပြည်နယ် ဟိုပင်မြို့လာသူ ဂရန်ခွန်းရီက အခုလိုပြောပါတယ်။

“အဓိကတော့ ကျမတို့ ကချင်ပြည်နယ်မှာကတော့ ငြိမ်းချမ်းရေးပေါ့နော် အဲဒါကို အဓိက ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးပေါ့နော် ကျမတို့ ကချင်လူမျိုးတွေ တော်တော်များများလည်း ဒီအတွက်ကောင်းချီးခံစားချင်တာပေါ့။ ဒါကို အဓိကမျှော်လင့်တာပေါ့နော် ဒီကိုလာတယ်ဆိုတာကလည်း ပုပ်ရဟန်းမင်းကြီးဆိုတာက တသက်မှာ တခါ ကျမတို့ ကြုံတောင့်ကြုံခဲအခွင့်အရေးပေါ့ ပုပ်ရဟန်းမင်းကြီးပြောတဲ့ တရားမှာ ပါဝင်ချင်တယ် ကောင်းချီးမင်္ဂလာ ခံယူချင်တယ်။ ပြီးတော့ ကျမတို့ဘာသာမှာဆိုရင် ဘုရားပြီးရင် ပုပ်ရဟန်းမင်းကြီးပေါ့နော် အဲဒီလိုဆိုတော့ ဘာပဲပြောပြော ကျမတို့ ဒါ အသင်းတော်အကြီးအကဲလည်းဖြစ်တယ် ၊ ကျမတို့ ခရစ်ယာန် ဖခင်ဆိုရင်လည်း မမှားဘူးပေ့ါနော် အဲဒါမျိုးဆိုတော့ ်ကောင်းချီးခံယူချင်တာပါ အဓိက။"

ကချင်ပြည်နယ် ဟိုပင်မြို့လာသူ ဂရန်ခွန်းရီဖြစ်ပါတယ်။ ဗန်းမော်မြို့ကလာတဲ့ ကိုလွင်မိုးဦးကလည်း မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေရဲ့ အင်အားကို ပြခွင့်ရတဲ့အတွက်ဂုဏ်ယူတယ်လို့ဆိုပါတယ်။

“သူက ကမ္ဘာ့အသိအမှတ်ပြုခံထားရတဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့လည်း ဒီမြန်မာနိုင်ငံမှာဆိုရင် တသက်မှာ ၁ ခါပဲ လာရောက်တွေ့ဆုံရတဲ့အတွက် ကျနော်တို့အနေနဲ့ အများပြီး ဂုဏ်ယူဝမ်းသာရပါတယ်။ ကျနော်တို့ ပြောမယ်ဆိုရင်တော့ နိုင်ငံရေးလည်း မငြိမ်းမချမ်းဖြစ်နေတဲ့အချိန်မှာ အခုလို လာရောက်ပြီးတော့ အားပေးတယ်၊ အခုလို ကက်သလစ်ဘာသာဝင်တွေဒီလောက်ကြီးရှိတယ် ဒီမှာပေါ့နော်၊ သူ့အတွက် သိုးထိန်းတွေရှိတယ် ဆိုတာကို ခေါ်ပြီးပြတယ်လို့ ကျနော်မြင်တယ်။ အဲဒါကြောင့် အများကြီး ဂုဏ်ယူမိပါတယ်။”

တခါ မြစ်ကြီးနားမြို့ကနေလာခဲ့တဲ့ Sister Say Say Teresa ကလည်း ခရစ်တော်ရဲ့ ကိုယ်စားလှယ် ရောက်လာတဲ့ အတွက် ပျော်ရွှင်ရတယ်လို့ပြောပါတယ်။
“ဝမ်းသာတယ် ဂုဏ်ယူတယ် ။ ဘုရားကိုလည်း ကျေးဇူးတင်တယ်၊ နောက်ပြီး ကျမတို့ ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အဖေကြီးရောက်လာတယ်ဆိုတော့ စိတ်ထဲမှာ ဘုရားသခင်ကိုတွေ့သလိုပဲပေါ့နော်။ သခင် ခရစ်တော်ရဲ့ ကိုယ်စားလှယ်ရောက်လာတယ်ဆိုတော့ ပျော်တယ်၊ ဒါကြောင့် မြစ်ကြီးနားကနေ တကူးတက လာရခြင်း ဖြစ်ပါတယ်။”

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်ညိုညိုကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကနေ ပိုပြီးငြိမ်းချမ်းလာဖို့မေ ျှာ်လင့်နေပါတယ်။

“အဓိကတော့ သူက ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာ အတွက် လာတာကြောင့်မို့ အားလုံး ဘာသာပေါင်းစုံ သဟဇာတဖြစ်ပြီး ဒီမြန်မာပြည်မှာ တိုးတက်ပြီး တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင်နေနိုင်ကြလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ အစ္စလာမ်ဘာသာဝင်သိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားခဲ့ကြပြီး လူသားချင်းစာနာစရာဖြစ်ရပ်ကြီးတခုအဖြစ် နိုင်ငံတကာက ဖော်ပြပြောဆိုနေကြချိန်မှာ ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။ ဒုက္ခရောက်နေသူတွေ။ လူနည်းစုတွေ။ လူ့အသိုင်းအဝိုင်းက ကြဉ်ခံထားသူတွေကို ပုပ်ရဟန်းမင်းကြီး စာနာသနားလေ့ရှိပြီး သူတို့အရေးအတွက် ထုတ်ဖော်ပြောလေ့ရှိပါတယ်။ ရိုဟင်ဂျာလို့ သူတို့ကိုသူတို့ခေါ်ဆိုတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေအတွက် ဆုတောင်းပေးကြဖို့အတွက်လည်း ပုပ်ရဟန်းမင်းကြီး တိုက်တွန်းခဲ့ဖူးပါတယ်။ Peace and Love ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ သတင်းစကားနဲ့အတူ မြန်မာနိုင်ငံကိုရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ သမ္မတဦးထင်ကျော်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ နက်ဖြန်တေ့ွဆုံတဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့လည်း မေ ျှာ်လင့်ရပါတယ်။

ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ခရီးဆက်မယ့် နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တေ့ွဆုံမယ်လို့ မူလအစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးရောက်တာတဲ့ ပထမနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီးနေအိမ်မှာတေ့ွဆုံပါတယ်။ တေ့ွဆုံစဉ် ဘာတွေဆွေးနွေးကြသလဲဆိုတာအသေးစိတ်တော့ လောလောဆယ် မသိရသေးပါဘူး။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အထူးခြားဆုံးကတော့ နိုဝင်ဘာ ၂၉ ရက်နေ့ကျရင် ရန်ကုန်ကျက္ကစံကွင်းမှာ အများပြည်သူနဲ့အတူ ပုပ်ရဟန်းမင်းကြီးဦးဆောင်ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲဖြစ်ပါတယ်။ အဲဒီပွဲကို လူပေါင်း သိန်းနဲ့ချီလာရောက်မယ်လို့ CBCM ကမေ ျှာ်လင့်ထားပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ မြန်မာနိုင်ငံက မပြန်ခင်လည်း St. Mary’s Cathedral မှာ လူငယ်တွေနဲ့တေ့ွဆုံပြီး ဆုတောင်းပွဲလုပ်မှာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို သိမ်ဖြူလမ်း စိန့်မေရီဘုရားကျောင်းမှာ ဒီညနေ သွားရောက်တွေ့ဆုံနှုတ်ဆက်ရာမှာ၊ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေ လုံးဝမရှိပဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားသလို တပ်မတော်တွင်းမှာ အလားတူလိုဖြစ်ပြီး တိုင်းရင်းသားအချင်းအချင်းကြားမှာလည်း ခွဲခြားဆက်ဆံမှုမရှိတဲ့အကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကို ပြောဆိုခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ပုပ်ရဟန်ုးမင်းကြီး မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ကို နောက်ဆုံးရက်ကျမှ လျာထားတာဖြစ်ပေမယ့်၊ အခုလို ရန်ကုန်မှာပဲ အစောဆုံး တွေ့ဖြစ်တဲ့ကိစ္စ ဘာကြောင့်လဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG