သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူလစ်ဇာသတင်းဆုများ ProPublica သတင်းစာနဲ့ AP ဌာန ရရှိ 


ဆန်ဒီယေဂိုမြို့မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို စေတနာရှင်တွေက အဝတ်အစားတွေ လာရောက်ဝေငှနေပုံ မေလ ၁၂၊ ၂၀၂၃ နဲ့ အေပီဓာတ်ပုံသတင်းထောက် ၂၀၂၄ ခုနှစ် ပူ စ်ဇာဆုရရှိ။ (
ဆန်ဒီယေဂိုမြို့မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို စေတနာရှင်တွေက အဝတ်အစားတွေ လာရောက်ဝေငှနေပုံ မေလ ၁၂၊ ၂၀၂၃ နဲ့ အေပီဓာတ်ပုံသတင်းထောက် ၂၀၂၄ ခုနှစ် ပူ စ်ဇာဆုရရှိ။ (

၂၀၂၃ ခုနှစ်အတွင်း သတင်းလောကရဲ့အမြင့်ဆုံး ပူလစ်ဇာဆုရသူစာရင်းကို တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ ခရီးစဥ်တွေနဲ့ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို ဘီလီယံနာသူဌေးကြီးတွေ ဘယ်လိုချဥ်းကပ်ကြသလဲဆိုတာ ဖော်ထုတ်ရေးသားခဲ့တဲ့ နယူးယောက်အခြေစိုက် ProPublica သတင်းစာတိုက်က သတင်းလောကရဲ့အမြင့်ဆုံး အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ပူလစ်ဇာဆုချီးမြှင့်ခံရပါတယ်။

AP သတင်းဌာနကတော့ လက်တင်အမေရိကတိုက်ကိုဖြတ်ပြီး အမေရိကန် ပြည်ထောင်စုကို လာရောက်ကြတဲ့ ကမ္ဘာတဝန်းက ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအတွက် ပူလစ်ဇာဆု ရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ အခြားသတင်းလုပ်ငန်းအမျိုးအစားတွေအပြင် အနုပညာ၊ ကဗျာ၊ စာပေ၊ ဂီတနဲ့ ပြဇာတ် စတဲ့ အခြားဆု ၁၅ ခုအတွက် ဆုရွေးချယ်ခံရသူစာရင်းကိုလည်း တနင်္လာနေ့မှာပဲ ပူလစ်ဇာဆုရွေးချယ်ရေးအဖွဲ့က ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ ပူလစ်ဇာဆုကို သတင်းစာပုံနှိပ်ထုတ်ဝေသူ Joseph Pulitzer က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်က ဒီကနေ့ထိ ဆက်ပြီးစီမံခန့်ခွဲနေတာဖြစ်ပါတယ်။

ပူလစ်ဇာသတင်းဆုများ ProPublica သတင်းစာနဲ့ AP ဌာန ရရှိ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG