(Zawgyi/Unicode)
ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆံုး ၅ သင္းထဲက ၃ သင္း စေနေန႔က ပြဲစဥ္ ၁၂ ကစားတာမွာ ႏွစ္သင္းပဲအႏုိင္ရၿပီး က်န္တဲ့တသင္း သေရက်သြားပါတယ္။
ခ်ယ္လ္ဆီးက အိမ္ကြင္းမွာ ခရစၥတယ္လ္ ပဲေလ့စ္ကို ၂ ဂိုးျပတ္နဲ႔ႏုိင္ၿပီး လက္စတာ စီးတီးကလည္း အိမ္ကြင္းမွာ အာဆယ္နယ္လ္ ကို ၂ ဂိုးျပတ္နဲ႔ ႏုိင္တာပါ။
သေရက်သြားတာကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးျဖစ္ၿပီး ရွက္ဖီးယူႏုိက္တက္နဲ႔ အိမ္ကြင္းမွာ တဖက္ ၁ ဂိုးစီနဲ႔ သေရက်တာပါ။ စပါးအသင္းဟာ အိမ္ကြင္းပရိသတ္ေရွ႕မွာ ရွက္ဖီးကို အႏုိ္င္မကန္ႏုိင္တာေၾကာင့္ အမွတ္ေပးဇယား အေပၚပုိင္းကို ျပန္မတက္ႏုိင္ဘဲ အဆင့္ ၁၂ မွာ ရွိေနပါတယ္။
ထိပ္ဆံုး ၅ သင္းထဲက လက္ရွိခ်န္ပီယံ မန္စီးတီးနဲ႔ အဆင့္ ၁ မွာ ေတာက္ေလွ်ာက္ရွိလာတဲ့ လီဗာပူးလ္တို႔ကေတာ့ ပြဲစဥ္ ၁၂ ကို တနဂၤေႏြေန႔မွာ ကစားရမွာျဖစ္ၿပီး ေဘာလံုးဝါသနာရွင္ေတြ အႀကိဳက္ေတြ႔မယ့္ ပြဲႀကီးပြဲေကာင္းတပြဲ ျဖစ္လာဖြယ္ရွိပါတယ္။
လက္ရွိအခ်ိန္ထိ ရလဒ္ေတြအရကေတာ့ လီဗာပူးလ္က ႏုိင္ပြဲမွာ ၂ ပြဲသာသလို ႐ံႈးပြဲလည္း တပြဲမွမရွိေသးပါဘူး။ အခုပြဲမွာလည္း လီဗာပူးလ္က အိမ္ရွင္အသင္းျဖစ္တာမို႔ အသာရသလိုရွိေပမယ့္ မန္စီးတီးလိုအသင္းကို ေလွ်ာ့တြက္ၿပီး ကစားမွာမဟုတ္တာေၾကာင့္ ႐ံႈးပြဲမရွိ စံခ်ိန္ကို ဆက္ထိန္းထားႏုိင္မလား၊ မန္စီးတီးကပဲ ၃ မွတ္အပိုင္ယူၿပီး ဒုတိယအဆင့္ကေန လီဗာပူးလ္ကို ပို ၿခိမ္းေျခာက္သြားႏုိင္မလားဆိုတာ ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြေန႔ည ၁၁ နာရီမွာ စကန္မယ့့္ပြဲ အဆံုးသတ္က်ရင္ အေျဖထြက္လာမွာပါ။
မန္ခ်က္စတာ ယူႏိုက္တက္လည္း တနဂၤေႏြေန႔မွာပဲ ဘ႐ိုက္တန္နဲ႔ အိမ္ကြင္းမွာကစားဖို႔ရွိၿပီး ဝို႔လ္ဗ္စ္က အိမ္ကြင္းမွာ အက္စ္တြန္ဗီလာနဲ႔ ကစားရမွာပါ။
စေနေန႔ တျခားပြဲေတြမွာ ဘန္ေလက ဝက္စ္ဟမ္းမ္ကို ၃ ဂိုးျပတ္၊ နယူးကက္ဆယ္လ္က ဘုန္းေမာက္သ္ကို ၂ ဂိုး ၁ ဂိုး၊ အဲဗာတန္က ေဆာက္သမ္ပ္တန္ကို ၂ ဂိုး ၁ ဂိုးနဲ႔ အသီးသီး အႏုိင္ရသြားၾကပါတယ္။
--------------------------------------
(Unicode)
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၅ သင်းထဲက ၃ သင်း စနေနေ့က ပွဲစဉ် ၁၂ ကစားတာမှာ နှစ်သင်းပဲအနိုင်ရပြီး ကျန်တဲ့တသင်း သရေကျသွားပါတယ်။
ချယ်လ်ဆီးက အိမ်ကွင်းမှာ ခရစ္စတယ်လ် ပဲလေ့စ်ကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး လက်စတာ စီးတီးကလည်း အိမ်ကွင်းမှာ အာဆယ်နယ်လ် ကို ၂ ဂိုးပြတ်နဲ့ နိုင်တာပါ။
သရေကျသွားတာကတော့ တော့တင်ဟမ်ဟော့စပါးဖြစ်ပြီး ရှက်ဖီးယူနိုက်တက်နဲ့ အိမ်ကွင်းမှာ တဖက် ၁ ဂိုးစီနဲ့ သရေကျတာပါ။ စပါးအသင်းဟာ အိမ်ကွင်းပရိသတ်ရှေ့မှာ ရှက်ဖီးကို အနိုင်မကန်နိုင်တာကြောင့် အမှတ်ပေးဇယား အပေါ်ပိုင်းကို ပြန်မတက်နိုင်ဘဲ အဆင့် ၁၂ မှာ ရှိနေပါတယ်။
ထိပ်ဆုံး ၅ သင်းထဲက လက်ရှိချန်ပီယံ မန်စီးတီးနဲ့ အဆင့် ၁ မှာ တောက်လျှောက်ရှိလာတဲ့ လီဗာပူးလ်တို့ကတော့ ပွဲစဉ် ၁၂ ကို တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး ဘောလုံးဝါသနာရှင်တွေ အကြိုက်တွေ့မယ့် ပွဲကြီးပွဲကောင်းတပွဲ ဖြစ်လာဖွယ်ရှိပါတယ်။
လက်ရှိအချိန်ထိ ရလဒ်တွေအရကတော့ လီဗာပူးလ်က နိုင်ပွဲမှာ ၂ ပွဲသာသလို ရှုံးပွဲလည်း တပွဲမှမရှိသေးပါဘူး။ အခုပွဲမှာလည်း လီဗာပူးလ်က အိမ်ရှင်အသင်းဖြစ်တာမို့ အသာရသလိုရှိပေမယ့် မန်စီးတီးလိုအသင်းကို လျှော့တွက်ပြီး ကစားမှာမဟုတ်တာကြောင့် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်မလား၊ မန်စီးတီးကပဲ ၃ မှတ်အပိုင်ယူပြီး ဒုတိယအဆင့်ကနေ လီဗာပူးလ်ကို ပို ခြိမ်းခြောက်သွားနိုင်မလားဆိုတာ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ည ၁၁ နာရီမှာ စကန်မယ့်ပွဲ အဆုံးသတ်ကျရင် အဖြေထွက်လာမှာပါ။
မန်ချက်စတာ ယူနိုက်တက်လည်း တနင်္ဂနွေနေ့မှာပဲ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာကစားဖို့ရှိပြီး ဝို့လ်ဗ်စ်က အိမ်ကွင်းမှာ အက်စ်တွန်ဗီလာနဲ့ ကစားရမှာပါ။
စနေနေ့ တခြားပွဲတွေမှာ ဘန်လေက ဝက်စ်ဟမ်းမ်ကို ၃ ဂိုးပြတ်၊ နယူးကက်ဆယ်လ်က ဘုန်းမောက်သ်ကို ၂ ဂိုး ၁ ဂိုး၊ အဲဗာတန်က ဆောက်သမ်ပ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားကြပါတယ်။