သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

အိုင်ယာလန်နိုင်ငံ Dublin မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
(April, 2023)
အိုင်ယာလန်နိုင်ငံ Dublin မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (April, 2023)

{{Zawgyi/Unicode}}


အိုင်ယာလန်နိုင်ငံ Dublin မြို့တော်မှာရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အိုင်ယာလန်သမ္မတ Michael D Higgins နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ် Leo Varadkar နဲ့လည်း ဒီနေ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ သမ္မတ Higgins နဲ့ တွေ့ဆုံစဉ် မြောက်ပိုင်းအိုင်ယာလန်ငြိမ်းချမ်းရေး Good Friday သဘောတူညီမှုရခဲ့တဲ့အထိမ်းအမှတ်အဖြစ် သမ္မတဂျိုးဘိုင်ဒန်က ငြိမ်းချမ်းရေးခေါင်းလောင်းထိုးခဲ့ပါတယ်။

အိုင်ယာလန်သမ္မတအိမ်တော်ဝန်းထဲမှာရှိတဲ့ ငြိမ်းချမ်းရေးခေါင်းလောင်းထိုးခဲ့သလို သမ္မတဘိုင်ဒန်ဟာ ခရီးစဉ်အထိမ်းအမှတ် အိုင်ယာလန် ဝက်သစ်ချတပင်ကိုလည်း စိုက်ပျိုးခဲ့ပါတယ်။ ခုလို အိုင်ယာလန်သမ္မတနဲ့ တွေ့ဆုံအပြီး သမ္မတဘိုင်ဒန်ဟာ ဝန်ကြီးချုပ် Leo Varadkar နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းမှာလည် အိုင်ယာလန်ပါလီမန်မှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

မြောက်ပိုင်း အိုင်ယာလန်နယ်ငြိမ်းချမ်းရေး Good Fridays သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယူကေနိုင်ငံ၊ မြောက်ပိုင်းအိုင်ယာလန်နယ်ကို သွားရောက်ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ညပိုင်းက အိုင်ယာလန်နိုင်ငံကို သွားရောက်ခဲ့တာပါ။ မနေ့က Dublin မြို့ကို ရောက်ရောက်ချင်းမှာပဲ သူ့မိခင်ဘက်က အဘေးတယောက် နေထိုင်ခဲ့တဲ့ County Louth အရပ်ကို သွားရောက် လည်ပတ်ခဲ့ပြီး ဒီကနေ့မှာတော့ Dublin မြို့မှာကျင်းပမယ့် အိုင်ယာလန် လူငယ်တွေရဲ့ Gaelic ဘောလုံးကစားပွဲကို တက်ရောက်မှာပါ။

ညနေပိုင်းကျရင်တော့ Dublin ရဲတိုက်ကြီးမှာကျင်းပမယ့် ညစာစားပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ သူ့ ဘိုးဘေးတွေဇာတိဖြစ်တဲ့ အိုင်ယာလန် အနောက်ဘက် ကမ်းရိုးတန်းမြို့ Ballina မှာ မနက်ဖြန် သောကြာညမိန့်ခွန်း ပြောပြီးခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

သမ္မတဘိုင်ဒန် အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

{Unicode}





This item is part of
XS
SM
MD
LG