သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လမ္းေပၚအထြက္နည္းေပမယ့္ သပိတ္ပြဲေတြ မပ်က္ေသး


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ ၊ ၂ဝ၂၁ ဧၿပီ ၂၂ (ဓါတ္ပုံမွတ္တမ္း း း CJ)

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ဆႏၵျပမႈေတြ ႏိုင္ငံတဝန္းမွာ နည္းမ်ဳိးစံုနဲ႔ ဆက္လုပ္ေနၾကပါတယ္။ ေန႔ေရာညပါ လုံျခံဳေရးတင္းက်ပ္ထားတဲ့ ရန္ကုန္ၿမိဳ႕မွာ လူအမ်ားအျပား လမ္းေပၚထြက္ ဆႏၵျပတာမ်ဳိး မရွိေတာ့ေပမယ့္ လူငယ္ေတြဦးေဆာင္ၿပီး အြန္လိုင္းေပၚမွာ ဆန္႔က်င္လႈပ္႐ွားမႈေတြ လုပ္ေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕နဲ႔ တျခားၿမိဳ႕ေတြက ဆႏၵျပပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ကေျပာျပပါမယ္။

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၃ လနီးပါးၾကာလာတဲ့အခ်ိန္မွာ ရန္ကုန္ၿမိဳ႕ က ဆႏၵျပပြဲေတြဟာ လမ္းေပၚထြက္ ခ်ီတက္တာမ်ဳိးေတြ နည္းသြားၿပီး အုပ္စုလိုက္ ေပ်ာက္ၾကားသပိတ္ပံုစံေတြ လုပ္ေနၾကပါတယ္။ လႈိင္၊ အင္းစိန္၊ ေတာင္ဥကၠလာ၊ ေျမာက္ဥကၠလာနဲ႔ မဂၤလာဒုံၿမိဳ႕နယ္ေတြမွာ လူမဲ့သပိတ္၊ ေဆးနီသပိတ္ေတြ ဒီကေန႔ ဆက္လုပ္ၾကပါတယ္။

သာေကတၿမိဳ႕နယ္ထဲမွာေတာ့ အာဏာသိမ္း ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ပုံေတြကို ကြန္ဒုံးေတြထဲထည့္ၿပီး လူေလာကထဲကို ေရာက္မလာခဲ့သင့္သူမ်ားဆိုၿပီး စာေတြခ်ိတ္ဆြဲထားတဲ့ ကြန္ဒုံးသပိတ္ လုပ္ခဲ့ၾကပါတယ္။ ရန္ကုန္မွာ တပ္ေတြ အင္အားအျပည့္ ေနရာယူထားတဲ့ ေနရာေတြမွာ အစစ္အေဆးလည္း မ်ားတာေၾကာင့္ ဆႏၵျပအင္အားက နည္းေနတယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

“ဒီကေန႔ကေတာ့ က်ေနာ္တို႔ အင္းစိန္၊ လႈိင္သာယာ၊ ေ႐ြျပည္သာ တဝိုက္ေတြက ေတာ္ေတာ္မ်ားမ်ား မေတြ႕ဘူးဗ်။ ဘာမွကို သိပ္မရွိဘူး၊ လႈပ္ရွားမႈေတြက။ စစ္တပ္ေတြက က်ေနာ္တို႔ အနီးအနားမွာေရာက္ေနတာေၾကာင့္လည္းပါတယ္။ တရက္ႏွစ္ရက္ေတာ့ နားထားၾကတယ္ဗ်။ ဒီဘက္မွာ စစ္တပ္ေၾကာင့္ လႈပ္လို႔မရေတာ့ ေက်ာင္းေတြ၊ ေနရာကြက္လပ္ေတြ၊ ဓမၼာ႐ုံေတြမွာ တပ္စြဲထားတာေတြမ်ားေတာ့၊ တျခားၿမိဳ႕နယ္ေတြ၊ စမ္းေခ်ာင္းတို႔ ၿမိဳ႕ထဲဘက္တို႔ဆိုရင္ ထြက္ေနၾကပါတယ္။ လြတ္တဲ့ေနရာေတြဆို ထြက္ၾကတယ္။ အဓိကကေတာ့ ဒီေန႔ ဒီေနရာက လုပ္လိုက္ၿပီဆိုရင္ ေနာက္ေန႔ အဲ့ဒီေနရာကို တပ္ေတြေရာက္လာတာမ်ိဳးေပါ့။ ေနာက္ေန႔ေနာက္ေန႔ေတြ အဲ့လိုခဏလြတ္တဲ့ေနရာေတြမွာ သြားလုပ္ၾကတာေတြရွိပါတယ္။ အဓိကက လမ္းေပၚထြက္ဆႏၵျပတဲ့ သပိတ္ေမွာက္ စစ္ေၾကာင္းေတြ၊ ေပ်ာက္ၾကားစနစ္နဲ႔ေတာ့ ရွိပါတယ္။ အနည္းအက်ဥ္းေတာ့ လုပ္လို႔ရတယ္ဗ်။ ဒါေပမယ့္ ၿမိဳ႕နယ္အမ်ားစုကေတာ့ ဒီရက္ပိုင္း တစ္ရက္ႏွစ္ရက္မွာ အရမ္းအဖိခံထားရတယ္ဗ်ာ၊ ရပ္ကြက္ေတြထဲမွာ လူစုလို႔ေတာင္ သိပ္မရဘူး။”

စစ္အာဏာသိမ္းၿပီးေနာက္ အင္အားအေျမာက္အမ်ားနဲ႔ ဆႏၵျပၾကတဲ့ မံု႐ြာၿမိဳ႕မွာလည္း ဒီေန႔ ဆႏၵျပစစ္ေၾကာင္းေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ မံု႐ြာဆႏၵျပပဲြေတြကို အဓိက ဦးေဆာင္ေနတဲ့ သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ဖမ္းဆီးၿပီး လူသတ္မႈအပါအဝင္ အမႈ ၃ ခုနဲ႔ တရားစြဲထားေပမယ့္လည္း လူထုက အားမေလ်ာ့ဘဲ စစ္အာဏာသိမ္းမႈ အဆံုးသတ္ဖုိ႔ ဆႏၵျပေနၾကတာျဖစ္ပါတယ္။

‘အာဏာသိမ္း စစ္ေကာင္စီက မုံ႐ြာကိုအုပ္ခ်ဳပ္လို႔ မရေစရ’ ဆိုတဲ့ ေဆးနီစာသားလႈပ္ရွားမႈ ကမ္းပိန္းတစ္ခုကို စစ္တပ္ပစ္ခတ္လို႔ ဆႏၵျပသူေတြ ေသဆံုးခဲ့တဲ့ လမ္းေတြမွာ ဒီေန႔ ျပဳလုပ္ခဲ့တယ္လို႔ သပိတ္ဦးေဆာင္သူ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္းအဖြဲ႕က ကိုဝင္းေဇာ္ခိုင္က ေျပာပါတယ္။

“နည္းမ်ိဳးစုံနဲ႔ သူတို႔က ၿခိမ္းေျခာက္တာေပါ့၊ ၿခိမ္းေျခာက္မႈေတြ ဖိအားေပးမႈေတြ ျပည္သူလူထုကို ၿငိမ္ဝပ္ပိျပားေအာင္ နည္းလမ္းေပါင္းစုံနဲ႔ အၾကမ္းဖက္ၿဖိဳခြဲမႈေတြ မည္သို႔ပင္လုပ္ေစကာမူ ေဟာဒီျပည္သူ လူထုႀကီးေပါ့ေနာ္ မုံ႐ြာျပည္သူလူထုႀကီးကို သူတို႔အေနနဲ႔ အုပ္ခ်ဳပ္လို႔ မရေစရဘူးေနာ္။ မုံ႐ြာျပည္သူလူထုႀကီးရဲ႕ ဒီရာဇသံအေနနဲ႔ ေပးလိုက္တာပါပဲေနာ္၊ မည္သို႔ပင္ ဖိႏွိပ္မႈေတြ ၿခိမ္းေျခာက္မႈေတြေနာ္ ၿဖိဳခြဲမႈေတြ ျပဳလုပ္ေစကာမူ ေဟာဒီက်ေနာ္တို႔ မုံ႐ြာျပည္သူလူထုႀကီးကို စစ္အာဏာရွင္အေနနဲ႔လုံးဝအုပ္ခ်ဳပ္လို႔ မရေစရဘူးဆိုတဲ့ ကမ္ပိန္းကို က်ေနာ္တို႔ရဲ႕ အာဇာနည္လမ္းမွာ က်ေနာ္တို႔ ဒီေန႔ျပဳလုပ္ခဲ့ပါတယ္။ အၾကမ္းဖက္လုပ္ရပ္တိုင္းကို က်ေနာ္တို႔ ျပည္သူလူထုႀကီးက လုံးဝလက္မခံဘူး၊ က်ေနာ္တို႔ မုံ႐ြာၿမိဳ႕မွာမွ မဟုတ္ပါဘူး ေဟာဒီကမာၻႀကီးမွာေရာ ေဟာဒီႏိုင္ငံတစ္ဝန္းမွာေရာ ဆိုေတာ့ေနာ္ လူသားေတြ သတ္ျဖတ္တာေတြမ်ိဳး မတရားအတင္းအဓမၼဖမ္းခ်ဳပ္ၿပီးေတာ့မွေနာ္ အတင္းအဓမၼဝင္ေရာက္ၿပီးေတာ့မွ ဖမ္းဆီးၿပီးေတာ့မွ အုပ္ခ်ဳပ္တာမ်ိဳးကို က်ေနာ္တို႔ လက္ခံလို႔မရဘူး၊ အဲ့လိုမ်ိဳး ကိုယ္တင္ေျမႇာက္တဲ့အစိုးရ၊ ကိုယ္မဲေပးေ႐ြးခဲ့တဲ့ အစိုးရေနာ္ ကိုယ္စီကိုယ္စီက ေ႐ြးခ်ယ္ထားတဲ့ အစိုးရေတြပဲ က်ေနာ္တို႔ ကို အုပ္ခ်ဳပ္လို႔ရမယ္။ အဲ့လိုမွမဟုတ္ဘဲနဲ႔ ဒီလက္နက္ကို ျပၿပီးေတာ့မွ အုပ္ခ်ဳပ္တာမ်ိဳးကိုေတာ့ က်ေနာ္တို႔ လုံးဝလုံးဝမွ ဒါ လူသားတစ္ေယာက္အေနနဲ႔ လက္မခံႏိုင္ဘူး။”

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာလည္း စစ္အာဏာရွင္ ဆန္႔က်င္ေရးအတြက္ ရရာနည္းနဲ႔ ဆႏၵထုတ္ေဖာ္လ်က္ရွိတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဒီေန႔ေတာ့ တိုင္ေတြမွာေလ ဓာတ္တိုင္ေတြမွာ လိုက္ကပ္တဲ့ သပိတ္ေတာ့ရွိတယ္၊ ႐ုပ္ပုံမဟုတ္ဘူး၊ စာသားေတြေပါ့၊ စစ္အာဏာရွင္ဆန႔္က်င္ေရး၊ အုပ္ခ်ဳပ္လို႔မရေစရတို႔ ဘာတို႔ေပါ့၊ အုပ္ခ်ဳပ္မရေစရ အဲ့ဒါမ်ိဳးေပါ့၊ ပုသိမ္၊ ကေလး အကုန္လုံးက လိုက္ပိတ္ပင္တာေတြ မ်ားတယ္ေလ။ သူတို႔ရရာရရာ လုပ္ေနတာေပါ့၊ အခုလည္း ဆိုင္ကယ္သပိတ္ လုပ္ေနတယ္၊ အင္အားေတာ့ နည္းတယ္၊ ဒီမွာေတာ့ လိုက္ၿဖိဳခြင္းတာမ်ားေနလို႔ေလ၊ ၄၊ ၅၊ ၁၀ ေယာက္နဲ႔ပဲ လုပ္ေနရတာ ညေနပိုင္း ေန႔ခင္းပိုင္းေလး အဆင္ေျပသလိုေတာ့ လုပ္ေနတယ္။”

စစ္တပ္က ပစ္ခတ္ၿဖိဳခဲြခဲ့တဲ့ စစ္ကိုင္းတုိင္းထဲက ကေလးၿမိဳ႕မွာလည္း ဒီေန႔အထိ ခ်ီတက္ဆႏၵျပပြဲေတြ ႐ွိေနဆဲျဖစ္ပါတယ္။ သပိတ္လမ္းေၾကာင္း သုံးခုကေန စုစုေပါင္း အင္အား ၅၀၀ ေလာက္နဲ႔ ေန႔စဥ္ခ်ီတက္ခဲ့ၾကေပမယ့္ ဒီကေန႔မွာေတာ့ လက္နက္ကိုင္တပ္ဖြဲ႕ေတြက ပစ္ခတ္ၿဖိဳခြဲဖို႔ ႀကိဳးစားတဲ့အတြက္ အင္အား ၃၀၀ နီးပါးနဲ႔ စစ္ေၾကာင္း ႏွစ္ေၾကာင္းသာ ခ်ီတက္ခဲ့ၾကပါတယ္။ လူစုခြဲလို႔မၿပီးခင္ တပ္ေတြ ေရာက္လာတဲ့အတြက္ ထြက္ေျပးခဲ့ၾကရေပမယ့္ ဖမ္းဆီးခံရသူေတြ မရွိခဲ့ဘူးလို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း သံဃာ့သမဂၢသပိတ္အပါအဝင္ တပ္ေပါင္းစုသပိတ္ေတြဟာ မႏၲေလးၿမိဳ႕လမ္းမေတြေပၚမွာ ဆႏၵျပခဲ့ၾကပါတယ္။ စစ္တပ္နဲ႔ ထိပ္တိုက္မေတြ႕ေအာင္ တိမ္းေရွာင္ၾကရင္း ဆႏၵထုတ္ေဖာ္ၾကတဲ့ ေပ်ာက္ၾကားသပိတ္ေတြလည္း ရပ္ကြက္ေတြထဲဆက္လုပ္ၾကပါတယ္။

မေန႔က ၿဖိဳခြင္းခံခဲ့ရတဲ့ ေလာင္းလုံၿမိဳ႕က သပိတ္စစ္ေၾကာင္း ဒီကေန႔ လမ္းေပၚျပန္ထြက္လာၿပီး ဆႏၵျပခဲ့သလို ဖားကန႔္၊ ဒီေမာ့ဆို၊ မိတၳီလာ၊ ျမစ္ႀကီးနားနဲ႔ ပုဂံၿမိဳ႕သစ္ေတြမွာ လမ္းေလွ်ာက္သပိတ္၊ ဆိုင္ကယ္သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြ ဆင္ႏြဲၾကပါတယ္။

ဒါ့အျပင္ ေ႐ႊဘို ၊ ျမင္းၿခံ၊ နမၼတီး၊ ေမာ္လၿမိဳင္၊ ေပါင္နဲ႔ တျခားၿမိဳ႕ ေတြမွာလည္း လူမဲ့သပိတ္၊ ပန္းသပိတ္၊ အ႐ုဏ္ဦးသပိတ္နဲ႔ ညသပိတ္ေတြကို ပုံစံမ်ိဳးစုံျပဳလုပ္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။ နေ့ရောညပါ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူအများအပြား လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မရှိတော့ပေမယ့် လူငယ်တွေဦးဆောင်ပြီး အွန်လိုင်းပေါ်မှာ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ရန်ကုန်မြို့နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လနီးပါးကြာလာတဲ့အချိန်မှာ ရန်ကုန်မြို့ က ဆန္ဒပြပွဲတွေဟာ လမ်းပေါ်ထွက် ချီတက်တာမျိုးတွေ နည်းသွားပြီး အုပ်စုလိုက် ပျောက်ကြားသပိတ်ပုံစံတွေ လုပ်နေကြပါတယ်။ လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လူမဲ့သပိတ်၊ ဆေးနီသပိတ်တွေ ဒီကနေ့ ဆက်လုပ်ကြပါတယ်။

သာကေတမြို့နယ်ထဲမှာတော့ အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေရဲ့ပုံတွေကို ကွန်ဒုံးတွေထဲထည့်ပြီး လူလောကထဲကို ရောက်မလာခဲ့သင့်သူများဆိုပြီး စာတွေချိတ်ဆွဲထားတဲ့ ကွန်ဒုံးသပိတ် လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာ တပ်တွေ အင်အားအပြည့် နေရာယူထားတဲ့ နေရာတွေမှာ အစစ်အဆေးလည်း များတာကြောင့် ဆန္ဒပြအင်အားက နည်းနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“ဒီကနေ့ကတော့ ကျနော်တို့ အင်းစိန်၊ လှိုင်သာယာ၊ ရွေပြည်သာ တဝိုက်တွေက တော်တော်များများ မတွေ့ဘူးဗျ။ ဘာမှကို သိပ်မရှိဘူး၊ လှုပ်ရှားမှုတွေက။ စစ်တပ်တွေက ကျနော်တို့ အနီးအနားမှာရောက်နေတာကြောင့်လည်းပါတယ်။ တရက်နှစ်ရက်တော့ နားထားကြတယ်ဗျ။ ဒီဘက်မှာ စစ်တပ်ကြောင့် လှုပ်လို့မရတော့ ကျောင်းတွေ၊ နေရာကွက်လပ်တွေ၊ ဓမ္မာရုံတွေမှာ တပ်စွဲထားတာတွေများတော့၊ တခြားမြို့နယ်တွေ၊ စမ်းချောင်းတို့ မြို့ထဲဘက်တို့ဆိုရင် ထွက်နေကြပါတယ်။ လွတ်တဲ့နေရာတွေဆို ထွက်ကြတယ်။ အဓိကကတော့ ဒီနေ့ ဒီနေရာက လုပ်လိုက်ပြီဆိုရင် နောက်နေ့ အဲ့ဒီနေရာကို တပ်တွေရောက်လာတာမျိုးပေါ့။ နောက်နေ့နောက်နေ့တွေ အဲ့လိုခဏလွတ်တဲ့နေရာတွေမှာ သွားလုပ်ကြတာတွေရှိပါတယ်။ အဓိကက လမ်းပေါ်ထွက်ဆန္ဒပြတဲ့ သပိတ်မှောက် စစ်ကြောင်းတွေ၊ ပျောက်ကြားစနစ်နဲ့တော့ ရှိပါတယ်။ အနည်းအကျဉ်းတော့ လုပ်လို့ရတယ်ဗျ။ ဒါပေမယ့် မြို့နယ်အများစုကတော့ ဒီရက်ပိုင်း တစ်ရက်နှစ်ရက်မှာ အရမ်းအဖိခံထားရတယ်ဗျာ၊ ရပ်ကွက်တွေထဲမှာ လူစုလို့တောင် သိပ်မရဘူး။”

စစ်အာဏာသိမ်းပြီးနောက် အင်အားအမြောက်အများနဲ့ ဆန္ဒပြကြတဲ့ မုံရွာမြို့မှာလည်း ဒီနေ့ ဆန္ဒပြစစ်ကြောင်းတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးပြီး လူသတ်မှုအပါအဝင် အမှု ၃ ခုနဲ့ တရားစွဲထားပေမယ့်လည်း လူထုက အားမလျော့ဘဲ စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

‘အာဏာသိမ်း စစ်ကောင်စီက မုံရွာကိုအုပ်ချုပ်လို့ မရစေရ’ ဆိုတဲ့ ဆေးနီစာသားလှုပ်ရှားမှု ကမ်းပိန်းတစ်ခုကို စစ်တပ်ပစ်ခတ်လို့ ဆန္ဒပြသူတွေ သေဆုံးခဲ့တဲ့ လမ်းတွေမှာ ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ သပိတ်ဦးဆောင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဝင်းဇော်ခိုင်က ပြောပါတယ်။

“နည်းမျိုးစုံနဲ့ သူတို့က ခြိမ်းခြောက်တာပေါ့၊ ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ ပြည်သူလူထုကို ငြိမ်ဝပ်ပိပြားအောင် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေ မည်သို့ပင်လုပ်စေကာမူ ဟောဒီပြည်သူ လူထုကြီးပေါ့နော် မုံရွာပြည်သူလူထုကြီးကို သူတို့အနေနဲ့ အုပ်ချုပ်လို့ မရစေရဘူးနော်။ မုံရွာပြည်သူလူထုကြီးရဲ့ ဒီရာဇသံအနေနဲ့ ပေးလိုက်တာပါပဲနော်၊ မည်သို့ပင် ဖိနှိပ်မှုတွေ ခြိမ်းခြောက်မှုတွေနော် ဖြိုခွဲမှုတွေ ပြုလုပ်စေကာမူ ဟောဒီကျနော်တို့ မုံရွာပြည်သူလူထုကြီးကို စစ်အာဏာရှင်အနေနဲ့လုံးဝအုပ်ချုပ်လို့ မရစေရဘူးဆိုတဲ့ ကမ်ပိန်းကို ကျနော်တို့ရဲ့ အာဇာနည်လမ်းမှာ ကျနော်တို့ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်လုပ်ရပ်တိုင်းကို ကျနော်တို့ ပြည်သူလူထုကြီးက လုံးဝလက်မခံဘူး၊ ကျနော်တို့ မုံရွာမြို့မှာမှ မဟုတ်ပါဘူး ဟောဒီကမ္ဘာကြီးမှာရော ဟောဒီနိုင်ငံတစ်ဝန်းမှာရော ဆိုတော့နော် လူသားတွေ သတ်ဖြတ်တာတွေမျိုး မတရားအတင်းအဓမ္မဖမ်းချုပ်ပြီးတော့မှနော် အတင်းအဓမ္မဝင်ရောက်ပြီးတော့မှ ဖမ်းဆီးပြီးတော့မှ အုပ်ချုပ်တာမျိုးကို ကျနော်တို့ လက်ခံလို့မရဘူး၊ အဲ့လိုမျိုး ကိုယ်တင်မြှောက်တဲ့အစိုးရ၊ ကိုယ်မဲပေးရွေးခဲ့တဲ့ အစိုးရနော် ကိုယ်စီကိုယ်စီက ရွေးချယ်ထားတဲ့ အစိုးရတွေပဲ ကျနော်တို့ ကို အုပ်ချုပ်လို့ရမယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ ဒီလက်နက်ကို ပြပြီးတော့မှ အုပ်ချုပ်တာမျိုးကိုတော့ ကျနော်တို့ လုံးဝလုံးဝမှ ဒါ လူသားတစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး။”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ရရာနည်းနဲ့ ဆန္ဒထုတ်ဖော်လျက်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့ တိုင်တွေမှာလေ ဓာတ်တိုင်တွေမှာ လိုက်ကပ်တဲ့ သပိတ်တော့ရှိတယ်၊ ရုပ်ပုံမဟုတ်ဘူး၊ စာသားတွေပေါ့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အုပ်ချုပ်လို့မရစေရတို့ ဘာတို့ပေါ့၊ အုပ်ချုပ်မရစေရ အဲ့ဒါမျိုးပေါ့၊ ပုသိမ်၊ ကလေး အကုန်လုံးက လိုက်ပိတ်ပင်တာတွေ များတယ်လေ။ သူတို့ရရာရရာ လုပ်နေတာပေါ့၊ အခုလည်း ဆိုင်ကယ်သပိတ် လုပ်နေတယ်၊ အင်အားတော့ နည်းတယ်၊ ဒီမှာတော့ လိုက်ဖြိုခွင်းတာများနေလို့လေ၊ ၄၊ ၅၊ ၁၀ ယောက်နဲ့ပဲ လုပ်နေရတာ ညနေပိုင်း နေ့ခင်းပိုင်းလေး အဆင်ပြေသလိုတော့ လုပ်နေတယ်။”

စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာလည်း ဒီနေ့အထိ ချီတက်ဆန္ဒပြပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။ သပိတ်လမ်းကြောင်း သုံးခုကနေ စုစုပေါင်း အင်အား ၅၀၀ လောက်နဲ့ နေ့စဉ်ချီတက်ခဲ့ကြပေမယ့် ဒီကနေ့မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲဖို့ ကြိုးစားတဲ့အတွက် အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်း နှစ်ကြောင်းသာ ချီတက်ခဲ့ကြပါတယ်။ လူစုခွဲလို့မပြီးခင် တပ်တွေ ရောက်လာတဲ့အတွက် ထွက်ပြေးခဲ့ကြရပေမယ့် ဖမ်းဆီးခံရသူတွေ မရှိခဲ့ဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း သံဃာ့သမဂ္ဂသပိတ်အပါအဝင် တပ်ပေါင်းစုသပိတ်တွေဟာ မန္တလေးမြို့လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်နဲ့ ထိပ်တိုက်မတွေ့အောင် တိမ်းရှောင်ကြရင်း ဆန္ဒထုတ်ဖော်ကြတဲ့ ပျောက်ကြားသပိတ်တွေလည်း ရပ်ကွက်တွေထဲဆက်လုပ်ကြပါတယ်။

မနေ့က ဖြိုခွင်းခံခဲ့ရတဲ့ လောင်းလုံမြို့က သပိတ်စစ်ကြောင်း ဒီကနေ့ လမ်းပေါ်ပြန်ထွက်လာပြီး ဆန္ဒပြခဲ့သလို ဖားကန့်၊ ဒီမော့ဆို၊ မိတ္ထီလာ၊ မြစ်ကြီးနားနဲ့ ပုဂံမြို့သစ်တွေမှာ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆင်နွဲကြပါတယ်။

ဒါ့အပြင် ရွှေဘို ၊ မြင်းခြံ၊ နမ္မတီး၊ မော်လမြိုင်၊ ပေါင်နဲ့ တခြားမြို့ တွေမှာလည်း လူမဲ့သပိတ်၊ ပန်းသပိတ်၊ အရုဏ်ဦးသပိတ်နဲ့ ညသပိတ်တွေကို ပုံစံမျိုးစုံပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG