သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ျပႆနာ ကိုင္တြယ္ရာမွာ ႏိုင္ငံေရးအတားအဆီး မရွိေစသင္႔ ( ခြန္ဥကၠာ, PPST)


PPST အြန္လိုင္းအစည္းအေဝး (ဓာတ္ပံု-NCA S-EAO/fb)

{{Zawgyi/Unicode}}

ျမန္မာကိုဗစ္အၾကပ္အတည္းကို၊ စစ္ေကာင္စီ (SAC) အပါအဝင္ သက္ဆိုင္သူအားလံုးအျမန္ဝိုင္းေျဖရွင္းဖို႔၊ NCA အပစ္ရပ္စာခ်ဳပ္အဖြဲ႔ေတြရဲ့ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ (PPST) အေနန႔ဲ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဖိတ္ၾကားေဆြးေႏြးခဲ့ပါတယ္။

ယာယီသမၼတ ဒူဝါလရွီးလနဲ႔ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းတို႔ဦးေဆာင္တဲ့ NUG နဲ႔၊ PPST ပူးတြဲေခါင္းေဆာင္ ႏိုင္ေအာင္မင္းဦးေဆာင္တဲ့အဖြဲ႔တို႔ အစည္းအေဝးကို၊ အင္တာနက္ Zoom နဲ႔တြဲၿပီး၊ တေန႔ အဂၤါေန႔က လုပ္ခဲ့ရာမွာ၊ NUG နဲ႔ ဘယ္လိုတြဲလုပ္ႏိုင္ဖို႔ အဓိက ေဆြးေႏြးခဲ့ပါတယ္။

ဒီလကုန္ေနာက္ဆက္တြဲအစည္းအေဝးမွာ၊ ဒီကိစၥအေပၚ NUG ဘက္က အေၾကာင္းျပန္ဖို႔ရွိတယ္လို႔၊ NCA တႏိုင္ငံလံုးအပစ္ရပ္အဖြဲ႔ေတြရဲ့ PPST အဖြဲ႔ဝင္ ဗိုလ္မူးႀကီး ခြန္ဥကၠာက ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့။ ၿပီးခဲ့တဲ့ စေနမွာပဲ PPST အဖြဲ႔ အေနနဲ႔ ကိုဗစ္ႏိုင္တင္း ထိန္းခ်ဳပ္ေရးေကာ္မီတီဖြဲ႔ခဲ့ၿပီး အခုအစည္းအေဝးျဖစ္လာပုံနဲ႔ အဓိကေဆြးေႏြးခဲ့ခ်က္ကို ဒီေကာ္မီတီအဖြဲ႔ဝင္နဲ႔ ပအို႔အမ်ဳိးသား လြတ္ေျမာက္ေရးအဖြဲ႔ နာယက ဗိုလ္မွဴးႀကီး ခြန္ဥကၠာ က

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ က်ေနာ္ပဲ ဖိတ္စာပို႔တာပါ။ အဓိကေဆြးေႏြးျဖစ္ဖို႔လိုပါတယ္။ အဓိကကေတာ့ အခ်က္တခုတည္းပါ။NUG လုပ္ႏိုင္တဲ့ေနရာမွာ က်ေနာ္တို႔ NUG နဲ႔ လုပ္မယ္။ လက္လွမ္းမမီတဲ့ေနရာမွာ က်ေနာ္တို႔. SAC နဲ႔လုပ္မယ္။ အဲဒါကို အျပန္အလွန္နားလည္မႈေပးဖို႔ ဒါပါပဲ။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ ဘယ္လုိအေၾကာင္းျပန္ခဲ့လဲ။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ မျပန္ဘူးဗ်။ သူတို႔ေနာက္တခ်ိန္းျပန္ခ်ိန္းတယ္။

ကိုဝင္းမင္း ။. ။ ဘယ္ေတာ့ေလာက္ ေတြ႔ဖို႔ရွိမလဲ။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ ဒီလမကုန္ခင္လာမယ္။ ၃ဝ နဲ႔ ၃၁ ေလာက္မွာ ျပန္လာမယ္။ ျမန္ျမန္လုပ္ဖို႔လိုမယ္။ လူေတြက ေနတိုင္းေသေနၾကတာ။

ကိုဝင္းမင္း ။. ။ ဘယ္လိုေမွ်ာ္မွန္းမိလဲ။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ NUG ပါရင္ SAC က လက္မခံဘူးေလ။ ဒါေၾကာင့္ PPST ဆိုရင္ေတာ့ ၂ခုစလုံးက လက္ခံေပါ့ဗ်ာ။ က်ေနာ္တို႔အဖြဲ႔က ၾကားထဲကေနၿပီး လူေတြကို ေဆးထုိးေပးဖို႔လုပ္တယ္။ က်ေနာ္တို႔ေစတနာကေတာ့ ေသေနတဲ့လူေတြကို ကယ္ဖို႔။ NUG လည္း သူေနရာသူေနေပါ့။ SAC လည္း သူေနရာသူေနေပါ့။

ကိုဝင္းမင္း ။. ။ အခုလို လူေတြေသေရးရွင္ေရးႀကဳံေနၾကရတဲ့အေနအထားမွာ ဒီၾကားခံအေနအထားမ်ဳိးေပါ့။ ပူးေပါင္းေဆာင္ရြက္ရာကေန ဘယ္လိုမ်ဳိး စိန္ေခၚခ်က္ေတြ၊ ပူးေပါင္းေဆာင္ရြက္မႈေတြမွန္းထားသလဲ။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ အခြင့္အလန္းေတာ့ မ်ားပါတယ္။ အခြင့္အလန္းေတာ့ ႏိုင္ငံတကာရွိတယ္။ မေန႔ကပဲ က်ေနာ္တို႔ ကုလသမဂၢအထူးကုိယ္စားလွယ္နဲ႔ စကားေျပာတယ္။ Christine Schraner Burgener က က်ေနာ္တို႔နဲ႔ အျပည့္အဝပူးေပါင္းမယ္။ ေနာက္ၿပီးေတာ့ အာဆီယံလည္း က်ေနာ္တို႔နဲ႔ အျပည့္အဝပူးေပါင္းေဆာင္ရြက္မယ္။ အဲဒီေနရာမွာ ႏိုင္ငံေရးအဟန္႔အတားေတြကို ေက်ာ္ဖို႔လိုမယ္။ NUG ကိုပါသြားရင္ SAC က အဟန္႔အတားျဖစ္တယ္။ SAC နဲ႔ စကားေျပာရင္ NUG က အဟန္႔အတားျဖစ္တယ္။ ဒီအဟန္႔အတား ၂ခုကို ေက်ာ္ၿပီးေတာ့ လုပ္မွ လူေတြကို ျမန္ျမန္ဆန္ဆန္ကယ္ဖို႔ အလုပ္ျဖစ္ႏိုင္မယ္လို႔ က်ေနာ္တို႔က ယူဆပါတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့ ဒီအဟန္႔အတားေတြကုိ ေက်ာ္လႊားႏိုင္မယ္ထင္လား။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ ႀကိဳးစားေနပါတယ္။ ဒီၾသဂုတ္လဆန္းေလာက္မွာ အေျဖေပးလို႔ရတယ္။ SAC က NUG နာမည္ပါရင္ဘာမွလက္မခံဘူး။ Cross Border လည္း လက္မခံဘူး။ ထုိင္းက က်ေနာ္တို႔နဲ႔ စကားေျပာတဲ့အခါမွာ ထိုင္းကေတာ့ Cross Border ကို အျပည့္အဝလက္ခံတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဖက္ကို ယိုဖိတ္လာရင္ ထုိင္းလည္းထိမွာကို။ ထုိင္းက Cross Border မွာႏိုင္သေလာက္ ကာကြယ္ေဆးထိုးေပးဖို႔ အားလုံးလက္ခံတယ္။ သို႔ေသာ္ အေရအတြက္မ်ားရင္ေတာ့ က်ေနာ္တို႔က တသန္းေလာက္မွန္းတာကို ။ အေရအတြက္မ်ားရင္ေတာ့ ေနျပည္ေတာ္ က ေခါင္းၿငိမ္းမွ ထိုင္းကလည္း လက္ခံမွာကို ။ အဲဒီမွာ NUG ပါရင္ေတာ့ ေနျပည္ေတာ္ကလည္း လက္ခံမွာမဟုတ္ဘူး။ ထိုင္းကလည္း လက္ခံမွာမဟုတ္ဘူး။ NUG ကိုလည္း နားခ်ဖို႔လိုတယ္။ ေနျပည္ေတာ္ကိုလည္း နားခ်ဖို႔လိုတယ္။ တိုင္းျပည္ကို ကယ္တင္ဖို႔ဆိုတာက က်ေနာ္တို႔တိုင္းျပည္ကယ္တင္ဖို႔က ကုလအထူးကုိယ္စားလွယ္နဲ႔ အႀကိတ္္နယ္ေျပာၿပီး သူပါဝင္မယ္အေၾကာင္းေျပာျပတယ္။

ကိုဝင္းမင္း ။. ။ အဲဒီမွာေကာ လမ္းစရမိလား။ ေက်ာ္လႊားႏိုင္ဖို႔။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ ေက်ာ္လႊားဖို႔မျဖစ္မေနလုပ္ရမွာပါ။ လူေတြလည္း ေနတိုင္းေသေနတာကို ။ ေက်ာ္လႊားရမွာေပါ့။ သို႔ေသာ္လည္းပဲ က်ေနာ္တုိ႔ PPST ျဖစ္ျဖစ္၊ က်ေနာ္တုိ႔ဖြဲ႔ထားတဲ့ ကိုဗစ္အဖြဲ႔ျဖစ္ျဖစ္ေပါ့ဗ်ာ။ ဒါကေတာ့ လူသားဝါဒအရ ကယ္ရမွာေပါ့ဗ်ာ။ ျမန္ျမန္လုပ္ေနတယ္။

ကိုဝင္းမင္း ။. ။ NUG နဲ႔ PPST အၾကားမွာ ကိုဗစ္ကိစၥပထမဆုံးေဆြးေႏြးတာေပါ့ေနာ္။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာ ။. ။ ဒုတိယအၾကိမ္ေတြ႔တာပါ။ ဇူလိုင္ ၃ ရက္က PPST ေတြ႔ခ်င္တယ္ဆိုတာ။ ဘာပဲျဖစ္ျဖစ္ EAO Ethnics Arm Org ေတြက NCA ထိုးတာ မထိုးတာနဲ႔ မပတ္သက္ပဲနဲ႔ အတူတူေပါင္းလုပ္ဖို႔ တိုင္းျပည္ကို အတူတူဝိုင္းတည္ေဆာက္ဖို႔ စဥ္းစားေနပါတယ္။

ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္ခင္ဗ်။

................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုဗစ်ပြဿနာ ကိုင်တွယ်ရာမှာ နိုင်ငံရေးအတားအဆီး မရှိစေသင့် ( ခွန်ဥက္ကာ, PPST)

မြန်မာကိုဗစ်အကြပ်အတည်းကို၊ စစ်ကောင်စီ (SAC) အပါအဝင် သက်ဆိုင်သူအားလုံးအမြန်ဝိုင်းဖြေရှင်းဖို့၊ NCA အပစ်ရပ်စာချုပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေနဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ဦးဆောင်တဲ့ NUG နဲ့၊ PPST ပူးတွဲခေါင်းဆောင် နိုင်အောင်မင်းဦးဆောင်တဲ့အဖွဲ့တို့ အစည်းအဝေးကို၊ အင်တာနက် Zoom နဲ့တွဲပြီး၊ တနေ့ အင်္ဂါနေ့က လုပ်ခဲ့ရာမှာ၊ NUG နဲ့ ဘယ်လိုတွဲလုပ်နိုင်ဖို့ အဓိက ဆွေးနွေးခဲ့ပါတယ်။

ဒီလကုန်နောက်ဆက်တွဲအစည်းအဝေးမှာ၊ ဒီကိစ္စအပေါ် NUG ဘက်က အကြောင်းပြန်ဖို့ရှိတယ်လို့၊ NCA တနိုင်ငံလုံးအပစ်ရပ်အဖွဲ့တွေရဲ့ PPST အဖွဲ့ဝင် ဗိုလ်မူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။ကိုဝင်းမင်းက မေးထားပါတယ်။

.........................................

{{Unicode}}

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့။ ပြီးခဲ့တဲ့ စနေမှာပဲ PPST အဖွဲ့ အနေနဲ့ ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးကော်မီတီဖွဲ့ခဲ့ပြီး အခုအစည်းအဝေးဖြစ်လာပုံနဲ့ အဓိကဆွေးနွေးခဲ့ချက်ကို ဒီကော်မီတီအဖွဲ့ဝင်နဲ့ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ ကျနော်ပဲ ဖိတ်စာပို့တာပါ။ အဓိကဆွေးနွေးဖြစ်ဖို့လိုပါတယ်။ အဓိကကတော့ အချက်တခုတည်းပါ။ NUG လုပ်နိုင်တဲ့နေရာမှာ ကျနော်တို့ NUG နဲ့ လုပ်မယ်။ လက်လှမ်းမမီတဲ့နေရာမှာ ကျနော်တို့. SAC နဲ့လုပ်မယ်။ အဲဒါကို အပြန်အလှန်နားလည်မှုပေးဖို့ ဒါပါပဲ။

ကိုဝင်းမင်း ။. ။ အဲဒီတော့ ဘယ်လိုအကြောင်းပြန်ခဲ့လဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ မပြန်ဘူးဗျ။ သူတို့နောက်တချိန်းပြန်ချိန်းတယ်။

ကိုဝင်းမင်း ။. ။ ဘယ်တော့လောက် တွေ့ဖို့ရှိမလဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ ဒီလမကုန်ခင်လာမယ်။ ၃ဝ နဲ့ ၃၁ လောက်မှာ ပြန်လာမယ်။ မြန်မြန်လုပ်ဖို့လိုမယ်။ လူတွေက နေတိုင်းသေနေကြတာ။

ကိုဝင်းမင်း ။. ။ ဘယ်လိုမျှော်မှန်းမိလဲ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ NUG ပါရင် SAC က လက်မခံဘူးလေ။ ဒါကြောင့် PPST ဆိုရင်တော့ ၂ခုစလုံးက လက်ခံပေါ့ဗျာ။ ကျနော်တို့အဖွဲ့က ကြားထဲကနေပြီး လူတွေကို ဆေးထိုးပေးဖို့လုပ်တယ်။ ကျနော်တို့စေတနာကတော့ သေနေတဲ့လူတွေကို ကယ်ဖို့။ NUG လည်း သူနေရာသူနေပေါ့။ SAC လည်း သူနေရာသူနေပေါ့။

ကိုဝင်းမင်း ။. ။ အခုလို လူတွေသေရေးရှင်ရေးကြုံနေကြရတဲ့အနေအထားမှာ ဒီကြားခံအနေအထားမျိုးပေါ့။ ပူးပေါင်းဆောင်ရွက်ရာကနေ ဘယ်လိုမျိုး စိန်ခေါ်ချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေမှန်းထားသလဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ အခွင့်အလန်းတော့ များပါတယ်။ အခွင့်အလန်းတော့ နိုင်ငံတကာရှိတယ်။ မနေ့ကပဲ ကျနော်တို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ စကားပြောတယ်။ Christine Schraner Burgener က ကျနော်တို့နဲ့ အပြည့်အဝပူးပေါင်းမယ်။ နောက်ပြီးတော့ အာဆီယံလည်း ကျနော်တို့နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်။ အဲဒီနေရာမှာ နိုင်ငံရေးအဟန့်အတားတွေကို ကျော်ဖို့လိုမယ်။ NUG ကိုပါသွားရင် SAC က အဟန့်အတားဖြစ်တယ်။ SAC နဲ့ စကားပြောရင် NUG က အဟန့်အတားဖြစ်တယ်။ ဒီအဟန့်အတား ၂ခုကို ကျော်ပြီးတော့ လုပ်မှ လူတွေကို မြန်မြန်ဆန်ဆန်ကယ်ဖို့ အလုပ်ဖြစ်နိုင်မယ်လို့ ကျနော်တို့က ယူဆပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ဒီအဟန့်အတားတွေကို ကျော်လွှားနိုင်မယ်ထင်လား။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ ကြိုးစားနေပါတယ်။ ဒီသြဂုတ်လဆန်းလောက်မှာ အဖြေပေးလို့ရတယ်။ SAC က NUG နာမည်ပါရင်ဘာမှလက်မခံဘူး။ Cross Border လည်း လက်မခံဘူး။ ထိုင်းက ကျနော်တို့နဲ့ စကားပြောတဲ့အခါမှာ ထိုင်းကတော့ Cross Border ကို အပြည့်အဝလက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖက်ကို ယိုဖိတ်လာရင် ထိုင်းလည်းထိမှာကို။ ထိုင်းက Cross Border မှာနိုင်သလောက် ကာကွယ်ဆေးထိုးပေးဖို့ အားလုံးလက်ခံတယ်။ သို့သော် အရေအတွက်များရင်တော့ ကျနော်တို့က တသန်းလောက်မှန်းတာကို ။ အရေအတွက်များရင်တော့ နေပြည်တော် က ခေါင်းငြိမ်းမှ ထိုင်းကလည်း လက်ခံမှာကို ။ အဲဒီမှာ NUG ပါရင်တော့ နေပြည်တော်ကလည်း လက်ခံမှာမဟုတ်ဘူး။ ထိုင်းကလည်း လက်ခံမှာမဟုတ်ဘူး။ NUG ကိုလည်း နားချဖို့လိုတယ်။ နေပြည်တော်ကိုလည်း နားချဖို့လိုတယ်။ တိုင်းပြည်ကို ကယ်တင်ဖို့ဆိုတာက ကျနော်တို့တိုင်းပြည်ကယ်တင်ဖို့က ကုလအထူးကိုယ်စားလှယ်နဲ့ အကြိတ်နယ်ပြောပြီး သူပါဝင်မယ်အကြောင်းပြောပြတယ်။

ကိုဝင်းမင်း ။. ။ အဲဒီမှာကော လမ်းစရမိလား။ ကျော်လွှားနိုင်ဖို့။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ ကျော်လွှားဖို့မဖြစ်မနေလုပ်ရမှာပါ။ လူတွေလည်း နေတိုင်းသေနေတာကို ။ ကျော်လွှားရမှာပေါ့။ သို့သော်လည်းပဲ ကျနော်တို့ PPST ဖြစ်ဖြစ်၊ ကျနော်တို့ဖွဲ့ထားတဲ့ ကိုဗစ်အဖွဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ ဒါကတော့ လူသားဝါဒအရ ကယ်ရမှာပေါ့ဗျာ။ မြန်မြန်လုပ်နေတယ်။

ကိုဝင်းမင်း ။. ။ NUG နဲ့ PPST အကြားမှာ ကိုဗစ်ကိစ္စပထမဆုံးဆွေးနွေးတာပေါ့နော်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ။. ။ ဒုတိယအကြိမ်တွေ့တာပါ။ ဇူလိုင် ၃ ရက်က PPST တွေ့ချင်တယ်ဆိုတာ။ ဘာပဲဖြစ်ဖြစ် EAO Ethnics Arm Org တွေက NCA ထိုးတာ မထိုးတာနဲ့ မပတ်သက်ပဲနဲ့ အတူတူပေါင်းလုပ်ဖို့ တိုင်းပြည်ကို အတူတူဝိုင်းတည်ဆောက်ဖို့ စဉ်းစားနေပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ။


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG