သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PPST နဲ့ စစ်ကောင်စီ အပြန်အလှန် ရှုတ်ချ ကန့်ကွက်မှုအပေါ် ခွန်မြင့်ထွန်းအမြင်


ယခင်ဆွေးနွေးပွဲဓါတ်ပုံ
ယခင်ဆွေးနွေးပွဲဓါတ်ပုံ

PPST နဲ့ စစ်ကောင်စီ အပြန်အလှန် ရှုတ်ချ ကန့်ကွက်မှုအပေါ် ခွန်မြင့်ထွန်းအမြင်

{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီက PPST ခေါ် NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကြေညာချက်အပေါ် ထူးထူးခြားခြား ကန့်ကွက်သတိပေးလိုက်ပါတယ်။

PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့သောကြာ နိုဝင်ဘာ ၅ ရက်က ကြေညာချက်ထဲ ပြည်သူ့အိုးအိမ်၊ ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ကွက်ရူတ်ချခဲ့တဲ့အပေါ်၊ စစ်ကောင်စီဘက်က ပြန်ကန့်ကွက်သတိပေးလာတာပါ။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မူညှိုနှိုင်းရေးကော်မတီ အတွင်းရေးမူး ဒုဗိုလ်ချုပ်ကြီး မင်းနောင် လက်မှတ်ထိုးပြီး မနေ့ကထုတ်ပြန်တဲ့ သတိပေးစာအပေါ်၊ PPST ပြောခွင့်ရ ဦးခွန်မြင့်ထွန်းကို ကိုဝင်းမင်းက မေးရာမှာ အခုလိုစရှင်းပြပါတယ်။

ခွန်မြင့်ထွန်း ။.။ ဟုတ်ကဲ့ဒီစာနဲ့ သဘောထားတွေနဲ့ပတ်သက်လို့ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ အနေနဲ့ကတော့ အဲ PPST ရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ကျနော်တို့ကိုတာဝန်ပေးထားပေမယ့်လို့ ဒါ PPST ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့အ စည်းကနေ သဘောထားကိုကျနော်တို့မရသေးပါဘူး။ အဲဒိတော့ PPST ရဲ့တခုလုံးရဲ့သဘောထားကို ကိုယ်စားပြု ပြီးပြောတာမဟုတ်ပေမယ့် ကျနော့် ပုဂ္ဂိုလ်တဦးတည်းရဲ့ အမြင်အပေါ်မှာ အခြေခံပြီးတင်ပြရမယ်ဆိုရင်တော့ ကျနော်တို့ PPST မှာကျန်တဲ့ ဒီချင်းအမျိုးသားတပ်ဦးက ကျနော်တို့ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်တာနဲ့အညီ ထန်တလန်လိုဖြစ်တဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ရင် ကျနော်တို့သိရှိထားမှု ကျနော်တို့မှာလည်း တိကျခိုင်လုံတဲ့ တချို့အထောက်အထားအချက်အလက်တွေလည်း ထိုက်သင့်သလိုတော့ကျနော်တို့မှာလည်းရှိပါတယ်။ ဒီအပေါ်မှာ အခြေပြု ပြီးတော့ရောနောက်တခုကကျနော်တို့ ပတ်ဝန်းကျင်အထောက်အထား အချက်အလက်တွေ အပေါ်မှာရောအခြေခံပြီးတော့ရော ဒီလိုပြောကြားတာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီစာထဲမှာ နောက်ထပ်ထူးခြားမှုရော သတိပြုမိသေးသလားဗျ။

ခွန်ထွန်းမြင့်။ ။ အခုလိုမျိုးမှာ ကျနော်တို့ဒီ NCA လမ်းကြောင်းအတိုင်း သွားဖို့ကျနော်တို့ အခက်အခဲ အများကြီးရှိသွားပြီဖြစ်ပါတယ်။ သို့သော်လည်းဘဲ ကျနော်တို့ကတော့ NCA ရဲ့အနှစ်သာရ တွေကိုကိုင်ထားတယ်၊ အဲဒီ NCA ရဲ့အနှစ်သာရတွေထဲမှာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ NCA ရဲ့အခန်း (၁) အခြေခံမူများထဲမှာပါဝင်တယ်၊ နောက်ပြီးတော့ ကျနော်တို့ ဒီအခန်း ၃ မှာ ပေါနော်၊ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုခိုင်မာရေးထဲမှာ အရပ်သားပြည်သူများကို ကာကွယ်ပေးခြင်းထဲမှာလည်း ကျနော်တို့ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့်သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီအပြင်ကို ဒါ နှစ်ဘက်စစ်သည်တော်များလိုက်နာရမယ့်ကျင့်ဝတ် ဆိုပြီးတော့မှ ကျနော်တို့ ကောရော့ကော့နပ်တွေကိုသဘောတူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျနော်တို့အနေနဲ့ကအခုဒီ ထုတ်ပြန်ကြေငြာချက်မှာထည့်သွင်းထုတ်ပြန်တာကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ် စောင့်ရှောက်ရမယ့်တာဝန်ဟာ တပ်မတော်ဟာရောကျနော်တို့မှာရော နှစ်ဘက်လုံးမှာတာဝန်ရှိပါတယ်။ အဲတော့ နှစ်ဘက်လုံးမှာသဘောတူထားတာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့အခုလိုမျိုး အရင်ထုတ်ပြန်ခဲ့တာမျိုး ရှိခဲ့ဖူးလား၊ သတိပေးတယ်ဆိုတဲ့အဆင့်မျိုးပေါ့ နော်၊

ခွန်မြင့်ထွန်း။ ။ အဲ အဲဒါမျိုးတော့ကျနော်တို့ ဒီအထဲမှာတော့ မတွေ့ဖူးသေးဘူးပေါ့။ ဒါကတော့ ဒီ စစ်ကောင်စီအနေနဲ့ကတော့ သူကလည်း ဒီကိစ္စရပ်ပေါ်မှာ သူ့ရဲ့ငြင်းဆိုမှုအတွက် ခိုင်လုံစေဖို့အတွက် ဒီလိုစကားလုံးတွေသုံးနှုန်းတာဖြစ်မှာတာတွေဖြစ်မှာပေါ့လေ။ စစ်ကောင်စီ ကတော့သူ့ဘက်ကပြောစရာရှိ တာကိုပြောသလိုဘဲ ကျနော်တို့ ဘက်လည်းပြောစရာရှိတာ ကိုကျနော်တို့ပြောရတာဖြစ်ပါတယ်။ အခုထန်တလန် ချင်းပြည်နယ်ထန်တလန် မှာဖြစ်တဲ့ကိစ္စရပ်တွေ၊ ပြီးရင်မကွေးတိုင်းထဲမှာ စစ်ကိုင်းတိုင်းထဲမှာ ကယားပြည်နယ်အပါအဝင် ကရင်နီဒေသတွေမှာ၊ နောက်ပြီးတနိုင်ငံလုံးမှာဖြစ်နေတဲ့ အနေအထားတွေက လည်းဘဲ ကျနော်တို့ဒါ စစ်ကောင်စီတပ်တွေက ဒါပြည်သူလူထုကိုရန်သူလိုသတ်မှတ်ပြီး စစ်ခင်းနေတာ မျိုးတွေလည်းဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က ဒီအပေါ်မှာ အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့်မလို့ ပြည်သူလူထုရဲ့အသက်အိုးအိပ်စည်းစိမ်ကာကွယ်စောင့်ရှောက် ရမယ်ဆိုတဲ့ကျနော်တို့ရဲ့ တာဝန်ရှိမှုအရ NCA မှာ သဘောတူညီထားချက်အရ ကျနော်တို့အခုလို ပြောကြားရခြင်းဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ စစ်ကောင်စီဘက်ကလည်း ဒီ NCA ရဲ့အခန်း ၃ ပုဒ်မ ၅ (စ) လုံးပါအချက်ကို ချိုးဖေါက်နေတယ်ပေါ့နော် ။အဲဒါကြောင့်မို့လို့ တင်ပေးဖို့ဆိုပြီးတော့ ပြောထားတာကိုတွေရပါတယ်။ အဲဒါက ဘာကိုဆိုလိုလည်းမသိဘူး။

ခွန်မြင့်ထွန်း။ ။ အော်အဲဒါကတော့ ကျနော်တို့ ဒီ NCA မှာတဘက်နဲ့တဘက် ပုတ်ခတ်တာတွေ ပေါ့နော်။ မလုပ်ရဘူးဆိုတဲ့ အဲဒိအခြေခံမှာ ရေးထားတာဖြစ်ပါတယ်။ အရင်တုန်းကတော့အခုလို NCA ရဲ့ပုဒ်မတွေကို ထောက်ပြပြီးတော့ကျနော်တို့ PPST ကို စစ်ကောင်စီဘက်ကတော့ ရေးတာမျိုးတော့မရှိသေးပါဘူး အခုကတော့ ပထမဆုံးအကြိမ် သူတို့ရေးသားလားတာဖြစ်ပါတယ်။ စစ်ကောင်စီကလည်းသူ့ဘက်ကတောင်းဆိုချက်ပေါ့နော် အဲဒါအပေါ်အခြေအနေအနေအထားတွေမှာတော့ ကျနော်တို့ဒီဦးဆောင် အလုပ်အဖွဲကနေပြီးတော့ ဒီသဘောထားကို ချမှတ်ဖို့လိုပါတယ်။ အခုကျနော်ကတော့ ကျနော့ရဲ့ တဦးတည်းသဘောထားကိုဘဲ တင်ပြနိုင် သေးတာဖြစ်ပါတယ်။ ဒါကျနော်တို့ဦးဆောင်အဖွဲ့မှာ သဘောထားချမှတ်ပြီးရင်တော့ ကျနော်တို့ဆက်လက်ပြီး တင်ပြပေးပါမယ်။

ကိုဝင်းမင်း။ ။အခုလိုသတိပေးလာတဲ့အပေါ် ဘယ်လောက်အထိဖြစ်လာမှကိုရောစိုးရိမ်မှုရှိပါသလား။

ခွန်မြင့်ထွန်း။ ။ ဒီအပေါ်မှာစိုးရိမ်မှုတွေကတော့ ကျနော်တို့ PPSC မှာမရှိပါဘူး။ ကျနော်တို့ကလည်း ဒီဖြစ်သင့်ဖြစ်ထိုင်တာကို ပြောသင့်ပြောထိုက်တာကို ကျနော်တို့အစည်းအဝေးဆုံးဖြတ်ချက်အရ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြီးမှကျနော်တို့ပြောတာဖြစ်ပါတယ်။ ဒီအပေါ်မှာကတော့ PPST နဲ့စစ်ကောင်စီ အကြားမှာကတော့ ကျနော်တို့အလွတ်သဘောဆွေးနွေးတာတွေလည်းမရှိပါဘူး။ နောက်တခါ ကျနော်တို့ တရားဝင်ဆွေးနွေးတာလည်းမရှိပါဘူ။ အခု NCA မူဘောင် ထဲကကိစ္စတွေ နိုင်ငံရေးတွေမဆေွံးနွေးဘူး၊ ဆွေးနွေးမှုတွေကိုရပ်ဆိုင်းထားတယ်။

ကိုဝင်းမင်။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဦးခွန်မြင့်ထွန်းခင်ဗျ။

.....................................

တိုက်ရိုက် လင့်ခ်


{{Unicode}}














XS
SM
MD
LG