သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ဘာသာရေးနဲ့လူမှုအသင်းများ မလေးရှားမြန်မာသံရုံးရှေ့ ရခိုင်အရေး ဆန္ဒပြ


မလေးရှားမြန်မာသံရုံးရှေ့ ရခိုင်အရေး မလေးရှား ဘာသာရေးနဲ့ လူမှုအသင်းများ ဆန္ဒပြ (စက်တင်ဘာ ၈-၂၀၁၇)
မလေးရှားမြန်မာသံရုံးရှေ့ ရခိုင်အရေး မလေးရှား ဘာသာရေးနဲ့ လူမှုအသင်းများ ဆန္ဒပြ (စက်တင်ဘာ ၈-၂၀၁၇)

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်ပြီး သတ်ဖြတ်မူတွေကို ရပ်တန့်ပေးဖို့ဆိုပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မလေးရှားဘာသာရေးအဖွဲ့တွေနဲ့ လူမှုအသင်းတွေက ပူးပေါင်းပြိး အင်အားရာဂဏန်းလောက်ဆန္ဒပြခဲ့ကြပါတယ်။ အသေးစိတ် ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မူတွေနဲ့ပတ်သက်လို့ မူဆလင်တွေ သတ်ဖြတ်ခံနေရတယ်ဆိုပြီး မလေးရှားနိုင်ငံက ဘာသာရေးနဲ့ လူမူရေးအဖွဲအစည်းတွေက မလေးရှားနိုင်ငံမြန်မာသံရုံးရှေ့မှာ စက်တင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြောင်းမြန်မာနိုင်ငံသားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ကွာလာလမ်ပူရဲ့ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပြပါတယ်။

"ဒီနေ့ဆိုရင် မလေးရှားမှာရှိတဲ့ ဘာသာရေး ပါတီတွေကနေ ညနေပိုင်း ၃နာရီလောက်မှာ မြန်မာသံရုံးဘက်မှာ ဆန္ဒပြတယ် ။ ၃၀ရက်နေ့က ပြသွားတာတော့ တအားများတယ်။ ဒီနေ့တော့ ကျနော်ထင်တယ် အဲ့လောက်တော့ ရှိမယ်မထင်ဘူး။ ဟိုရက်ပိုင်းက ဖမ်းတာဆီးတာလည်း ရှိတယ်လေ။"

ဆန္ဒြုပနေချိန်မှာ မလေးရှားနိုင်ငံမြန်မာသံရုံးထဲမှာ ရှိနေတဲ့ လူမူရေးလှုပ်ရှားသူ ကိုသီဟမောင်မောင်က ဆန္ဒပြသူတွေရဲ့တောင်းဆိုမူတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

" ဘာသာရေးအဖွဲ့အစည်းဘက်က လူတွေလည်းပါတယ် ဘာသာရေးဆိုတာ မလေးရှားနိုင်ငံက အဖွဲ့အစည်းနဲ့လွှတ်တော်က လူတချို့လည်းပါတယ်ပေါ့။ ဆန္ဒပြတာက သူတို့က ဒီမှာဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ဟာတွေကို လူမျိုးသုန်း သတ်ဖြတ်မှုကို ရပ်ပေးဖို့ပေါ့ ဒါတွေကိုပဲ သူတို့အော်ပြီးတော့ ဆန္ဒပြသွားတာပါ။ ဒါပေမဲ့ သူတို့စာတော့ ပေးသွားတယ်ဗျ။"

လောလောဆယ် ဒီနေ့ မလေးရှားနိုင်ငံမြန်မာသံရုံးထဲကိုလာပြီး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်လာလုပ်တဲ့သူတွေလည်း စိုးရိမ်မူတွေရှိပေမဲ့ မြန်မာသံရုံးဘက်ကတော့ ကာကွယ်မူတွေလုပ်ပေးထားတယ်လို့ပြောပါတယ်။

"တာဝန်ရှိသူတွေက စာလက်ခံယူလိုက်တယ်ပေါ့။ သံရုံးအနေနဲ့က ရှိနေတဲ့သူတွေ CI လာလျှောက်တဲ့သူတွေ ပတ်စပို့သက်တမ်းလာတိုးတဲ့သူတွေကို အပြင်မှာ လုံခြုံရေး စိတ်မချရတဲ့အချိန်အထိ ရုံးထဲကနေ ပေးမထွက်ဘူးပေါ့။ လုံခြုံရေးစိတ်ချရပြီဆိုတော့မှ အဲ့လူတွေကို ပြန်ခွင့်ပြုတယ်။ ဒီနေ့က ရုံးထဲမှာလည်း လူတော်တော်များများရှိနေတယ် ရှိနေတဲ့သူတွေအတွက်လည်း သူတို့အတွက် လုံခြုံရေးအတွက်ကို သံရုံးအနေနဲ့ ကာကွယ်ပေးထားတယ်ပေါ့။"

မလေးရှားနိုင်ငံ သတင်းတွေထဲမှာတော့ မြန်မာနိုင်ငံထဲမှာ သတ်ဖြတ်နေမူတွေကို ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့ အကြောင်းရေးသားနေသလို ကွာလာလမ်ပူက အဓိကရုန်းနှိမ်နင်းရေးရဲတွေကတော့ ဆန္ဒပြမူတွေကြီးကြီးမားမားဖြစ် လာတာကို မလိုလားတဲ့အကြောင်း ဒီလိုဖြစ်နေတဲ့အတွက် ထိန်းချုပ်ရခက်တယ်လို့ ရေးသားဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်ကလည်း အခုလိုမျိုးဆန္ဒြပမူတွေဖြစ်ခဲ့ပြီး လူ၄၀ကျော်ကို မလေးရှားရဲတွေက ထိန်းသိမ်းခဲ့ပါတယ် ။

ကုလသမဂ္ဂသတင်းအရ မြန်မာနိုင်ငံရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုလှုံထွက်ပြေးသူ ၁၆၄၀၀၀လောက် ရှိနေပြီး ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒီအတွက်နိုင်ငံတကာမှာတော့ မြန်မာအစိုးရကို ဝေဖန်မူတွေမြင့်တက်လာပြီး မလေးရှား အင်ဒိုနီးရှား ရုရှား စတဲ့နိုင်ငံတွေမှာ ဆန္ဒပြမူတွေ ရှိနေတာပါ။ မလေးရှားနိုင်ငံမှာတော့ မြန်မာအလုပ်သမား တွေ တရားဝင်ရော၊ တရားမဝင်ပါ စုစုပေါင်း ၅သိန်းလောက်ရှိနေပြီး အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG