သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရး ရာထူးႀကီးသူေတြ အတြက္ ေနျပည္ေတာ္မွာ ေျမကြက္ေပးမယ့္ အစီအစဥ္


(Zawgyi/ Unicode)

အစိုးရ သက္တမ္းကုန္ခါနီး အခ်ိန္မွာဘဲ အစိုးရ ထိပ္ပိုင္း တာ၀န္ရွိသူေတြက ေနျပည္ေတာ္မွာ ေျမကြက္ေတြ ရယူဖို႔ ေဆာင္ရြက္ေနၾကပါတယ္။ ဒီလို အခြင့္ထူးခံ အစဥ္အလာက ျပည္သူ ေရြးေကာက္ တင္ေျမွာက္ထားတဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD အစိုးရဘက္က မူအားျဖင့္ ဆက္လက္ လက္ခံ ေဆာင္ရြက္ေနပါသလား။ ဒီလို အစိုးရ အႀကီးအကဲေတြ အႀကီးတန္း တာ၀န္ရွိသူေတြ အခြင့္ထူး ရယူေနတဲ႔ အစဥ္အလာက ျမန္မာ့ စီးပြားေရး အေပၚမွာေတာ့ ထိခိုက္ေစတယ္လို႔ ရႈျမင္တဲ႔ NLD ပါတီ စီးပြားေရး ေကာ္မတီမွာ အတြင္းေရးမွဴး အျဖစ္ ေဆာင္ရြက္ခဲ႔တဲ႔ စီးပြားေရး လုပ္ငန္းရွင္ ဦးမင္းခင္နဲ႔ ေဆြးေႏြးတင္ျပပါမယ္။ က်မ သိဂၤ ီထိုက္ပါ။

ဦးမင္းခင္ ။ ။ အခုကေတာ့ အျပင္မွာ သတင္းျဖစ္ခဲ႔တာက အခု ဒီ သမၼတရံုး ေျပာေရး ဆိုခြင့္ ရွိသူက အတည္ျပဳလိုက္တဲ႔ သေဘာေပါ့ေနာ္။ ေျမကြက္ အက်ယ္အ၀န္းေတြပါ ပါတယ္ေပါ့။ အဲေတာ့ သမၼတတို႔ အတိုင္ပင္ခံ တို႔က အရြယ္အစား တခု ၊ ေနာက္ ျပည္ေထာင္စု ၀န္ႀကီး၊ ဒု ၀န္ႀကီး စသျဖင့္ ေလွ်ာက္ထားသူေတြကို ေျမကြက္ေတြ ခ်ေပးမယ္။ အဲေတာ့ ေနာက္ထပ္ ေလွ်ာက္ထားသူေတြကိုလည္း ေပးမယ္ေပါ့ဗ်ာ။ ဆိုေတာ့ သတင္းကေတာ့ အတည္ျဖစ္သြားတာေပါ့။

သိဂၤ ီထိုက္ ။ ။ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းကို ေျမကို ေစ်းသက္သက္သာသာနဲ႔ ၀ယ္ခြင့္ရတယ္ဆိုၿပီး ေ၀ဖန္မႈေတြ ထြက္ေနတာလည္း မၾကာေသးပါဘူး ဆရာ။ ဆိုေတာ့ ဒီလို ကိစၥမ်ိဳး ထပ္ထြက္လာေတာ့ ဒီကိစၥက ေျပာစရာ ဆိုစရာ ေကာင္းတဲ႔ ကိစၥမ်ား ျဖစ္လာပါသလား ဆရာ။

ဦးမင္းခင္ ။ ။ က်ေနာ္တို႔ ဒါေတြက အရင္ စစ္အစိုးရ အဆက္ဆက္ေရာ ၿပီးခဲ႔တဲ႔ ဦးသိန္းစိန္ အစိုးရ လက္ထက္မွာေရာ လုပ္ခဲ႔ ကိုင္ခဲ႔တာေတြေလ။ တကယ္ေတာ့ ေျပာမယ္ဆိုရင္ေတာ့ ဆိုရွယ္လစ္ေခတ္ ဦးေန၀င္းေခတ္ ကတည္းက စတာေပါ့။ ဒီလို အခြင့္အေရးယူတဲ႔ အစဥ္အလာက က်ေနာ္တို႔ ႏုိင္ငံမွာ ေတာ္ေတာ္ေစာေစာ ကတည္းက ရွိတယ္ဗ်။ ဆိုေတာ့ က်ေနာ္႔ အျမင္ကေတာ့ ဒါက အေျပာင္းအလဲကို ႀကိဳးစားေနရတဲ႔ ကာလမွာ ဆက္လုပ္သင့္တဲ႔ အစဥ္အလာ တခုေတာ့ မဟုတ္ဘူး။

ေနာက္ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းကို ေျမကြက္ေပးတဲ႔ အခါမွာ သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ေျပာသြားတာက ဒီ ျပည္ေထာင္စု ၾကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရး ပါတီိတို႔ ဘာတို႔လည္း ပါတယ္။ ဆိုေတာ့ ေရွ႕ ေနာက္ မညီဘူူး ျဖစ္ေနတာေပါ့ေနာ္။ အဲဒီမွာဘဲ ဆက္ၿပီးေတာ့ နီးစပ္ရာ အဖြဲ႔အစည္းေတြ ေျမကြက္ေတြ ခ်ေပးတယ္၊ ေနာက္တခါ ခုနက ကိစၥနဲ႔ ဆက္စပ္ရင္ အျမင့္ဆံုး တာ၀န္ရွိသူေတြ ေအာက္က ညႊန္ခ်ဳပ္တို႔ ရာထူးႀကီးသူေတြေပါ့ေနာ္ ဒါေတြကုိ ေျမကြက္ေတြ ခ်ေပးတယ္။ အရင္ ကားေတြလည္း ေပးခဲ႔တယ္ ဆိုေတာ့ ဒါက ဒီလုိသာ ေပးၾကစတမ္းဆိုရင္ အစိုးရ အဆက္ဆက္ တက္လာသမွ် ဒီလိုဘဲ ဆက္သြားေနမွာလားေပါ့။ က်ေနာ္တို႔မွာ သင့္ေတာ္တဲ႔ လုပ္သင့္ ကိုင္သင့္တဲ႔ စနစ္ မရွိဘူးလားေပါ့ေနာ္ ဒီလို ျဖစ္ေနတယ္။

သိဂၤ ီထိုက္ ။ ။ ဒီအစဥ္အလာက NLD အစိုးရ အေနနဲ႔ လက္ရွိ အစိုးရ အေနနဲ႔ ဒီလို အစဥ္အလာမ်ိဳးေတြကို ဖ်က္မယ္၊ ေဖ်ာက္ဖ်က္ပစ္ရမယ္၊ ရပ္တန္႔ ပစ္ရမယ္ ဆိုတဲ႔ မူ၀ါဒမ်ိဳး မရွိတာလား။ ဆရာတို႔လည္း ထဲထဲ၀င္၀င္ သိေနၾက လုပ္ခဲ႔ၾကတာဘဲ။ ဆရာ ဘယ္လို ျမင္ပါလဲရွင့္။

ဦးမင္းခင္ ။ ။ ခက္တာက ဒီလိုဗ်ာ။ က်ေနာ္တို႔ ႏုိင္ငံေရး အရ ရုန္းကန္ ရပ္တည္လာခဲ႔တဲ႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္လို အစဥ္အလာ ရွိတဲ႔ အဖြဲ႔အစည္း အေနနဲ႔ကေတာ့ အဖြဲ႔အစည္း သေဘာထား အရ ႏုိင္ငံေရး ရပ္တည္ခ်က္ အရ ဒါေတြကို သြားဖို႔ မဟုတ္ဘူးဗ်။ သို႔ေသာ္ ႏုိင္ငံေရး ရာထူးမွာ ႏုိင္ငံေရးသမား ႏုိင္ငံေရး ရွိတဲ႔သူေတြ မပါတာ၊ ေနာက္ ခိုင္မာတဲ႔ မူ၀ါဒ က်ေနာ္တို႔ မခ်ႏုိင္တာေပါ့ေနာ္။ ဒါေတြေပၚမွာ ဘာက ထပ္ေဆာင္းသြားလဲ ဆိုေတာ့ အရင္ ရွိခဲ႔တဲ႔ ယႏၱယား အရင္ ရွိခဲ႔တဲ႔ အစဥ္အလာေတြ မျပင္ႏုိင္တဲ႔ အခါ ဒီထဲမွာမ်ား ေမ်ာပါသြားသလား ေပါ႔ေနာ္။

က်ေနာ္တို႔ ဆီမွာလည္းဘဲ ဒီ အာဏာရွင္ ေခတ္အဆက္ဆက္ရဲ႕ လႊမ္းမိုးတာက တိုင္းသူျပည္သားေတြထဲ ထဲထဲ၀င္၀င္ ေရာက္ေနတာကိုး။ ဆိုေတာ့ ဒီလို ျဖစ္တာေတာ့ ေတာ္ေတာ္ေလး အဆင္မေျပဘူးေပါ့ဗ်ာ။ စိတ္မေကာင္းစရာလည္း ျဖစ္တာေပါ့ေနာ္။
သို႔ေသာ္ ေအာက္ေျခနဲ႔ အဖြဲ႔ခ်ဳပ္ ဒီ ပါတီနဲ႔မွာ ႏုိင္ငံေရး အရကေတာ့ ဒီသေဘာ မရွိပါဘူး။ ဒါေပမယ့္ တကယ္ ဆံုးျဖတ္ခ်က္ ခ်တဲ႔ လူေတြမွာေတာ့ မူအရေရာ ႏုိင္ငံေရး အရေရာ ဒီထက္ ပိုၿပီးေတာ့ အေလးအနက္ထားဖို႔ လိုတယ္ ေျပာရမွာေပါ့ေနာ္။

သိဂၤ ီထိုက္ ။ ။ အရင္တခါကလည္း ေတာ္ေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္ခဲ႔တာက ကားပါမစ္ေတြေပါ့ေနာ္။ သိန္း ရာနဲ႔ ေထာင္နဲ႔ခ်ီ သက္သာမယ့္ ကားပါမစ္ေတြ ခ်ေပးမယ္ဆိုတုန္းကလည္း စီးပြားေရး ေလာကမွာ အေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္ပါတယ္။ သာမန္ လူထုေတြ အေနနဲ႔ကေတာ့ အခြန္ကို ႀကီးေလးစြာ ထမ္းေဆာင္ရၿပီးေတာ့ ဒီ အစိုးရပိုင္းကေရာက္ေတာ့ အခြန္ သက္သာခြင့္ ရမယ္ဆိုတဲ႔ ဟာမ်ိဳး။ မ်ားေသာ အားျဖင့္ ဒီ ကားပါမစ္ ေပးတုန္းကလည္း ဒါ ၀န္ထမ္းကေတာ့ ၀ယ္မွာ မဟုတ္ဘူး တဆင့္ေပါ့ေနာ္ ပြဲစားဆီကို ေရာက္မွာဘဲ ဆိုၿပီး ေျပာၾက ဆိုၾကလည္း ရွိတယ္ ဆိုေတာ့ စီးပြားေရး ေလာက အေပၚမွာ တန္းတူ ယွဥ္ၿပိဳင္ႏုိင္ခြင့္ အေပၚမွာ ဘယ္ေလာက္ ရိုက္ခတ္ပါသလဲရွင္႔ ဆရာ။

ဦးမင္းခင္ ။ ။ ရိုက္ခတ္တာေပါ့။ က်ေနာ္တို႔ အနည္းနဲ႔ အမ်ား ရုိက္ခတ္ပါတယ္။ ေနာက္တခု ဆိုးတာက ဒီ အခြင့္အေရး ပါမစ္ နဲ႔ သြားေနတဲ႔ အစဥ္အလာက က်ေနာ္တို႔မွာ ေတာ္ေတာ္ ခို္င္ခဲ႔တာေလ။ အဲဒါေၾကာင့္ ခရိုနီလို႔ ေခၚၾကတဲ႔ အခြင့္ထူးေတြနဲ႔ ခ်မ္းသာၾကတဲ႔ အမ်ားျပည္သူ အေပၚမွာ အျမတ္ထုတ္တဲ႔ဟာ ေပၚခဲ႔တာကိုး။ ဆိုေတာ့ ဒီဟာက ေသခါနီး နဂါးကို အသက္သြင္း သလိုေပါ့ေနာ္။ စီးပြားေရး ေလာကမွာ ဒီလိုဘဲ အခြင့္ထူး ရွာရမယ္၊ ဦးရာလူ စားရမယ္ ဆိုတဲ႔ တိုင္းျပည္ကို ႏွစ္ခဲ႔တဲ႔ လမ္းေၾကာင္းကို က်ေနာ္တို႔ ျပန္သြားရာ ေရာက္တာေပါ့။ အဲဒါကို ျပန္အားေပးရာ ေရာက္တာေပါ့။

က်ေနာ္တို႔ လူထုကေတာ့ ၀န္ထမ္းကို ဒါေပးတာလည္း က်ေနာ္တို႔ ၀န္ထမ္းရဲ႕ တရား၀င္ ရတဲ႔ ၀င္ေငြ အားနည္းတာ။ အဲေတာ့ ၀န္ထမ္းကို ေပးသင့္ ေပးထိုက္တာ ေပးတာကို က်ေနာ္ထင္တယ္ လူထုက ေက်နပ္မွာပါ။ သို႔ေသာ္လည္း ဒီ စနစ္ေဟာင္းကို ျပန္အသက္သြင္းတဲ႔ ပံုစံမ်ိဳး ျဖစ္ရတာကေတာ့ စီးပြားေရး ေလာကမွာလည္း ဒီလိုဘဲ ခြင္ရွာရအံုးမွာလားေပါ့ေနာ္။ ရွာခဲ႔တာေတြလည္း ရွိတာကိုး။

ေျပာင္းသေလာက္လည္း ေျပာင္းသြားေပမယ့္ ရွိသေလာက္လည္း ရွိေနေသးေတာ့ အဲဒီ အတြက္ကို အားေပးရာ ေရာက္တယ္။ ေရာက္ရင္ ကမၻာက သြားတဲ႔လမ္း က်ေနာ္တို႔ သြားသင့္တဲ႔ လမ္းနဲ႔ ေျပာင္းျပန္ ေလွ်ာက္သလို ျဖစ္ေနပါတယ္။ အဲေတာ့ ထိခုိက္မႈကေတာ့ ေသခ်ာေပါက္ ရွိေနတာဘဲ။ တျခားကိစၥေတြလည္း ရွိေနတယ္။ ေျပာစရာေတြေတာ့ အမ်ားႀကီးေပါ့ဗ်ာ။ ဒါကလည္း ဥပမာဘဲဗ်။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ရွင့္။ ဆရာ ဦးမင္းခင္ အထူးဘဲ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံရေး ရာထူးကြီးသူတွေ အတွက် နေပြည်တော်မှာ မြေကွက်ပေးမယ့် အစီအစဉ်


အစိုးရ သက်တမ်းကုန်ခါနီး အချိန်မှာဘဲ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက နေပြည်တော်မှာ မြေကွက်တွေ ရယူဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီလို အခွင့်ထူးခံ အစဉ်အလာက ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရဘက်က မူအားဖြင့် ဆက်လက် လက်ခံ ဆောင်ရွက်နေပါသလား။ ဒီလို အစိုးရ အကြီးအကဲတွေ အကြီးတန်း တာဝန်ရှိသူတွေ အခွင့်ထူး ရယူနေတဲ့ အစဉ်အလာက မြန်မာ့ စီးပွားရေး အပေါ်မှာတော့ ထိခိုက်စေတယ်လို့ ရှုမြင်တဲ့ NLD ပါတီ စီးပွားရေး ကော်မတီမှာ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင်နဲ့ ဆွေးနွေးတင်ပြပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။

ဦးမင်းခင် ။ ။ အခုကတော့ အပြင်မှာ သတင်းဖြစ်ခဲ့တာက အခု ဒီ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူက အတည်ပြုလိုက်တဲ့ သဘောပေါ့နော်။ မြေကွက် အကျယ်အဝန်းတွေပါ ပါတယ်ပေါ့။ အဲတော့ သမ္မတတို့ အတိုင်ပင်ခံ တို့က အရွယ်အစား တခု ၊ နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒု ဝန်ကြီး စသဖြင့် လျှောက်ထားသူတွေကို မြေကွက်တွေ ချပေးမယ်။ အဲတော့ နောက်ထပ် လျှောက်ထားသူတွေကိုလည်း ပေးမယ်ပေါ့ဗျာ။ ဆိုတော့ သတင်းကတော့ အတည်ဖြစ်သွားတာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မြေကို ဈေးသက်သက်သာသာနဲ့ ဝယ်ခွင့်ရတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်နေတာလည်း မကြာသေးပါဘူး ဆရာ။ ဆိုတော့ ဒီလို ကိစ္စမျိုး ထပ်ထွက်လာတော့ ဒီကိစ္စက ပြောစရာ ဆိုစရာ ကောင်းတဲ့ ကိစ္စများ ဖြစ်လာပါသလား ဆရာ။

ဦးမင်းခင် ။ ။ ကျနော်တို့ ဒါတွေက အရင် စစ်အစိုးရ အဆက်ဆက်ရော ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာရော လုပ်ခဲ့ ကိုင်ခဲ့တာတွေလေ။ တကယ်တော့ ပြောမယ်ဆိုရင်တော့ ဆိုရှယ်လစ်ခေတ် ဦးနေဝင်းခေတ် ကတည်းက စတာပေါ့။ ဒီလို အခွင့်အရေးယူတဲ့ အစဉ်အလာက ကျနော်တို့ နိုင်ငံမှာ တော်တော်စောစော ကတည်းက ရှိတယ်ဗျ။ ဆိုတော့ ကျနော့် အမြင်ကတော့ ဒါက အပြောင်းအလဲကို ကြိုးစားနေရတဲ့ ကာလမှာ ဆက်လုပ်သင့်တဲ့ အစဉ်အလာ တခုတော့ မဟုတ်ဘူး။

နောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို မြေကွက်ပေးတဲ့ အခါမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောသွားတာက ဒီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတို့ ဘာတို့လည်း ပါတယ်။ ဆိုတော့ ရှေ့ နောက် မညီဘူူး ဖြစ်နေတာပေါ့နော်။ အဲဒီမှာဘဲ ဆက်ပြီးတော့ နီးစပ်ရာ အဖွဲ့အစည်းတွေ မြေကွက်တွေ ချပေးတယ်၊ နောက်တခါ ခုနက ကိစ္စနဲ့ ဆက်စပ်ရင် အမြင့်ဆုံး တာဝန်ရှိသူတွေ အောက်က ညွှန်ချုပ်တို့ ရာထူးကြီးသူတွေပေါ့နော် ဒါတွေကို မြေကွက်တွေ ချပေးတယ်။ အရင် ကားတွေလည်း ပေးခဲ့တယ် ဆိုတော့ ဒါက ဒီလိုသာ ပေးကြစတမ်းဆိုရင် အစိုးရ အဆက်ဆက် တက်လာသမျှ ဒီလိုဘဲ ဆက်သွားနေမှာလားပေါ့။ ကျနော်တို့မှာ သင့်တော်တဲ့ လုပ်သင့် ကိုင်သင့်တဲ့ စနစ် မရှိဘူးလားပေါ့နော် ဒီလို ဖြစ်နေတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီအစဉ်အလာက NLD အစိုးရ အနေနဲ့ လက်ရှိ အစိုးရ အနေနဲ့ ဒီလို အစဉ်အလာမျိုးတွေကို ဖျက်မယ်၊ ဖျောက်ဖျက်ပစ်ရမယ်၊ ရပ်တန့် ပစ်ရမယ် ဆိုတဲ့ မူဝါဒမျိုး မရှိတာလား။ ဆရာတို့လည်း ထဲထဲဝင်ဝင် သိနေကြ လုပ်ခဲ့ကြတာဘဲ။ ဆရာ ဘယ်လို မြင်ပါလဲရှင့်။

ဦးမင်းခင် ။ ။ ခက်တာက ဒီလိုဗျာ။ ကျနော်တို့ နိုင်ငံရေး အရ ရုန်းကန် ရပ်တည်လာခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို အစဉ်အလာ ရှိတဲ့ အဖွဲ့အစည်း အနေနဲ့ကတော့ အဖွဲ့အစည်း သဘောထား အရ နိုင်ငံရေး ရပ်တည်ချက် အရ ဒါတွေကို သွားဖို့ မဟုတ်ဘူးဗျ။ သို့သော် နိုင်ငံရေး ရာထူးမှာ နိုင်ငံရေးသမား နိုင်ငံရေး ရှိတဲ့သူတွေ မပါတာ၊ နောက် ခိုင်မာတဲ့ မူဝါဒ ကျနော်တို့ မချနိုင်တာပေါ့နော်။ ဒါတွေပေါ်မှာ ဘာက ထပ်ဆောင်းသွားလဲ ဆိုတော့ အရင် ရှိခဲ့တဲ့ ယန္တယား အရင် ရှိခဲ့တဲ့ အစဉ်အလာတွေ မပြင်နိုင်တဲ့ အခါ ဒီထဲမှာများ မျောပါသွားသလား ပေါ့နော်။

ကျနော်တို့ ဆီမှာလည်းဘဲ ဒီ အာဏာရှင် ခေတ်အဆက်ဆက်ရဲ့ လွှမ်းမိုးတာက တိုင်းသူပြည်သားတွေထဲ ထဲထဲဝင်ဝင် ရောက်နေတာကိုး။ ဆိုတော့ ဒီလို ဖြစ်တာတော့ တော်တော်လေး အဆင်မပြေဘူးပေါ့ဗျာ။ စိတ်မကောင်းစရာလည်း ဖြစ်တာပေါ့နော်။
သို့သော် အောက်ခြေနဲ့ အဖွဲ့ချုပ် ဒီ ပါတီနဲ့မှာ နိုင်ငံရေး အရကတော့ ဒီသဘော မရှိပါဘူး။ ဒါပေမယ့် တကယ် ဆုံးဖြတ်ချက် ချတဲ့ လူတွေမှာတော့ မူအရရော နိုင်ငံရေး အရရော ဒီထက် ပိုပြီးတော့ အလေးအနက်ထားဖို့ လိုတယ် ပြောရမှာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ အရင်တခါကလည်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တာက ကားပါမစ်တွေပေါ့နော်။ သိန်း ရာနဲ့ ထောင်နဲ့ချီ သက်သာမယ့် ကားပါမစ်တွေ ချပေးမယ်ဆိုတုန်းကလည်း စီးပွားရေး လောကမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ပါတယ်။ သာမန် လူထုတွေ အနေနဲ့ကတော့ အခွန်ကို ကြီးလေးစွာ ထမ်းဆောင်ရပြီးတော့ ဒီ အစိုးရပိုင်းကရောက်တော့ အခွန် သက်သာခွင့် ရမယ်ဆိုတဲ့ ဟာမျိုး။ များသော အားဖြင့် ဒီ ကားပါမစ် ပေးတုန်းကလည်း ဒါ ဝန်ထမ်းကတော့ ဝယ်မှာ မဟုတ်ဘူး တဆင့်ပေါ့နော် ပွဲစားဆီကို ရောက်မှာဘဲ ဆိုပြီး ပြောကြ ဆိုကြလည်း ရှိတယ် ဆိုတော့ စီးပွားရေး လောက အပေါ်မှာ တန်းတူ ယှဉ်ပြိုင်နိုင်ခွင့် အပေါ်မှာ ဘယ်လောက် ရိုက်ခတ်ပါသလဲရှင့် ဆရာ။

ဦးမင်းခင် ။ ။ ရိုက်ခတ်တာပေါ့။ ကျနော်တို့ အနည်းနဲ့ အများ ရိုက်ခတ်ပါတယ်။ နောက်တခု ဆိုးတာက ဒီ အခွင့်အရေး ပါမစ် နဲ့ သွားနေတဲ့ အစဉ်အလာက ကျနော်တို့မှာ တော်တော် ခိုင်ခဲ့တာလေ။ အဲဒါကြောင့် ခရိုနီလို့ ခေါ်ကြတဲ့ အခွင့်ထူးတွေနဲ့ ချမ်းသာကြတဲ့ အများပြည်သူ အပေါ်မှာ အမြတ်ထုတ်တဲ့ဟာ ပေါ်ခဲ့တာကိုး။ ဆိုတော့ ဒီဟာက သေခါနီး နဂါးကို အသက်သွင်း သလိုပေါ့နော်။ စီးပွားရေး လောကမှာ ဒီလိုဘဲ အခွင့်ထူး ရှာရမယ်၊ ဦးရာလူ စားရမယ် ဆိုတဲ့ တိုင်းပြည်ကို နှစ်ခဲ့တဲ့ လမ်းကြောင်းကို ကျနော်တို့ ပြန်သွားရာ ရောက်တာပေါ့။ အဲဒါကို ပြန်အားပေးရာ ရောက်တာပေါ့။
ကျနော်တို့ လူထုကတော့ ဝန်ထမ်းကို ဒါပေးတာလည်း ကျနော်တို့ ဝန်ထမ်းရဲ့ တရားဝင် ရတဲ့ ဝင်ငွေ အားနည်းတာ။ အဲတော့ ဝန်ထမ်းကို ပေးသင့် ပေးထိုက်တာ ပေးတာကို ကျနော်ထင်တယ် လူထုက ကျေနပ်မှာပါ။ သို့သော်လည်း ဒီ စနစ်ဟောင်းကို ပြန်အသက်သွင်းတဲ့ ပုံစံမျိုး ဖြစ်ရတာကတော့ စီးပွားရေး လောကမှာလည်း ဒီလိုဘဲ ခွင်ရှာရအုံးမှာလားပေါ့နော်။

ရှာခဲ့တာတွေလည်း ရှိတာကိုး။ ပြောင်းသလောက်လည်း ပြောင်းသွားပေမယ့် ရှိသလောက်လည်း ရှိနေသေးတော့ အဲဒီ အတွက်ကို အားပေးရာ ရောက်တယ်။ ရောက်ရင် ကမ္ဘာက သွားတဲ့လမ်း ကျနော်တို့ သွားသင့်တဲ့ လမ်းနဲ့ ပြောင်းပြန် လျှောက်သလို ဖြစ်နေပါတယ်။ အဲတော့ ထိခိုက်မှုကတော့ သေချာပေါက် ရှိနေတာဘဲ။ တခြားကိစ္စတွေလည်း ရှိနေတယ်။ ပြောစရာတွေတော့ အများကြီးပေါ့ဗျာ။ ဒါကလည်း ဥပမာဘဲဗျ။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဆရာ ဦးမင်းခင် အထူးဘဲ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG