သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ ပယ္ဖ်က္မႈအေပၚ ႏိုင္ငံတကာသုေတသီတခ်ိဳ႕အျမင္


ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအလံ လႊင့္ထူေနသည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD ေခါင္းေဆာင္မ်ား။ စက္တင္ဘာ ၈၊ ၂၀၂၀

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ကတည္းက ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ဟာ ပ်က္ျပယ္သြားၿပီလို႔ ယူဆလို႔ ရႏိုင္တဲ့အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေၾကညာခ်က္ဟာ အံ့အားသင့္စရာမရွိဘူးလို႔ ျမန္မာ့အေရး ေလ့လာေစာင့္ၾကည့္ေနတဲ့ ႏိုင္ငံတကာသုေတသီေတြက သုံးသပ္ပါတယ္။ မဲစာရင္းမသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၂၀၂၀ ႏိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္လိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ ခန႔္အပ္တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က မေန႔ ဇူလိုင္လ ၂၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တဲ့အေပၚ အခုလို တုန႔္ျပန္ ေျပာဆိုၾကတာ ျဖစ္ပါတယ္။ ဗြီအိုေအ အယ္ဒီတာ Steve Miller က ဝါရွင္တန္အေျခစိုက္ သုေတသီ ႏွစ္ဦးနဲ႔ ဆက္သြယ္ ေမးျမန္းထားတာကို ကိုေဇာ္ဝင္းလႈိင္က တင္ျပထားပါတယ္။
ျမန္မာႏိုင္ငံရဲ႕တည္ဆဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒပုဒ္မေတြနဲ႔အညီ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္မွာ က်င္းပခဲ့တဲ့ မဲစာရင္းေတြကို စစ္ေဆးခဲ့တာမွာ မဲမသမာမႈ ၁၁ သန္းေက်ာ္ ေတြ႕ရွိခဲ့ရသလို အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာလည္း တရားဝင္အပ္ႏွံထားတဲ့ လုပ္ပိုင္ခြင့္ေတြကို အလြဲသုံးစားျပဳၿပီး ဥပေဒ၊ နည္းဥပေဒေတြကို ေက်ာ္လြန္ ေဖာက္ဖ်က္ ေဆာင္႐ြက္ခဲ့တာကို ေတြ႕ရွိရတဲ့အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္လိုက္ေၾကာင္း စစ္ေကာင္စီက ခန႔္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက လက္မွတ္ထိုးၿပီး မေန႔ ဇူလိုင္လ ၂၆ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။
ဒါနဲ႔ပတ္သက္လို႔ ဝါရွင္တန္အေျခစိုက္ အေရွ႕ေတာင္အာရွဆိုင္ရာ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာနက သုေတသီ Greg Poling နဲ႔ အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္ August တကၠသိုလ္က ႏိုင္ငံေရးသိပၸံ ပါေမာကၡလည္းျဖစ္၊ အာရွေဒသဆိုင္ရာ ကြၽမ္းက်င္သူလည္းျဖစ္တဲ့ Andrew Goss တို႔ကို ဗြီအိုေအ သတင္းဌာနက ႏိုင္ငံတကာေရးရာအယ္ဒီတာ Steve Miller က ဆက္သြယ္ ေမးျမန္းထားတာပါ။
ဝါရွင္တန္အေျခစိုက္ အေရွ႕ေတာင္အာရွဆိုင္ရာ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာနက သုေတသီ Greg Poling က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ရဲ႕ ေၾကညာခ်က္ဟာ အံ့အားသင့္စရာ မရွိဘူးလို႔ ဦးစြာ စေျပာပါတယ္။
“ဒီေၾကညာခ်က္ဟာ အံ့အားသင့္စရာမေကာင္းသလို ဘယ္သူမွ မယုံၾကည္တဲ့အေၾကာင္းအရာတခုကို ထပ္ေလာင္း ေျပာဆိုေနျခင္းသာ ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက မ႐ိုးသားတဲ့နည္းနဲ႔ အႏိုင္ရေအာင္ လုပ္ခဲ့တယ္ဆိုတာကို ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းလိုက္ကတည္းက ေျပာထားၿပီးသားျဖစ္ပါတယ္။ အဲဒီတုန္းကလည္း ဘယ္သူမွ မယုံခဲ့သလို သန္း ၅၀ ေလာက္ရွိတဲ့ တိုင္းျပည္ထဲမွာ မဲမသမာမႈ ၁၁ သန္းေတြ႕ခဲ့တယ္လို႔ သူတို႔ရဲ႕ အခုေျပာဆိုမႈကိုလည္း ဘယ္သူမွ ယုံမွာမဟုတ္ပါဘူး။”
ျမန္မာႏိုင္ငံဟာ စစ္တပ္က ရာႏႈန္းျပည့္အုပ္ခ်ဳပ္တဲ့ တိုင္းျပည္အျဖစ္နဲ႔ တည္ရွိသြားမလား၊ ဒါမွမဟုတ္ အနာဂတ္မွာ ၿပိဳက် ပ်က္ဆီးသြားတဲ့ တိုင္းျပည္တခုျဖစ္သြားမလားလို႔ ေမးတာမွာေတာ့ Greg Poling ကဘဲ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ စစ္တပ္အေနနဲ႔ ထိေရာက္စြာ အုပ္ခ်ဳပ္ႏိုင္တဲ့အေျခအေနမရွိေၾကာင္း၊ စစ္တပ္ဟာ အထိန္းအကြပ္မရွိတဲ့ တိုင္းျပည္အတြင္းက ေနရာေဒသတခ်ိဳ႕မွာ ဘယ္သူမွ မႏွစ္သက္တဲ့ အဓမၼအုပ္စိုးသူသဖြယ္ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။
ေဒသတြင္း အာဆီယံအဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံအေပၚ လက္ရွိ ရပ္တည္ခ်က္နဲ႔ပတ္သက္လို႔ ေမးတဲ့အခါမွာေတာ့ Greg Poling က အခုလို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။
“အာဆီယံအဖြဲ႕ဟာ အာဏာသိမ္းစစ္အုပ္စုကို အျပည့္အ၀ ေထာက္ခံျခင္းမရွိသလို စစ္တပ္နဲ႔ မျဖစ္မေန ဆက္ဆံဖို႔လိုအပ္တယ္ဆိုတဲ့ အယူအဆေၾကာင့္ ေျပာင္ကန႔္ကြက္တာလည္း မလုပ္တဲ့အတြက္ သူတို႔ဟာ ေဘးက်ပ္နံက်ပ္ အေနအထားမွာ ရွိေနပါတယ္။ အာဆီယံက အတိုက္အခံအင္အားစုကို မေထာက္ခံတဲ့အတြက္ အေမရိကန္နဲ႔ ဥေရာပသမဂၢႏိုင္ငံေတြက NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ေထာက္ခံမႈ ပိုေပးဖို႔ ျဖစ္လာႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တိုင္းျပည္ကို ဘယ္သူကမွ ထိေရာက္စြာ မအုပ္ခ်ဳပ္ႏိုင္တဲ့အတြက္ NUG ကို ေထာက္ခံတာဟာ သူပုန္အဖြဲ႕ကို ေထာက္ခံတာမဟုတ္ဘူးလို႔ အေမရိကန္နဲ႔ အီးယူဘက္က ေျပာလို႔ ရႏိုင္လို႔ပါ။”
အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္ August တကၠသိုလ္က ႏိုင္ငံေရးသိပၸံ ပါေမာကၡလည္းျဖစ္၊ အာရွေဒသဆိုင္ရာ ကြၽမ္းက်င္သူလည္းျဖစ္တဲ့ Andrew Goss ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အသိအမွတ္ျပဳထားၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။
“၂၀၂၀ ေ႐ြးေကာက္ပြဲအတြင္း ေလ့လာေစာင့္ၾကည့္ခဲ့ၾကတဲ့ (အေမရိကန္အေျခစိုက္) ကာတာအဖြဲ႕ အပါအဝင္ ႏိုင္ငံတကာက ေလ့လာသူေတြအားလုံးက ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈရွိတယ္၊ မဲ႐ုံဝန္ထမ္းေတြနဲ႔ ေ႐ြးေကာက္ပြဲ အရာရွိေတြဟာလည္း သမာသမတ္က်က် လုပ္ခဲ့ၾကတယ္ဆိုတာ ေတြ႕ရတယ္ဆိုတာကို ေျပာထားၿပီးသားပါ။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္ကတည္းက ေ႐ြးေကာက္ပြဲရလဒ္ဟာ ပ်က္ျပယ္သြားၿပီးသား ျဖစ္ပါတယ္။”
လက္ရွိအေနအထားရ ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကို စစ္တပ္ဘက္က စိတ္ဝင္စားမႈ မျပတဲ့အတြက္ NUG အေနနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြအားလုံး သူတို႔နဲ႔ ပူးေပါင္း ပါဝင္လာေအာင္ စည္း႐ုံးႏိုင္ေရးက အေရးႀကီးတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို အဆုံးအျဖတ္ေပးဖို႔ လာမယ့္ ၆ လက အေရးႀကီးတယ္လို႔ သုံးသပ္ ေျပာဆိုၾကပါတယ္။
ေ႐ြးေကာက္ပြဲမသာမာမႈကိုအေၾကာင္းျပၿပီး ျမန္မာစစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းယူခဲ့ၿပီး တႏွစ္အတြင္း ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲ က်င္းပေပးမယ္လို႔ ေၾကညာထားပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲေတြ က်င္းပႏိုင္ဖို႔ ႏွစ္ႏွစ္အထိ ၾကာသြားႏိုင္တယ္လို႔ ေျပာထားပါတယ္။

....................

(Unicode)

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်မှုအပေါ် နိုင်ငံတကာသုတေသီတချို့အမြင်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့ ယူဆလို့ ရနိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ဟာ အံ့အားသင့်စရာမရှိဘူးလို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာသုတေသီတွေက သုံးသပ်ပါတယ်။ မဲစာရင်းမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့အပေါ် အခုလို တုန့်ပြန် ပြောဆိုကြတာ ဖြစ်ပါတယ်။ ဗွီအိုအေ အယ်ဒီတာ Steve Miller က ဝါရှင်တန်အခြေစိုက် သုတေသီ နှစ်ဦးနဲ့ ဆက်သွယ် မေးမြန်းထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့တည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မတွေနဲ့အညီ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကျင်းပခဲ့တဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့တာမှာ မဲမသမာမှု ၁၁ သန်းကျော် တွေ့ရှိခဲ့ရသလို အရင် ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း တရားဝင်အပ်နှံထားတဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားပြုပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန် ဖောက်ဖျက် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက လက်မှတ်ထိုးပြီး မနေ့ ဇူလိုင်လ ၂၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဝါရှင်တန်အခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက သုတေသီ Greg Poling နဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် August တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခလည်းဖြစ်၊ အာရှဒေသဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ Andrew Goss တို့ကို ဗွီအိုအေ သတင်းဌာနက နိုင်ငံတကာရေးရာအယ်ဒီတာ Steve Miller က ဆက်သွယ် မေးမြန်းထားတာပါ။
ဝါရှင်တန်အခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက သုတေသီ Greg Poling က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ကြေညာချက်ဟာ အံ့အားသင့်စရာ မရှိဘူးလို့ ဦးစွာ စပြောပါတယ်။
“ဒီကြေညာချက်ဟာ အံ့အားသင့်စရာမကောင်းသလို ဘယ်သူမှ မယုံကြည်တဲ့အကြောင်းအရာတခုကို ထပ်လောင်း ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီက မရိုးသားတဲ့နည်းနဲ့ အနိုင်ရအောင် လုပ်ခဲ့တယ်ဆိုတာကို ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ပြောထားပြီးသားဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဘယ်သူမှ မယုံခဲ့သလို သန်း ၅၀ လောက်ရှိတဲ့ တိုင်းပြည်ထဲမှာ မဲမသမာမှု ၁၁ သန်းတွေ့ခဲ့တယ်လို့ သူတို့ရဲ့ အခုပြောဆိုမှုကိုလည်း ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။”
မြန်မာနိုင်ငံဟာ စစ်တပ်က ရာနှုန်းပြည့်အုပ်ချုပ်တဲ့ တိုင်းပြည်အဖြစ်နဲ့ တည်ရှိသွားမလား၊ ဒါမှမဟုတ် အနာဂတ်မှာ ပြိုကျ ပျက်ဆီးသွားတဲ့ တိုင်းပြည်တခုဖြစ်သွားမလားလို့ မေးတာမှာတော့ Greg Poling ကဘဲ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်တပ်အနေနဲ့ ထိရောက်စွာ အုပ်ချုပ်နိုင်တဲ့အခြေအနေမရှိကြောင်း၊ စစ်တပ်ဟာ အထိန်းအကွပ်မရှိတဲ့ တိုင်းပြည်အတွင်းက နေရာဒေသတချို့မှာ ဘယ်သူမှ မနှစ်သက်တဲ့ အဓမ္မအုပ်စိုးသူသဖွယ် ဖြစ်နေတယ်လို့ ပြောပါတယ်။
ဒေသတွင်း အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ရပ်တည်ချက်နဲ့ပတ်သက်လို့ မေးတဲ့အခါမှာတော့ Greg Poling က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“အာဆီယံအဖွဲ့ဟာ အာဏာသိမ်းစစ်အုပ်စုကို အပြည့်အ၀ ထောက်ခံခြင်းမရှိသလို စစ်တပ်နဲ့ မဖြစ်မနေ ဆက်ဆံဖို့လိုအပ်တယ်ဆိုတဲ့ အယူအဆကြောင့် ပြောင်ကန့်ကွက်တာလည်း မလုပ်တဲ့အတွက် သူတို့ဟာ ဘေးကျပ်နံကျပ် အနေအထားမှာ ရှိနေပါတယ်။ အာဆီယံက အတိုက်အခံအင်အားစုကို မထောက်ခံတဲ့အတွက် အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံမှု ပိုပေးဖို့ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ကို ဘယ်သူကမှ ထိရောက်စွာ မအုပ်ချုပ်နိုင်တဲ့အတွက် NUG ကို ထောက်ခံတာဟာ သူပုန်အဖွဲ့ကို ထောက်ခံတာမဟုတ်ဘူးလို့ အမေရိကန်နဲ့ အီးယူဘက်က ပြောလို့ ရနိုင်လို့ပါ။”
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် August တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခလည်းဖြစ်၊ အာရှဒေသဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ Andrew Goss ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ်ပြုထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲအတွင်း လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ (အမေရိကန်အခြေစိုက်) ကာတာအဖွဲ့ အပါအဝင် နိုင်ငံတကာက လေ့လာသူတွေအားလုံးက ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ်၊ မဲရုံဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲ အရာရှိတွေဟာလည်း သမာသမတ်ကျကျ လုပ်ခဲ့ကြတယ်ဆိုတာ တွေ့ရတယ်ဆိုတာကို ပြောထားပြီးသားပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ကတည်းက ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီးသား ဖြစ်ပါတယ်။”
လက်ရှိအနေအထားရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို စစ်တပ်ဘက်က စိတ်ဝင်စားမှု မပြတဲ့အတွက် NUG အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး သူတို့နဲ့ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးနိုင်ရေးက အရေးကြီးတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို အဆုံးအဖြတ်ပေးဖို့ လာမယ့် ၆ လက အရေးကြီးတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။
ရွေးကောက်ပွဲမသာမာမှုကိုအကြောင်းပြပြီး မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး တနှစ်အတွင်း နောက်တကြိမ် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ နှစ်နှစ်အထိ ကြာသွားနိုင်တယ်လို့ ပြောထားပါတယ်။

Myanmar UEC reaction
please wait

No media source currently available

0:00 0:04:49 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG