(Zawgyi / Unicode)
ပရီးမီးယားလိဂ္ ေဘာလုံးပဲြေတြကို ျပန္စႏုိင္ဖို႔အတြက္ အသင္းေတြနဲ႔ ပရီးမီးယားလိဂ္ တာ၀န္ရွိသူေတြ ေသာၾကာေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။
အသင္းေတြအကုန္လုံးကေတာ့ အခုႏွစ္ ေဘာလုံးရာသီ ၿပီးဆုံးေအာင္ ကစားဖို႔ သေဘာတူထားၾကေပမယ့္ ၿဗိတိန္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အစိုးရက လူေတြကို အျပင္မထြက္ဖို႔ အမိန္႔ဆက္ၿပီး ထုတ္ထားတဲ့အတြက္ ဘယ္ေတာ့ျပန္စႏုိင္မယ္ ဆုိတာကို မဆုံးျဖတ္ႏုိင္ေသးဘဲ ပဲြေတြျပန္စဖို႔ ျဖစ္ႏုိင္ေခ် နည္းလမ္းေတြကိုပဲ ေဆြးေႏြးခဲ့ၾကပါတယ္။
အေမရိကန္က နာမည္ႀကီး NBA ဘတ္စ္ကက္ေဘာ ၿပိဳင္ပဲြေတြကို ျပန္စႏုိင္ဖို႔ အတြက္ကေတာ့ အခ်ိန္သတ္မွတ္ထားတာ မရွိဘူူးလို႔ NBA အမ်ိဳးသားဘတ္စ္ကက္ေဘာ အဖဲြ႔ခ်ဳပ္က ေျပာပါတယ္။
ၿပိဳင္ပဲြေတြကို ျပန္စႏုိင္ဖို႔နဲ႔ ဘယ္ေတာ့ေနာက္ဆုံးထားၿပီး ျပန္စမလဲဆုိတာ ဆုံးျဖတ္သြားဖို႔လည္း မနီးစပ္ေသးဘူးလို႔ NBA အႀကီးအကဲက ေျပာပါတယ္။
မတ္လ ၁၁ ရက္ေန႔မွာ Utah Jazz အသင္းက ကစားသမားတဦးျဖစ္သူ Rudy Gobert မွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရတာ ေတြ႔ရွိၿပီးကတည္းက NBA ပဲြစဥ္ေတြကို ရပ္နားထားတာပါ။
----------------------------------
(Unicode)
ပရီးမီးယားလိဂ်ပွဲတွေ ပြန်စနိုင်ဖို့ ဆွေးနွေး
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ပြန်စနိုင်ဖို့အတွက် အသင်းတွေနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အသင်းတွေအကုန်လုံးကတော့ အခုနှစ် ဘောလုံးရာသီ ပြီးဆုံးအောင် ကစားဖို့ သဘောတူထားကြပေမယ့် ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အစိုးရက လူတွေကို အပြင်မထွက်ဖို့ အမိန့်ဆက်ပြီး ထုတ်ထားတဲ့အတွက် ဘယ်တော့ပြန်စနိုင်မယ် ဆိုတာကို မဆုံးဖြတ်နိုင်သေးဘဲ ပွဲတွေပြန်စဖို့ ဖြစ်နိုင်ချေ နည်းလမ်းတွေကိုပဲ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်က နာမည်ကြီး NBA ဘတ်စ်ကက်ဘော ပြိုင်ပွဲတွေကို ပြန်စနိုင်ဖို့ အတွက်ကတော့ အချိန်သတ်မှတ်ထားတာ မရှိဘူူးလို့ NBA အမျိုးသားဘတ်စ်ကက်ဘော အဖွဲ့ချုပ်က ပြောပါတယ်။
ပြိုင်ပွဲတွေကို ပြန်စနိုင်ဖို့နဲ့ ဘယ်တော့နောက်ဆုံးထားပြီး ပြန်စမလဲဆိုတာ ဆုံးဖြတ်သွားဖို့လည်း မနီးစပ်သေးဘူးလို့ NBA အကြီးအကဲက ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ Utah Jazz အသင်းက ကစားသမားတဦးဖြစ်သူ Rudy Gobert မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ တွေ့ရှိပြီးကတည်းက NBA ပွဲစဉ်တွေကို ရပ်နားထားတာပါ။