သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက လဆင်းယာဉ် Blue Ghost လပေါ် ဆင်းသက်မှု အောင်မြင်


လပေါ်ဆင်းသက်ပြီးနောက် တွေ့ရသည့် ပုဂ္ဂလိက လဆင်းယာဥ် Blue Ghost။ (ဖေဖော်ဝါရီ ၂၊​ ၂၀၂၅)​ (AP)
လပေါ်ဆင်းသက်ပြီးနောက် တွေ့ရသည့် ပုဂ္ဂလိက လဆင်းယာဥ် Blue Ghost။ (ဖေဖော်ဝါရီ ၂၊​ ၂၀၂၅)​ (AP)

အမေရိကန် အာကာသလေ့လာရေးဌာန NASA ရဲ့ တခြား စမ်းသပ်မှုပစ္စည်းတွေနဲ့ တူးစက်ကို ပို့ပေးဖို့ ပုဂ္ဂလိက လဆင်းယာဥ် ဆင်းသက်လိုက်ပါတယ်။

တက္ကဆက်စ်ပြည်နယ် အခြေစိုက် Firefly Aerospace ကုမ္ပဏီရဲ့ လဆင်းယာဥ် Blue Ghost တနင်္ဂနွေနေ့က ဆင်းသက်နိုင်ကြောင်းကို ကုမ္ပဏီက အတည်ပြုပါတယ်။ ကုမ္ပဏီရဲ့ အော်စတင်မြို့မှာရှိတဲ့ ထိန်းချုပ်ရေးစခန်းကနေ ကီလိုမီတာ ၃ သိန်း ၆ သောင်းအကွာက ယာဥ်ငယ်ကို အလိုအလျောက် ဆင်းသက်နိုင်အောင် ထိန်းချုပ်နေတာပါ။

ဆင်းပြီး နာရီဝက်အကြာမှာ ယာဥ်ငယ်က ဓာတ်ပုံတွေ ကမ္ဘာကို ပြန်ပို့ခဲ့ရာမှာ ပထမဆုံးပုံက ဆယ်လ်ဖီခေါ် ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်တဲ့ပုံ ဖြစ်ပါတယ်။ ခုလို လပေါ် အလိုအလျောက် ဆင်းသက်နိုင်အောင် ငါးနိုင်ငံပဲ လုပ်နိုင်သေးတာပါ။ ဒီနိုင်ငံတွေကတော့ ရုရှား၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့ပဲ ဖြစ်ကြပါတယ်။

ဒီယာဥ်ငယ်ကို ဇန်နဝါရီလလယ်က ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး နာဆာအတွက် စမ်းသပ်မှု ဆယ်ခု လုပ်ပေးမှာဖြစ်ပါတယ်။ ပစ္စည်းတွေ ပို့ပေးတဲ့အတွက် နာဆာက ဒေါ်လာ ၁၀၁ သန်းပေးပြီး ယာဥ်ငယ်အတွင်း သိပ္ပံနဲ့ နည်းပညာအတွက် ၄၄ သန်း ပေးပါတယ်။ နာဆာရဲ့ ပုဂ္ဂလိက လဆင်းယာဥ် အားပေးရေး အစီအစဥ်မှာ ဒါဟာ တတိယအစီအစဥ် ဖြစ်ပါတယ်။

ပုဂ္ဂလိက လဆင်းယာဉ် Blue Ghost လပေါ် ဆင်းသက်မှု အောင်မြင်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG