သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတပူတင် မွန်ဂိုးလီးယားနိုင်ငံ သွားရောက်


ရုရှားသမ္မတ Vladimir Putin မွန်ဂိုလီးယားနိုင်ငံရောက်ရှိနေစဉ် (စက်တင်ဘာ ၃၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin မွန်ဂိုလီးယားနိုင်ငံရောက်ရှိနေစဉ် (စက်တင်ဘာ ၃၊ ၂၀၂၄)

ရုရှားသမ္မတ Vladimir Putin ဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ မွန်ဂိုးလီးယားနိုင်ငံမြို့တော် Ulaanbaatar မှာ ရောက်ရှိနေပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC က ဖမ်းဝရမ်း ထုတ်ထားပေမယ့်လည်း အိမ်ရှင် မွန်ဂိုးလီးယားနိုင်ငံက ဖမ်းပေးမယ့်ပုံမပေါ်ပါဘူး။

ဒါဟာ လွန်ခဲ့တဲ့ ၁၈ လလောက်တုန်းက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို သမ္မတ Putin အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။​

မွန်ဂိုးလီးယားအနေနဲ့ သမ္မတ Putin ကိုဖမ်းပြီး The Hague မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးလက်ကို လွှဲပြောင်းပေးဖို့ ယူကရိန်းက ဒီခရီးစဉ်မတိုင်ခင်မှာ တောင်းဆိုခဲ့သလို ဥရောပသမဂ္ဂကလည်း မွန်ဂိုးလီးယားအနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ဖမ်းဝရမ်းကို လေးစား လိုက်နာခြင်းမရှိမယ့်အပေါ် စိုးရိမ် ပူပန်ကြောင်း ပြောကြားခဲ့ပါတယ်။​ ရုရှားအနေနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ကိစ္စအပေါ် စိုးရိမ် ပူပန်ခြင်းမရှိကြောင်း သမ္မတ Putin ရဲ့ ပြောခွင့်ရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။​

အဲဒီ ဖမ်းဝရမ်းက မွန်ဂိုးလီးယားအစိုးရကို ကျဉ်းထဲကျပ်ထဲ ရောက်သွားစေပါတယ်။ တကယ်လို့ ICC က တဦးတယောက်အပေါ် ဖမ်းဝရမ်းထုတ်ထားရင် ICC ရဲ့ ရောမစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလူကို ဖမ်းဆီးပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ မွန်ဂိုးလီးယားဟာ သူ့ရဲ့ လောင်စာဆီနဲ့ လျှပ်စစ်မီးတို့အတွက် သူ့ထက် အင်အား အဆမတန် ကြီးမားတဲ့ အိမ်နီးချင်း ရုရှားအပေါ် အများစု မှီခို အားထားနေရတာပါ။ ICC အနေနဲ့လည်း ဖမ်းဝရမ်းထုတ်ထားသူတွေကို မဖြစ်မနေ ဖမ်းဆီးလို့ရနိုင်တဲ့ နည်းလမ်း ရှိမနေတာကြောင့် ဖမ်းဆီးဖို့ ခက်ခဲနေပါတယ်။

သမ္မတ Putin ကိုတော့ မွန်ဂိုးလီးယားနိုင်ငံကို တည်ထောင်သူလည်းဖြစ်၊ မွန်ဂိုးလီးယားကို ၁၃ ရာစုက အုပ်ချုပ်ခဲ့သူလည်းဖြစ်တဲ့ Genghis Khan ရဲ့ ကိုယ်ရံတော်တွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကော်ဇော်နီခင်းပြီး မြို့တော် Ulaanbaatar မှာ ကြိုဆိုခဲ့ပါတယ်။

ရုရှားသမ္မတပူတင် မွန်ဂိုးလီးယားနိုင်ငံ သွားရောက်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG