သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ ကနဦးမဲရေတွက်မှု Putin အနိုင်ရ ကြေညာ


ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၈ % ရထားတဲ့ လက်ရှိ ရုရှားသမ္မတ ပူတင်။
ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၈ % ရထားတဲ့ လက်ရှိ ရုရှားသမ္မတ ပူတင်။

တနင်္ဂနွေနေ့ကကျင်းပတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ပထမဆုံးမဲရေတွက်မှုမှာ သမ္မတ ဗလာဒီမီယာပူတင်က ထောက်ခံမဲ ၈၈ ရာခိုင်နှုန်းရထားတယ်လို့ ရုရှားရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။ နိုင်ငံရေးသဘောထားကွဲပြားသူတွေကို အပြင်းအထန်နှိမ်နှင်းခဲ့တာကြောင့် မဲဆန္ဒရှင်တွေမှာလည်း တခြားရွေးချယ်စရာမရှိကြပါဘူး။

သောကြာနေ့ကစပြီး ၃ ရက်ကြာကျင်းပတဲ့ ရွေးကောက်ပွဲဟာ ၂၄ နှစ်ကြာ အုပ်ချုပ်လာတဲ့ပူတင်အတွက် နောက်ထပ် ၆ နှစ်သက်တမ်းတိုးပေးလိုက်တာလည်းဖြစ်ပါတယ်။ ပူတင်ရဲ့တင်းကြပ်တဲ့အုပ်ချုပ်မှုအောက်မှာ သူ့ကိုရော ယူကရိန်းစစ်ပွဲကိုပါ လူသိရှင်ကြား ဝေဖန်ခွင့်မရှိပါဘူး။ သမ္မတပူတင်ရဲ့ အရဲရင့်ဆုံးနိုင်ငံရေးရန်သူ Alexey Navalny ကတော့ ပြီးခဲ့တဲ့လထဲမှာပဲ အာတိတ်စက်ဝိုင်းအနီးက အကျဥ်းထောင်ထဲမှာ ရုတ်တရက်သေဆုံးခဲ့သလို ပူတင်ကိုဝေဖန်တဲ့အခြားသူတွေလည်း အကျဥ်းကျနေတာမဟုတ်ရင် ပြည်ပမှာတိမ်းရှောင်နေကြတာပါ။

ဒါပေမယ့်လည်း ဖေဖော်ဝါရီလအတွင်း Navalny မကွယ်လွန်ခင် နောက်ဆုံးတောင်းဆိုချက်အရ အဓိကမြို့ကြီးတွေကမဲရုံတွေမှာ အသက် ၇၁ နှစ်အရွယ်ပူတင်ကို ဆန့်ကျင်မဲပေးဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးကို တွေ့ရပါတယ်။ ရိုက်တာသတင်းဌာနကဖော်ပြတဲ့ အခြားမဲရလဒ်အရ ကွန်မြူနစ်သမ္မတလောင်း နီကိုလိုင်း ကာရီတိုနော့ဗ်က ဆန္ဒမဲ ၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လူသစ်တဦးဖြစ်တဲ့ ဗလာဒီလော့ဗ် ဒါဗန်ကော့ဗ်က တတိယနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီ Leonid Slutsky တို့က စတုတ္ထနေရာမှာအသီးသီးရှိနေကြပါတယ်။

ရုရှားရွေးကောက်ပွဲ ကနဦးမဲရေတွက်မှု Putin အနိုင်ရ ကြေညာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG