(Zawgyi / Unicode)
႐ုိမန္ကက္သလစ္ ခရစ္ယာန္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis က စေနေန႔မွာ ရဟန္းမင္း အမတ္ ၁၃ ပါးကို ထပ္မံခန္႔အပ္ပါတယ္။ ကက္သလစ္ ေက်ာင္းေတာ္ရဲ႕ ရာထူးႀကီးပိုင္း တာဝန္အပ္ႏွင္းခံရတဲ့အထဲမွာ အာဖရိကန္-အေမရိကန္ တဦးလည္း ပထမဆံုးအေနနဲ႔ ပါဝင္လာပါတယ္။
အခုလို ရဟန္းမင္းအမတ္ေတြ ထပ္မံတိုးခ်ဲ႕ ခန္႔ထားမႈဟာဆိုရင္ တခ်ိန္မွာ ပုပ္ရဟန္းမင္းႀကီး Farncis ကို ဆက္ခံမယ့္ ပုပ္ရဟန္္းမင္းႀကီးသစ္ ေရြးခ်ယ္ရမယ့္ အဖြဲ႔တြင္းမွာေတာ့ သက္ေရာက္မႈ ရွိေစပါတယ္။ ရဟန္းမင္းအမတ္သစ္ ခန္႔အပ္ပြဲကုိေတာ့ COVID-19 ကပ္ေဘးေရာဂါေၾကာင့္ အခမ္းအနားကို အက်ဥ္းခ်ဳံးၿပီး က်င္းပခဲ့ပါတယ္။
အရင္က ရဟန္းမင္းတပါးကို ဧည့္သည္ေထာင္နဲ႔ခ်ီ လက္ခံခဲ့ေပမယ့္ အခုေတာ့ စိန္႔ပီတာေက်ာင္းေတာ္မွာ ရဟန္းမင္းအမတ္တပါးကို ဧည့္သည္ ၁၀ ဦးပဲ ခြင့္ျပဳခဲ့ပါတယ္။
အခမ္းအနားမွာေတာ့ ပုပ္ရဟန္းမင္းႀကီးက ရဟန္းမင္းအမတ္ေတြကို အစဥ္အလာ အေဆာင္အေယာင္ေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။ အခု အသစ္ခန္႔အပ္တဲ့ ရဟန္းမင္းအမတ္ ၁၃ ပါးထဲမွာ ၉ ပါးက အသက္ ၈၀ ေအာက္ျဖစ္ၿပီး ကက္သလစ္ေက်ာင္းေတာ္ရဲ႕ စည္းမ်ဥ္းအရ ပုပ္ရဟန္းမင္းႀကီး Francis ေနာက္ပိုင္း ဆက္ခံမယ့္ ပုပ္ရဟန္းမင္းႀကီးသစ္ကို အခ်င္းခ်င္းထဲက ျပန္လည္ လွ်ဳိဝွက္ေရြးခ်ယ္ခြင့္ရွိသူေတြ ျဖစ္ပါတယ္။
------------------------
(Unicode)
ဂိုဏ်းချုပ်ဘုန်းတော်ကြီး ၁၃ ပါး ပုပ်ရဟန်းမင်းကြီးက ခန့်အပ်
ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ ရဟန်းမင်း အမတ် ၁၃ ပါးကို ထပ်မံခန့်အပ်ပါတယ်။ ကက်သလစ် ကျောင်းတော်ရဲ့ ရာထူးကြီးပိုင်း တာဝန်အပ်နှင်းခံရတဲ့အထဲမှာ အာဖရိကန်-အမေရိကန် တဦးလည်း ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။
အခုလို ရဟန်းမင်းအမတ်တွေ ထပ်မံတိုးချဲ့ ခန့်ထားမှုဟာဆိုရင် တချိန်မှာ ပုပ်ရဟန်းမင်းကြီး Farncis ကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ရမယ့် အဖွဲ့တွင်းမှာတော့ သက်ရောက်မှု ရှိစေပါတယ်။ ရဟန်းမင်းအမတ်သစ် ခန့်အပ်ပွဲကိုတော့ COVID-19 ကပ်ဘေးရောဂါကြောင့် အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။
အရင်က ရဟန်းမင်းတပါးကို ဧည့်သည်ထောင်နဲ့ချီ လက်ခံခဲ့ပေမယ့် အခုတော့ စိန့်ပီတာကျောင်းတော်မှာ ရဟန်းမင်းအမတ်တပါးကို ဧည့်သည် ၁၀ ဦးပဲ ခွင့်ပြုခဲ့ပါတယ်။
အခမ်းအနားမှာတော့ ပုပ်ရဟန်းမင်းကြီးက ရဟန်းမင်းအမတ်တွေကို အစဉ်အလာ အဆောင်အယောင်တွေ ချီးမြှင့်ခဲ့ပါတယ်။ အခု အသစ်ခန့်အပ်တဲ့ ရဟန်းမင်းအမတ် ၁၃ ပါးထဲမှာ ၉ ပါးက အသက် ၈၀ အောက်ဖြစ်ပြီး ကက်သလစ်ကျောင်းတော်ရဲ့ စည်းမျဉ်းအရ ပုပ်ရဟန်းမင်းကြီး Francis နောက်ပိုင်း ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီးသစ်ကို အချင်းချင်းထဲက ပြန်လည် လျှိုဝှက်ရွေးချယ်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။