သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာစီတီး ပရီမီယာလိဂ်ဖလား ၂ နှစ် ဆက်တိုက်ဗိုလ်စွဲ


မန်ချက်စတာစီတီး ပရီမီယာလိဂ်ဖလား ၂ နှစ် ဆက်တိုက်ဗိုလ်စွဲ
မန်ချက်စတာစီတီး ပရီမီယာလိဂ်ဖလား ၂ နှစ် ဆက်တိုက်ဗိုလ်စွဲ

အင်္ဂလန်ပရီမီယာလိဂ် အမှတ်ပေးဘောလုံးပွဲမှာတော့ မန်ချက်စတာစီးတီးအသင်းက အနိုင်ရပြီး ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်သွားပါတယ်။

၂၀၁၈-၁၉ အမှတ်ပေး ဘောလုံးရာသီရဲ့ချန်ပီယံ ဘယ်သူဖြစ်မယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲစဉ်ကို တနင်္ဂနွေနေ့က ကစား ကြရာမှာ ဇယားထိပ်က မန်ချက်စတာစီးတီးက ဘရိုက်တန်ကို ၄ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး ပရီမီယာလိဂ် ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ ပွဲစဉ်အတွင်း မန်စီးတီးက ဘရိုက်တန်ကို နိုင်သလို ၊ လီဗာပူးလ်ကလည်း ဝုလ်ဖ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တာကြောင့် နောက်ဆုံးမှာ မန်စီးတီး ၉၈ မှတ်ရပြီး လီဗာပူးလ်ထက် ၁ မှတ် အသာနဲ့ ချန်ပီယံ ဖြစ်သွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မနေ့ကပွဲစဉ်မှာ လီဗာပူးလ်နဲ့ ဝုလ်ဖ် ပွဲမှာတော့ လီဗာပူးလ်က ဂိုးအရင်သွင်းခဲ့ပြီး ၊ တဖက်က ဘရိုက်တန်နဲ့ မန်စီးတီး ပွဲမှာလည်း ဘရိုက်တန်က မန်စီးတီးကို ဂိုးအရင် သွင်းခဲ့တာကြောင့် လီဗာပူးလ်အတွက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ မန်စီးတီး ဘက်က အာဂွေးရိုးက ချက်ချင်းပဲ ချေပဂိုးပြန်သွင်းခဲ့ပြီး၊ နောက်ပိုင်းမှာလည်း Laporte, Mahrez နဲ့ Gundogan တို့က ၁ ဂိုးစီ သွင်းပေးခဲ့လို့ မန်စီးတီးအသင်းက ချန်ပီယံဖြစ်ပြီး ပရီမီယာလိဂ်ဖလားကို ၂ နှစ် ဆက်တိုက်ရသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ နည်းပြ ဂွါဒီယိုလာအတွက်လည်း ပရီမီယာလိဂ် ဖလားကို ဒုတိယအကြိမ် ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အမှတ်ပေးပွဲ ၃၈ ပွဲမှာ ၃၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲရှုံး စုစုပေါင်း ရမှတ် ၉၈ မှတ်နဲ့ ချန်ပီယံ ဖြစ်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG