သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ အရင္းအႏီွး ျပႆနာ


Chinese-Myanmar Trade

ဦးေအာင္ခင္ရဲ ႔ ျမန္မာ့အေရးသံုးသပ္ခ်က္

လြန္ခဲ့တဲ့ ဇူလိုင္လဆန္းပိုင္းက ပုဂံၿမိဳ ႔မွာ က်င္းပခဲ့တဲ့ သတၱမအႀကိမ္ေျမာက္ လန္ခ်န္း-မဲေခါင္အစည္းအေဝးကို တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ တက္ေရာက္တာနဲ႔ ပတ္သက္ၿပီး အမ်ဳိးမ်ဳိးေဝဖန္သံုးသပ္ၾကပါတယ္။ တရုတ္၊ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယားနဲ႔ ဗိယက္နမ္တို႔ပါဝင္တဲ့ ေျခာက္ႏိုင္ငံ ပံုမွန္အစည္းအေဝးပါ။ (၆) ႏုိင္ငံ ၿငိမ္းခ်မ္းသာယာဝေျပာေရးကို ျမွင့္တင္မယ့္ (၅) ႏွစ္ စီမံကိန္း အေကာင္အထည္ေဖာ္ဖို႔ သေဘာတူၾကပါတယ္။ ဝမ္ယိဟာ ေဒသဆိုင္ရာ အစည္းအေဝး တက္ေရာက္ဖို႔လာတာ ျဖစ္ပမယ့္၊ ေႏြဦးေတာ္လွန္ေရးကာလ ျဖစ္ေနတာမုိ႔ စစ္ေကာင္စီကို ေထာက္ခံသလို ျဖစ္ေနတယ္လို႔ ျမင္ၾကပါတယ္။

ကုန္တြင္းပိုင္းအာဆီယံ (၅) ႏုိင္ငံနဲ႔ တရုတ္ကိုိယ္စားလွယ္တို႔ ျမန္မာျပည္မွာ အစည္းအေဝး က်င္းပႏုိုင္တာဟာ စစ္ေကာင္စီအတြက္ ဂုဏ္ယူစရာ ျဖစ္ေနပါတယ္။ ေဘဂ်င္းဘက္က ၾကည့္မယ္ဆိုရင္လည္း ျမန္မာျပည္မွာ ဘယ္အစိုးရတက္တက္ လ်စ္လ်ဴရွဳလို႔ မရဘူးဆိုတဲ့ သေဘာကို ျပသလိုက္တာ ျဖစ္ပါတ္။ အိမ္နီးခ်င္းေတြမွာလည္း တရုတ္လႊမ္းမိုးမႈကို တြန္းလွန္ႏုိင္တဲ့ အေျခအေန မရိွပါဘူး။ တရုတ္ျပည္ဟာ စီးပြားေရးအင္အားႀကီး ႏုိင္ငံ ျဖစ္ေနပါၿပီ။ ဒါေပမဲ့ ကိုဗစ္ေရာဂါနဲ႔ အျခားျပႆနာေတြေၾကာင့္ စီးပြားေရးတိုးတက္မႈ က်ဆင္းေနတာကို ႀကံဳေတြ႔ေနရပါတယ္။

ႏုိင္ငံတကာကုန္သြယ္ေရးမွာ အက်ပ္အတည္း ေတြ႔လာရတာကို ေက်ာ္လႊာဖို႔ တရုတ္အစိုးရ ျပင္ဆင္ပံုကို Fudan တကၠသိုလ္ ေဘာဂေဗဒမဟာဌာနမွဴး ဂ်န္ဂ်ဴး (Zhang Jun) က ဒီဇင္ဘာ (၁၇) ရက္ေန႔ထုတ္ Project Syndicate မွာ တင္ျပထားပါတယ္။ လက္ရိွ ငါးႏွစ္စီမံကိန္းမွာ ႏုိင္ငံျခားရဲ ႔ ဝယ္လိုအားကို ဦးစားမေပးဘဲ ျပည္တြင္းေစ်းကြက္ကို အားကိုးဖို႔ ရည္ရြယ္ပါတယ္။ ေနာက္ဆံုးေပၚေခတ္မီ Electronics ပစၥည္းအသစ္အဆန္းေတြကို တီထြင္ထုတ္္လုပ္တဲ့ စီမံကိန္းျဖစ္တာမုိ႔ ေျမရွားသတၱဳအမ်ားအျပား လုိအပ္ေနပါတယ္။ ဒီေနရာမွာ ကခ်င္ျပည္နယ္ဟာ ပိုၿပီးအေရးပါလာပါလိိမ့္မယ္။ ႏုိင္ငံျခားကုန္သြယ္ေရးမွာ အကန္႔အသတ္ရိွေနတုန္း က်ယ္ျပန္႔တဲ့ ျပည္တြင္းေစ်းကြက္ရိွေနတာဟာ အတတ္ပညာ ထြန္းကားေအာင္ ကူညီေထာက္ပံ့သလို ျဖစ္ေနတယ္လို႔ ဂ်န္ဂ်ဴးက ဆိုပါတယ္။ “ရန္သူမရိွ၊ မိတ္ေဆြမရိွ၊ ကိုယ္က်ဳိးစီးပြားသာရိွ” ဆိုတဲ့ ေဆာင္ပုဒ္ဟာ တရုတ္လက္ေတြ႔ က်င့္သံုးေနတဲ့ လမ္းစဥ္ ျဖစ္ပါတယ္။

ျမန္မာျပည္နဲ႔ ဆက္ဆံေရးမွာလည္း မိမိအက်ဳဳိးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ လက္နက္ကိုင္အဖြဲ႔မ်ဳိးစံုနဲ႔ နားလည္မႈရိွဖို႔သာ တရုတ္က အဓိကထားပါတယ္။ ျပည္သူ႔စစ္နဲ႔ နယ္ျခားေစာင့္တပ္ေတြ သေဘာတူရင္ၿပီးမယ့္ကိစၥ၊ ထိပ္တန္းစစ္ေခါင္းေဆာင္ပိုင္းပါမွ ၿပီးမယ္ကိစၥ စသျဖင့္ နည္းမ်ဳိးစံုသံုးၿပီး တရုတ္အက်ဳိးစီးပြား ျမွင့္တင္ေနပါတယ္။ စစ္အစိုးရေခတ္ ျမန္မာျပည္မွာ တရုတ္ရင္းႏီွးျမဳပ္ႏံွမႈ တိုးပြားလာတာဟာ ထင္ရွားတဲ့အခ်က္ ျဖစ္ပါတယ္။ ဒါေပမဲ့ ဝတပ္ဖြဲ႔၊ ရခိုင္တပ္ဖြဲ႔စတဲ့ လက္နက္ကိုင္ေတြကိုလည္း တရုတ္က ေထာက္ပံ့ေနတာမို႔ စစ္ေကာင္စီက ရုရွားကို အားကိုးလာတာ ျဖစ္ပံုရပါတယ္။

စစ္ေကာင္စီထိန္းခ်ဳပ္မႈ အားနည္းတဲ့ေနရာမွာ အျခားလက္နက္ကိုင္ေတြကို တရုတ္က ေထာက္ပံ့ေနပံုရပါတယ္။ ပါကစၥတန္မွာလည္း ဒီနည္းကို တရုတ္သံုးပါတယ္။ မိမိအက်ဳိးစီးပြားကို ပါကစၥတန္အစိုးရက ထိထိေရာက္ေရာက္ မကာကြယ္ႏိုင္ဘူးလို႔ ယူဆလာတဲ့အခါမွာ Balochistan လက္နက္ကိုင္ အုပ္ခ်ဳပ္တယ္ဆိုတာ တရုတ္က ဂရုစိုက္တာ မဟုတ္ပါဘူး။ တရုတ္အက်ဳိးစီးပြားအတြက္ တုိင္းျပည္တည္ၿငိမ္ေနဖို႔သာ တရုတ္က စိတ္ဝင္စားပါတယ္။ စစ္ေကာင္စီေခတ္မွာ တုိင္းျပည္မၿငိမ္မသက္ ျဖစ္လာတာဟာ တရုတ္လိုအင္ဆႏၵနဲ႔ ဆန္႔က်င္ေနပါတယ္။ တရုတ္အက်ဳိးစီးပြားကို ကာကြယ္ႏိုင္မလား ဆိုတာကို ေစာင့္ၾကည့္ဖို႔လည္း အခ်ိန္မရိွပါဘူး။ ဒါေၾကာင့္ ေရတုိအျမင္နဲ႔ၾကည့္ၿပီး အေျခေနအလိုက္ ေလွနံနွစ္ဘက္နင္းတဲ့လမ္းစဥ္ကို က်င့္သံုးေနတာ ျဖစ္ပံုရပါတယ္။

စစ္ေကာင္စီမတက္ခင္က တရုတ္နဲ႔ ျမန္မာ နားလည္မႈစာခၽြန္လႊာ (၃၀) ေက်ာ္ လက္မွတ္ေရးထိုးခဲ့တာကိုၾကည့္ရင္ ျမန္မာနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈကို အဆင့္ျမင့္ဖို႔သာ တရုတ္က ရည္ရြယ္တာ သိသာပါတယ္။ ျမန္မာျပည္ဟာ က်ရွံဳးပ်က္စီးေနတဲ့ ႏုိင္ငံဘဝ ေရာက္သြားရင္ တရုတ္အတြက္လည္း နစ္နာဆံုးရွံဳးစရာေတြ ရိွပါတယ္။ ယူနန္၊ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယားနဲ႔ ဗိယက္နမ္တို႔ပါဝင္တဲ့ မဲေခါင္ေဒသတခုလံုးကို ဂယက္ရိုက္သြားႏိုင္ပါတယ္။ လန္ခ်န္း-မဲေခါင္ေဒသမွာ လူဦးေရးသန္း (၃၄၀) ရိွၿပီး ေဒၚလာသန္း ေလးသိန္းေက်ာ္ဖိုး ကူးသန္းေရာင္းဝယ္ေနတဲ့ေဒသ ျဖစ္ပါတယ္။

ဒါေပမဲ့ တရုတ္ပိုးလမ္းမစီမံကိန္း အေကာင္အထည္ေဖာ္တာနဲ႔အတူ မူးယစ္ေဆးဝါး ထုတ္လုပ္မႈလည္း တိုးပြားလာတာ ေတြ႔ရပါတယ္။ တရုတ္ကုမၸဏီေတြကို တိုက္ခိုက္တာေတြလည္း မ်ားျပားလာပါတယ္။ တရုတ္စီးပြားေရးလုပ္ငန္းေတြကို တရုတ္လံုၿခံဳေရးကပဲ ေစာင့္ေရွာက္ေနပံုရပါတယ္။ ကေမာၻဒီယားနဲ႔ ျမန္မာက လံုၿခံဳေရးကုမၸဏီ ငါးဆယ္မွာ တဝက္ဟာ တရုတ္ပိုင္ ျဖစ္ေနတယ္လို႔ ဇူလိုင္လ (၁၄) ရက္ထုတ္ Asia Times မွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ တရုတ္ဆန္႔က်င္ေရး လူထုတုိက္ပြဲ ျဖစ္ပြားလာတဲ့အခါမွာ ဘယ္လိုကာကြယ္မယ္ဆိုတာကိုေတာ့ စဥ္းစားထားပံု မရေၾကာင္း တင္ျပလိုက္ရပါတယ္။

=== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်

လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ပုဂံမြို့မှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် လန်ချန်း-မဲခေါင်အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုးဝေဖန်သုံးသပ်ကြပါတယ်။ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်တို့ပါဝင်တဲ့ ခြောက်နိုင်ငံ ပုံမှန်အစည်းအဝေးပါ။ (၆) နိုင်ငံ ငြိမ်းချမ်းသာယာဝပြောရေးကို မြှင့်တင်မယ့် (၅) နှစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ သဘောတူကြပါတယ်။ ဝမ်ယိဟာ ဒေသဆိုင်ရာ အစည်းအဝေး တက်ရောက်ဖို့လာတာ ဖြစ်ပမယ့်၊ နွေဦးတော်လှန်ရေးကာလ ဖြစ်နေတာမို့ စစ်ကောင်စီကို ထောက်ခံသလို ဖြစ်နေတယ်လို့ မြင်ကြပါတယ်။

ကုန်တွင်းပိုင်းအာဆီယံ (၅) နိုင်ငံနဲ့ တရုတ်ကိုယ်စားလှယ်တို့ မြန်မာပြည်မှာ အစည်းအဝေး ကျင်းပနိုင်တာဟာ စစ်ကောင်စီအတွက် ဂုဏ်ယူစရာ ဖြစ်နေပါတယ်။ ဘေဂျင်းဘက်က ကြည့်မယ်ဆိုရင်လည်း မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် လျစ်လျူရှုလို့ မရဘူးဆိုတဲ့ သဘောကို ပြသလိုက်တာ ဖြစ်ပါတ်။ အိမ်နီးချင်းတွေမှာလည်း တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ တရုတ်ပြည်ဟာ စီးပွားရေးအင်အားကြီး နိုင်ငံ ဖြစ်နေပါပြီ။ ဒါပေမဲ့ ကိုဗစ်ရောဂါနဲ့ အခြားပြဿနာတွေကြောင့် စီးပွားရေးတိုးတက်မှု ကျဆင်းနေတာကို ကြုံတွေ့နေရပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးမှာ အကျပ်အတည်း တွေ့လာရတာကို ကျော်လွှာဖို့ တရုတ်အစိုးရ ပြင်ဆင်ပုံကို Fudan တက္ကသိုလ် ဘောဂဗေဒမဟာဌာနမှူး ဂျန်ဂျူး (Zhang Jun) က ဒီဇင်ဘာ (၁၇) ရက်နေ့ထုတ် Project Syndicate မှာ တင်ပြထားပါတယ်။ လက်ရှိ ငါးနှစ်စီမံကိန်းမှာ နိုင်ငံခြားရဲ့ ဝယ်လိုအားကို ဦးစားမပေးဘဲ ပြည်တွင်းဈေးကွက်ကို အားကိုးဖို့ ရည်ရွယ်ပါတယ်။ နောက်ဆုံးပေါ်ခေတ်မီ Electronics ပစ္စည်းအသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်တဲ့ စီမံကိန်းဖြစ်တာမို့ မြေရှားသတ္တုအများအပြား လိုအပ်နေပါတယ်။ ဒီနေရာမှာ ကချင်ပြည်နယ်ဟာ ပိုပြီးအရေးပါလာပါလိမ့်မယ်။ နိုင်ငံခြားကုန်သွယ်ရေးမှာ အကန့်အသတ်ရှိနေတုန်း ကျယ်ပြန့်တဲ့ ပြည်တွင်းဈေးကွက်ရှိနေတာဟာ အတတ်ပညာ ထွန်းကားအောင် ကူညီထောက်ပံ့သလို ဖြစ်နေတယ်လို့ ဂျန်ဂျူးက ဆိုပါတယ်။ “ရန်သူမရှိ၊ မိတ်ဆွေမရှိ၊ ကိုယ်ကျိုးစီးပွားသာရှိ” ဆိုတဲ့ ဆောင်ပုဒ်ဟာ တရုတ်လက်တွေ့ ကျင့်သုံးနေတဲ့ လမ်းစဉ် ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ဆက်ဆံရေးမှာလည်း မိမိအကျိုုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ နားလည်မှုရှိဖို့သာ တရုတ်က အဓိကထားပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ သဘောတူရင်ပြီးမယ့်ကိစ္စ၊ ထိပ်တန်းစစ်ခေါင်းဆောင်ပိုင်းပါမှ ပြီးမယ်ကိစ္စ စသဖြင့် နည်းမျိုးစုံသုံးပြီး တရုတ်အကျိုးစီးပွား မြှင့်တင်နေပါတယ်။ စစ်အစိုးရခေတ် မြန်မာပြည်မှာ တရုတ်ရင်းနှီးမြုပ်နံှမှု တိုးပွားလာတာဟာ ထင်ရှားတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဝတပ်ဖွဲ့၊ ရခိုင်တပ်ဖွဲ့စတဲ့ လက်နက်ကိုင်တွေကိုလည်း တရုတ်က ထောက်ပံ့နေတာမို့ စစ်ကောင်စီက ရုရှားကို အားကိုးလာတာ ဖြစ်ပုံရပါတယ်။

စစ်ကောင်စီထိန်းချုပ်မှု အားနည်းတဲ့နေရာမှာ အခြားလက်နက်ကိုင်တွေကို တရုတ်က ထောက်ပံ့နေပုံရပါတယ်။ ပါကစ္စတန်မှာလည်း ဒီနည်းကို တရုတ်သုံးပါတယ်။ မိမိအကျိုးစီးပွားကို ပါကစ္စတန်အစိုးရက ထိထိရောက်ရောက် မကာကွယ်နိုင်ဘူးလို့ ယူဆလာတဲ့အခါမှာ Balochistan လက်နက်ကိုင် အုပ်ချုပ်တယ်ဆိုတာ တရုတ်က ဂရုစိုက်တာ မဟုတ်ပါဘူး။ တရုတ်အကျိုးစီးပွားအတွက် တိုင်းပြည်တည်ငြိမ်နေဖို့သာ တရုတ်က စိတ်ဝင်စားပါတယ်။ စစ်ကောင်စီခေတ်မှာ တိုင်းပြည်မငြိမ်မသက် ဖြစ်လာတာဟာ တရုတ်လိုအင်ဆန္ဒနဲ့ ဆန့်ကျင်နေပါတယ်။ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မလား ဆိုတာကို စောင့်ကြည့်ဖို့လည်း အချိန်မရှိပါဘူး။ ဒါကြောင့် ရေတိုအမြင်နဲ့ကြည့်ပြီး အခြေနေအလိုက် လှေနံနှစ်ဘက်နင်းတဲ့လမ်းစဉ်ကို ကျင့်သုံးနေတာ ဖြစ်ပုံရပါတယ်။

စစ်ကောင်စီမတက်ခင်က တရုတ်နဲ့ မြန်မာ နားလည်မှုစာချွန်လွှာ (၃၀) ကျော် လက်မှတ်ရေးထိုးခဲ့တာကိုကြည့်ရင် မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြင့်ဖို့သာ တရုတ်က ရည်ရွယ်တာ သိသာပါတယ်။ မြန်မာပြည်ဟာ ကျရှုံးပျက်စီးနေတဲ့ နိုင်ငံဘဝ ရောက်သွားရင် တရုတ်အတွက်လည်း နစ်နာဆုံးရှုံးစရာတွေ ရှိပါတယ်။ ယူနန်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်တို့ပါဝင်တဲ့ မဲခေါင်ဒေသတခုလုံးကို ဂယက်ရိုက်သွားနိုင်ပါတယ်။ လန်ချန်း-မဲခေါင်ဒေသမှာ လူဦးရေးသန်း (၃၄၀) ရှိပြီး ဒေါ်လာသန်း လေးသိန်းကျော်ဖိုး ကူးသန်းရောင်းဝယ်နေတဲ့ဒေသ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်တာနဲ့အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလည်း တိုးပွားလာတာ တွေ့ရပါတယ်။ တရုတ်ကုမ္ပဏီတွေကို တိုက်ခိုက်တာတွေလည်း များပြားလာပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေကို တရုတ်လုံခြုံရေးကပဲ စောင့်ရှောက်နေပုံရပါတယ်။ ကမ္ဘောဒီယားနဲ့ မြန်မာက လုံခြုံရေးကုမ္ပဏီ ငါးဆယ်မှာ တဝက်ဟာ တရုတ်ပိုင် ဖြစ်နေတယ်လို့ ဇူလိုင်လ (၁၄) ရက်ထုတ် Asia Times မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တရုတ်ဆန့်ကျင်ရေး လူထုတိုက်ပွဲ ဖြစ်ပွားလာတဲ့အခါမှာ ဘယ်လိုကာကွယ်မယ်ဆိုတာကိုတော့ စဉ်းစားထားပုံ မရကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG