သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်ရဲ့ အစဉ်အလာ အီစတာကြက်ဥကောက်ပွဲ


၂၀၂၃ ခုနှစ် အိမ်ဖြူတော် အီစတာကြက်ဥကောက်ပွဲ။ (ဧပြီ ၁၀၊၂၀၂၃)

{{Zawgyi/Unicode}}

ဧပြီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကို တနင်္လာနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ဟာ အိမ်ဖြူတော်ကိုကလေးငယ်တွေအပါအဝင် လူ ၃၀,၀၀၀ လောက် ဖိတ်ကြားပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အီစတာကြက်ဥကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။ အိမ်ဖြူတော်ရဲ့ရှေးအကျဆုံး ရိုးရာဓလေ့တခုဖြစ်တဲ့ ဒီ အစဉ်အလာဟာ ၁၈၇၈ ခုနှစ်ကတည်းက အမေရိကန်သမ္မတတွေ အစဉ်အဆက်ပြုလုပ်ခဲ့ကြတာပါ။

အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှာ ကျင်းပတဲ့အခမ်းအနားမှာ သမ္မတဘိုင်ဒန်က လူတိုင်းကိုယ်စီဟာ ကိုယ်ဘယ်သူဆိုတာကိုအသိအမှတ်ပြုပြီး အတူတကွ ပေါင်းစည်း လုပ်ဆောင်ကြရင် အမေရိကမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။

ကျောင်းဆရာမတဦးဖြစ်တဲ့ သမ္မတကတော် ဂျေးလ် ဘိုင်ဒန်ကလည်း အီစတာတနင်္လာနေ့ပွဲမှာ သင်ယူမှုဆိုင်ရာအခွင့်အလမ်းတွေကိုထည့်သွင်းထားပြီး ဒီနှစ်ဆောင်ပုဒ်က အီစတာပွဲတော်အထိမ်းအမှတ် ကြက်ဥနဲ့ပညာရေးပေါင်းစပ်ထားတဲ့ “EGGucation” (အက်ခ်-ကျူကေးရှင်း) ဖြစ်ပါတယ်။

“သင်ယူခြင်းဆိုတာ စာသင်ခန်းထဲမှာတင်မဟုတ်ဘဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ နေ့တိုင်းသင်ယူဖို့ ပျော်စရာအခွင့်အလမ်းတွေ အများကြီးရှိတယ်” လို့ သမ္မတကတော် ဂျေးလ် ဘိုင်ဒန်က ပြောပါတယ်။

၁၈၇၈ ခုနှစ် သမ္မတ ရာသာဖို့ဒ် ဘီ ဟေ့စ် (Rutherford B. Hayes) လက်ထက်မှာ အိမ်ဖြူတော်မြက်ခင်းပြင်မှာ ကလေးငယ်တွေအတွက် အိမ်ဖြူတော် အီစတာကြက်ဥကောက်ပွဲ ဓလေ့ကို စတင်ခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ အစဉ်အလာ အီစတာကြက်ဥကောက်ပွဲ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}







XS
SM
MD
LG