သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီး ဂ်ပန္ခရီးစဥ္ အဆုံးသတ္


(Zawgyi/Unicode)

ပုပ္ရဟန္းမင္းႀကီး Francis ရဲ႕ ဒီကေန႔ ဂ်ပန္ႏုိင္ငံ ခရီးစဥ္ အဆုံးသတ္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔ အနာဂတ္တခုကို ဖန္တီးႏုိင္ေအာင္ ႀကိဳးပမ္းၾကဖုိ႔ ကက္လသလစ္ တကၠသုိလ္က ေက်ာင္းသားေတြကုိ တုိက္တြန္းလုိက္ပါတယ္။

ဂ်ပန္ႏုိင္ငံမွာ လူသားဆန္ၿပီး ဂ႐ုဏာနဲ႔ ၾကင္နာမႈေတြရွိတဲ့ လူ႔အသုိင္းအ၀န္းကုိ ဖန္တီးဖုိ႔ ဆႏၵရွိေနတာၾကတယ္လုိ႔ သူ႔အေနနဲ႔ ခံစားမိေၾကာင္းလည္း ဆုိဖီယာတကၠသုိလ္မွာ မိန္႔ၾကားခဲ့တာပါ။

လူမႈအသုိင္းအ၀န္းနဲ႔ ယဥ္ေက်းမႈေတြက ပုိင္းျခားထားတာေတြကုိ တကၠသုိလ္ေတြက ေပါင္းကူးဆက္သြယ္ေပးဖုိ႔လည္း ပုပ္ရဟန္းမင္းႀကီးက တုိက္တြန္းခဲ့ပါတယ္။ အာရွတုိက္ရဲ႕ ယဥ္ေက်းမႈေတြမွာ ပတ္၀န္းက်င္ကုိ ခ်စ္ျမတ္ႏုိးတဲ့ အေလ့အထ ရွိတဲ့အတြက္ ကမာၻေျမႀကီးကုိ ကာကြယ္ေစာင့္ေရွာက္ လုိစိတ္ေတြကုိ ျပသဖုိ႔လည္း မိန္႔ၾကားခဲ့တာပါ။

ကက္သလစ္သာသနာပုိင္ ပုပ္ရဟန္းမင္းႀကီးရဲ႕ အေစာပုိင္း ဂ်ပန္ႏုိင္ငံ ခရီးစဥ္မွာေတာ့ ႏ်ဴကလီးယားလက္နက္ ဆန္႔က်င္ေရး အေလးထားခဲ့ပါတယ္။ သက္ေတာ္ ၈၂ ႏွစ္အရြယ္ အာဂ်င္တီးနားႏုိင္ငံဖြား ပုပ္ရဟန္းမင္းႀကီး Francis ဟာ စေနေန႔မွာပဲ တုိက်ဳိၿမိဳ႕ေတာ္ကုိ ေလေၾကာင္းကေန ေရာက္လာခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဒုတိယကမာၻစစ္ ၿပီးဆုံးကာနီး ၁၉၄၅ ခုႏွစ္မွာ အေမရိကန္က အႏုျမဴဗုံးက်ဲခ်ခဲ့ရာက လူေပါင္း တသိန္းေက်ာ္ ပဲြခ်င္းၿပီး ေသဆုံးခဲ့တဲ့ ဟီ႐ုိရွီမားနဲ႔ နာဂါစကီၿမိဳ႕ေတြကုိ ပုပ္ရဟန္းမင္းႀကီး ခရီးဆက္ခဲ့ပါတယ္။

နာဂါစကီၿမိဳ႕မွာ တနဂၤေႏြေန႔က မိန္႔ၾကားရာမွာေတာ့ ႏုိင္ငံေရး ေခါင္းေဆာင္ေတြ အေနနဲ႔ ႏ်ဴကလီးယား လက္နက္ေတြကုိ စြန္႔လႊတ္ဖုိ႔နဲ႔ လက္နက္အၿပိဳင္ တပ္ဆင္မႈေတြကုိ စြန္႔လႊတ္ၾကဖုိ႔ တုိက္တြန္းခဲ့တာပါ။ ဂ်ပန္ႏုိင္ငံမတုိင္ခင္ ထုိင္းႏုိင္ငံ ခရီးစဥ္မွာေတာ့ ဘာသာေရးယုံၾကည္မႈ ကဲြျပားမႈေတြကုိ သည္းခံဖုိ႔နဲ႔ ၿငိမ္းခ်မ္းေရးကုိ ေရွ႕႐ႈဖုိ႔ အဓိက မိန္႔ၾကားခဲ့ပါတယ္။

အခုတႀကိမ္ အာရွခရီးစဥ္ မတုိင္ခင္ ပုပ္ရဟန္းမင္းႀကီး Francis ဟာ ၂၀၁၄ ခုႏွစ္မွာ ဖိလစ္ပုိင္နဲ႔ သီရိလကၤာႏုိင္ငံ ၂၀၁၇ ခုႏွစ္မွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြကုိလည္း ၾကြေရာက္ခဲ့ဖူးပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဂ်ပန္ခရီးစဥ္ အဆုံးသတ္
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပုပ်ရဟန်းမင်းကြီး ဂျပန်ခရီးစဉ် အဆုံးသတ်

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဒီကနေ့ ဂျပန်နိုင်ငံ ခရီးစဉ် အဆုံးသတ်မှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ အနာဂတ်တခုကို ဖန်တီးနိုင်အောင် ကြိုးပမ်းကြဖို့ ကက်လသလစ် တက္ကသိုလ်က ကျောင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ လူသားဆန်ပြီး ဂရုဏာနဲ့ ကြင်နာမှုတွေရှိတဲ့ လူ့အသိုင်းအဝန်းကို ဖန်တီးဖို့ ဆန္ဒရှိနေတာကြတယ်လို့ သူ့အနေနဲ့ ခံစားမိကြောင်းလည်း ဆိုဖီယာတက္ကသိုလ်မှာ မိန့်ကြားခဲ့တာပါ။

လူမှုအသိုင်းအဝန်းနဲ့ ယဉ်ကျေးမှုတွေက ပိုင်းခြားထားတာတွေကို တက္ကသိုလ်တွေက ပေါင်းကူးဆက်သွယ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။ အာရှတိုက်ရဲ့ ယဉ်ကျေးမှုတွေမှာ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ အလေ့အထ ရှိတဲ့အတွက် ကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက် လိုစိတ်တွေကို ပြသဖို့လည်း မိန့်ကြားခဲ့တာပါ။

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးရဲ့ အစောပိုင်း ဂျပန်နိုင်ငံ ခရီးစဉ်မှာတော့ နျူကလီးယားလက်နက် ဆန့်ကျင်ရေး အလေးထားခဲ့ပါတယ်။ သက်တော် ၈၂ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံဖွား ပုပ်ရဟန်းမင်းကြီး Francis ဟာ စနေနေ့မှာပဲ တိုကျိုမြို့တော်ကို လေကြောင်းကနေ ရောက်လာခဲ့တာပါ။

ဒီနောက်မှာတော့ ဒုတိယကမ္ဘာစစ် ပြီးဆုံးကာနီး ၁၉၄၅ ခုနှစ်မှာ အမေရိကန်က အနုမြူဗုံးကျဲချခဲ့ရာက လူပေါင်း တသိန်းကျော် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဟီရိုရှီမားနဲ့ နာဂါစကီမြို့တွေကို ပုပ်ရဟန်းမင်းကြီး ခရီးဆက်ခဲ့ပါတယ်။

နာဂါစကီမြို့မှာ တနင်္ဂနွေနေ့က မိန့်ကြားရာမှာတော့ နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့နဲ့ လက်နက်အပြိုင် တပ်ဆင်မှုတွေကို စွန့်လွှတ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ ဂျပန်နိုင်ငံမတိုင်ခင် ထိုင်းနိုင်ငံ ခရီးစဉ်မှာတော့ ဘာသာရေးယုံကြည်မှု ကွဲပြားမှုတွေကို သည်းခံဖို့နဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့ အဓိက မိန့်ကြားခဲ့ပါတယ်။

အခုတကြိမ် အာရှခရီးစဉ် မတိုင်ခင် ပုပ်ရဟန်းမင်းကြီး Francis ဟာ ၂၀၁၄ ခုနှစ်မှာ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံ ၂၀၁၇ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း ကြွရောက်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG