သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတသစ် Trump မက္ကဆီကိုသမ္မတနဲ့ တွေ့ဆုံမည်


၂၀၁၆ သြဂုတ်လ တုန်းက မက္ကဆီကိုသမ္မတနဲ့ ကန်သမ္မတ Trump တွေ့ဆုံစဉ်

သမ္မတ Donald Trump ဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ NAFTA မြောက်အမေရိကတိုက်နိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်က ကိစ္စရပ်တွေကို ပြန်လည် ဆွေးနွေး ညှိနှိုင်းဖို့အတွက် မက္ကဆီကိုသမ္မတ Enrique Nieto Pena နဲ့ ရှေ့သီတင်းပတ်အတွင်း တွေ့မယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

သမ္မတ Trump က မက္ကဆီကိုနိုင်ငံကို ချီးကျူး ပြောကြားလိုက်ပြီး ဆွေးနွေးပွဲကနေ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့အပြင် အားလုံးအတွက် ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ခေါင်းဆောင် ၂ ဦးဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့လည်း တွေ့ဆုံဖို့ သမ္မတ Trump က စီစဉ်ထားပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးတဲ့ကာလတွေအတွင်း NAFTA သဘောတူညီချက်ကို ပြန်လည် ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သမ္မတ Trump က ပြောဆိုထားတာ ဖြစ်ပါတယ်။ မက္ကဆီကိုနဲ့ အမေရိကန် နှစ်နိုင်ငံအကြား တံတိုင်း တည်ဆောက်ပြီး အဲဒီအတွက် ကုန်ကျစားရိတ်တွေကို မက္ကဆီကိုနိုင်ငံက ပေးရမယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုမှုဟာ ရွေးကောက်ပွဲကာလအတွင်း အထင်ကရ ပြောဆိုမှု တခုဖြစ်ခဲ့ပါတယ်။

Trump တည်ဆောက်မယ့် တံတိုင်းအတွက် ကုန်ကျစားရိတ်တွေကို မက္ကဆီကိုက ပေးရမယ်ဆိုတဲ့ ပြောဆိုမှုကို သမ္မတ Nieto က ပယ်ချလိုက်ပြီး အဲဒီ ပြောဆိုမှုဟာ အဓိပ္ပါယ်မရှိကြောင်း ပြောပါတယ်။

ကန်သမ္မတသစ် Trump မက္ကဆီကိုသမ္မတနဲ့ တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG