(Zawgyi / Unicode)
အခုနှစ် ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၁၆ နိုင်ငံထက်မနည်းမှာ အခုနှစ်အတွင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။
အာရှနိုင်ငံတွေထဲက ဟောင်ကောင်မှာဆိုရင်တော့ တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မတ်လမှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကနေစပြီး သီတင်းပတ်ကုန်တိုင်း ဆန္ဒပြပွဲတွေ လုပ်ခဲ့တာဟာ အခုဆိုရင် ၅ လကျော်လာခဲ့ပြီဖြစ်ပြီး လူတွေသန်းနဲ့ချီ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေက တခါတရံမှာ အကြမ်းဖက်တာတွေအထိ ဖြစ်ခဲ့ပြီး လုံခြုံရေးတွေဘက်ကလည်း အင်အားသုံး နှိမ်နင်းတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလက အဂတိလိုက်စားမှှု တိုက်ဖျက်ရေးကော်မရှင် အားနည်းလာတာကြောင့် မြို့ကြီးတချို့မှာ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံမှာဆိုရင်လည်း လုပ်ခလစာ မလုံလောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဝင်ငွေမညီမျှမှုတွေကြောင့် ဆန္ဒပြတာတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သလို ရုရှားနဲ့ စပိန်နိုင်ငံတွေမှာလည်း ဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီး ရုရှားနိုင်ငံမှာ ၁၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့တွေလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချခံခဲ့ရပါတယ်။
အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အီရတ်နိုင်ငံတွေမှာ လောင်စာဆီဈေး တက်တာတွေ၊ အဂတိလိုက်စားမှုတွေ၊ အစိုးရကနေ အများပြည်သူကို ပေးတဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတာတွေကြောင့် ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့ပြီး အီရန်နိုင်ငံမှာဆိုရင် ၁၄၀ ကျော်နဲ့ အီရတ်နိုင်ငံမှာတော့ ၃၀၀ ကျော် သေဆုံးခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကတိုက်ဘက်မှာဆိုရင်လည်း အီကွေဒေါ၊ ချီလီ၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဟေတီ စတဲ့နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာတော့ အီဂျစ်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
--------------------------------------
(Unicode)
ကမ်ဘာအနှံ့ဖွဈနတေဲ့ ဆန်ဒပွပှဲမြား