သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြအလုပ်သမားတွေ ကမ္ဘေားဒီးယား ဖမ်းဆီးမှု ကုလရှုတ်ချ


NagaWorld Casino ဝန်ထမ်းတွေ ဖနွမ်ပင်မြို့မှာ ဆန္ဒပြနေကြ။ (January 4, 2022. REUTERS/Cindy Liu)
NagaWorld Casino ဝန်ထမ်းတွေ ဖနွမ်ပင်မြို့မှာ ဆန္ဒပြနေကြ။ (January 4, 2022. REUTERS/Cindy Liu)

=== [ Zawgyi ]===

ဆန္ဒပြအလုပ်သမားတွေ ကမ္ဘေားဒီးယား ဖမ်းဆီးမှု ကုလရှုတ်ချ

ကမ္ဘောဒီယားနိုင်ငံမှာ နှစ်သစ်ကူးအကြိုနေ့စဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း အနည်းဆုံး အလုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ တက်ကြွလှုပ်ရှားသူ ၂၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ UNOCHA က မနေ့ ဗုဒ်ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ကြသူတွေထဲက အကြမ်းဖက်ဖမ်းဆီးခံရသူအများစုဟာ မိန်းခလေးတွေဖြစ်ကြကြောင်းနဲ့ အဲဒီလို အကြမ်းဖက်ဖမ်းဆီးတာဟာ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စီတန်းလှည့်လည်ခွင့် တို့ကို ဆန့်ကျင်ရာရောက်တယ်လို့ လည်း လွတ်လပ်တဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောကြားကြောင်း ဖော်ပြထားပါတယ်။

အဲဒီလို အကြမ်းဖက်လုပ်ရပ်ကို မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီကိစ္စကို မိမိတို့က အနီးကပ်စောင့်ကြည့်နေပါကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဲဒီလိုလုပ်ရပ်အတွက် ကမ္ဘောဒီယားအစိုးရအနေနဲ့ ရှင်းလင်းပေးဖို့လည်း ကုလကျွမ်းကျင်သူတွေက တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံရသူ ၉ ဦးထဲမှာ အမျိုးသမီးက ၇ ဦးဖြစ်ပြီး ကျန် ၂ ဦးက အမျိုးသားများဖြစ်ကြကာ သူတို့ဟာ ဆူပူလှုပ်ရှားမှုတွေဖြစ်ပွားအောင် လှုံဆော်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားရကြောင်းနဲ့ သူတို့နဲ့အတူ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြသူတွေကိုတော့ ပြန်လည်ပြီး လွှတ်ပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

နှစ်သစ်ကူးအကြိုနေ့ က ညပိုင်းမှာ ဆန္ဒပြသူတွေထဲက ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်းနဲ့ အဲဒီနောက် ဆက်လက်ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့က ၁၇ဦးကို ဖမ်းဆီးခဲ့ကာ နောက်တနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာလည်း အလုပ်သမားသမဂ္ဂ ဥက္ကဌ Chhim Sithar အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို သီးခြားစီဖမ်းဆီးခံခဲ့ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖနွမ်းပင်မြို့တော်က Naga World Casino လောင်းကစားရုံ နဲ့ အပန်းဖြေစခန်းကနေ အလုပ်သမား ၃၆၅ ဦးကို ထုတ်ပယ်ခဲ့တာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ကတည်းက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


==={ Unicode }===

ဆန်ဒပွအလုပျသမားတှေ ကမ်ဘေားဒီးယား ဖမျးဆီးမှု ကုလရှုတျခြ







XS
SM
MD
LG