သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရံပုံငွေအားနည်းလို့ မြန်မာလူသားစာနာမှုကူညီရေးနှောင့်နှေး” ကုလပြောခွင့်ရသူ


နေပြည်တော်က ရေဘေးသင့်ပြည်သူတွေ ယာယီစခန်းမှာ ခိုလှုံနားနေကြစဥ်။​(စက်တင်ဘာ ၁၅၊ ၂၀၂၄)
နေပြည်တော်က ရေဘေးသင့်ပြည်သူတွေ ယာယီစခန်းမှာ ခိုလှုံနားနေကြစဥ်။​(စက်တင်ဘာ ၁၅၊ ၂၀၂၄)

Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအတော်များများမှာ ရေကြီးရေလျှံနေပြီး ပျက်စီးမှုတွေရှိနေကြောင်းနဲ့ ဒါကြောင့် အစားအစာ၊ ရေ၊ သန့်ရှင်းရေးနဲ့ အခြား အရေးတကြီးလိုအပ်မှုတွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ STÉPHANE DUJARRIC က ပြောပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေအတွက် ရံပုံငွေလိုအပ်ချက်တွေရှိနေတာမို့ ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေ နှောင့်နှေးရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံနေရာအတော်များများမှာ ရေကြီးရေလျှံနေပြီး ပျက်စီးမှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ STÉPHANE DUJARRIC က ပြောပါတယ်။ ဒါကြောင့်အစားအစာ၊ ရေ၊ သန့်ရှင်းရေးနဲ့ အခြား အရေးတကြီးလိုအပ်မှုတွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူက ပြောပါတယ်။ တချိန်တည်းမှာတော့ ရံပုံငွေ လိုအပ်ချက်တွေရှိပြီး ကူညီရေးလုပ်ငန်းတွေနှောင့်နှေးနေရတယ်လို့လည်း ငြီးတွားပါတယ်။ လူသားချင်းစာနာကူညီမှုအစီအစဉ်အတွက် လိုအပ်ချက်လျာထားမှု ဒေါ်လာ ၉၉၄ သန်းမှာ ၂၅ ရာခိုင်နှုန်း ၂၅၂ သန်းပဲ ရရှိထားတာကြောင့် နောက်ထပ် ရံပုံငွေ အရေးတကြီး လိုအပ်နေ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရခဲ့သူ ၁၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူဦးရေ သုံးသိန်းနှစ်သောင်း (၃၂၀,၀၀၀) ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG