သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်၊ ရေဘေးဒဏ်သင့် မြန်မာနဲ့ ကမ္ဘာတလွှား ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း .


ဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၁၈၊ ၂၀၂၄)
ဆုတောင်းပွဲမှာတွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၁၈၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ရေဘေးဒဏ်အပါအဝင် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေအတွက် ဆုတောင်း မေတ္တာ ပို့ပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

“အကျည်းတန်လှတဲ့ စစ်ပွဲဒဏ်တွေ ခံစားနေရတဲ့ မြန်မာနဲ ယူကရိန်းနိုင်ငံတွေမှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ဆုတောင်းကြရေအာင်ပါ။ စစ်ပွဲတွေ အနိုင်ယူနိုင်ရေးအတွက် ဘုရားသခင်က ခွန်အားတွေ ပေးသနားနိုင်ပါစေ” - လို့ ပုပ်ရဟန်းမင်းက အီတလီဘာသာစကားနဲ့ ဆုတောင်းသွားခဲ့တာပါ။

ဥရောပတိုက် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေက ဩစတီးယား၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ချက်သမ္မတနိုင်ငံတို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စအတွက် ဆုတောင်းရင်း မြန်မာနဲ့ ယူကရိန်းနိုင်ငံတို့အတွက်ပါ ပုပ်ရဟန်းမင်းကြီးက St. Peter’s ရင်ပြင်မှာ ဆုတောင်း မေတ္တာပို့ပေးခဲ့တာပါ။

ရေဘေးဒဏ်ကြောင့် ရိုမေးနီးယားမှာ ၇ ယောက်၊ ပိုလန်မှာ ၅ ယောက်၊ ချက်သမ္မတနိုင်ငံမှာ ၃ ယောက်နဲ့ ဩစတီးယားမှာ ၁ ယောက် စုစုပေါင်း ၁၆ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာအပါအဝင် ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းက လူသားတွေအတွက် စိုးရိမ်မကင်းကြောင်းနဲ့ ဒီလူတွေ မေ့မထားကြဖို့ မကြာခဏ မိန့်ကြားလေ့ရှိပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG