သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုနိုင်ငံဖွား ရွှေ့ပြောင်းသူ ဒေါ်လာသန်းထောင်ကျော်တန် အမေရိကန်ထီဆုပေါက်


Powerball ထီ ဒေါ်လာသန်းတထောင်သုံးရာဆုပေါက်ခဲ့တဲ့ လာအိုနိုင်ငံဖွား အမေရိကန်မှာ ရွေ့ပြောင်းနေထိုင်သူ Charlie Saephan (ဧပြီ ၂၉၊ ၂၀၂၄)
Powerball ထီ ဒေါ်လာသန်းတထောင်သုံးရာဆုပေါက်ခဲ့တဲ့ လာအိုနိုင်ငံဖွား အမေရိကန်မှာ ရွေ့ပြောင်းနေထိုင်သူ Charlie Saephan (ဧပြီ ၂၉၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်သူ တဦးဖြစ်တဲ့ Oregon ပြည်နယ် Portland မြို့က Charlie Saephan ဆိုသူ ပေါက်သွားတဲ့အကြောင်း Oregon ပြည်နယ် ထီအရောင်းဌာနက မနေ့က ကြေညာပါတယ်။

Saephan ဟာ လာအိုနိုင်ငံကနေ ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ၁၉၉၄ ခုနှစ်မှာ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကင်ဆာရောဂါဝေဒနာကို ရှစ်နှစ်ကြာ ခံစားနေရသူလည်း ဖြစ်ပါတယ်။

ဆုကြေးငွေဟာ အမေရိကန် ထီသမိုင်းမှာ အဋ္ဌမမြောက် အများဆုံး ပမာဏဖြစ်ပြီး ထီကို Charlie ရဲ့ ဇနီး Duapen နဲ့ ထီစပ်ထိုးတဲ့ သူ့ သူငယ်ချင်း Laiza တို့ သုံးယောက် ခွဲယူမှာ ဖြစ်ပါတယ်။ Powerball ထီ ဒေါ်လာ သန်းတထောင်သုံးရာ ပေါက်တဲ့အတွက် တလုံးတည်း တခဲတည်း ယူမယ်ဆိုရင် ဒေါ်လာ ခြောက်ရာ့ ရှစ်သန်း ကျော် ရရှိပါလိမ့်မယ်။ တခါတည်း ထုတ်တာမျိုး မယူချင်ရင် ပထမအကြိမ် ပေးငွေနဲ့ ၂၉ နှစ် ဆက်တိုက်ပေးတာကို ယူဖို့ ရွေးချယ်နိုင်ပါတယ်။

ဂဏန်းခြောက်လုံးနဲ့ ပင်မ Powerball ဂဏန်းတလုံးကို တိုက်ရတဲ့ Powerball ထီကို အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် လေးဆယ့်ငါးပြည်နယ်၊ ဝါရှင်တန် ဒီစီ၊ U.S Virgin Islands နဲ့ Puerto Rico တို့မှာ ရောင်းချပါတယ်။ တခါတည်းနဲ့ မပေါက်ရင် ထီလက်မှတ်ရောင်းရငွေပေါ်မူတည်ပြီး ဆုကြေးငွေ ထပ်တိုးသွားတာကြောင့် ပမာဏများသွားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG