သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အိုင်ယာလန်အရေး နိုင်ငံရေးအရဖြေရှင်းဖို့ ကန်သမ္မတတိုက်တွန်း


မြောက်အိုင်ယာလန်ကိုရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဧပြီ ၁၂၊၂၀၂၃)
မြောက်အိုင်ယာလန်ကိုရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဧပြီ ၁၂၊၂၀၂၃)

{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊ြ မန်မာ)

မြောက်အိုင်ယာလန်က အာဏာမျှဝေထားတဲ့အစိုးရဟာ မကြာမီ ပြန်အလုပ်လုပ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း အဲဒီမှာရောက်ရှိနေတဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က Belfast မြို့ ပြည်သူတွေကို ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုဆီကို ပြန်မသွားဘဲ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းကြဖို့ နိုင်ငံရေးသမားတွေကို သူက တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရေစီကျင့်ထုံးတွေကြောင့် သောကြာနေ့မြတ် သဘောတူညီချက်ကိုရရှိခဲ့ပြီး ဒါဟာ မြောက်ပိုင်းအိုင်ယာလန်ရဲ့အနာဂတ်အတွက် သော့ချက်ဖြစ်မြဲဖြစ်တယ်လို့ Ulster တက္ကသိုလ်မှာ မစ္စတာဘိုင်ဒန်က ပြောခဲ့တာပါ။

မြောက်အိုင်ယာလန်မှာ လန်ဒန်အစိုးရနဲ့ပေါင်းလိုတဲ့ Democratic Unionist Party နဲ့ အိုင်ယာလန်နဲ့ပေါင်းလိုတဲ့ Sinn Fein ပါတီတို့ကြား ပဋိပက္ခကြောင့် အာဏာမျှဝေထားတဲ့အစိုးရအဖြစ် အလုပ်လုပ်လို့မရအောင် ဖြစ်နေကြတာပါ။ အိုင်ယာလန်နဲ့ပေါင်းလိုတဲ့ ကက်သိုလစ်ဘာသာဝင် အမျိုးသားရေးသမားတွေနဲ့ ဗြိတိန်နိုင်ငံထဲမှာ ဆက်ပြီးနေလိုတဲ့ ပရိုတက်စ်တန့် တပြည်ထောင်သမားတွေကြားမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြရာက သောကြာနေ့မြတ် သဘောတူညီချက်အရ ငြိမ်းချမ်းရေးကို လွန်ခဲ့တဲ့ ၂၅ နှစ်က ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပဋိပက္ခက ဆက်လက်ရှိနေပြီး အစိုးရတရပ်အဖြစ် အလုပ်လုပ်လို့မရအောင် ဖြစ်နေပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သောကြာနေ့မြတ် သဘောတူညီချက် ၂၅ နှစ်မြောက်အထိမ်းအမှတ်ကို တက်ရောက်ဖို့ အိုင်ယာလန်မှာ ရောက်ရှိနေတာပါ။ ဂျိုးဘိုင်ဒန်ရဲ့ ရှေ့မျိုးဆက်တွေက အိုင်ယာလန် Ballina ရွာကနေ အမေရိကန်ကို ရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။ Ballina မှာ ဂျိုးဘိုင်ဒန်က သောကြာနေ့ စကားပြောမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------

{{Unicode}}







XS
SM
MD
LG