သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာကာသထဲ နျူကလီးယားလက်နက်တပ်ဆင်မှု ဆန့်ကျင်” ရုရှားသမ္မတပူတင်


Russia Putin
Russia Putin

အာကာသထဲကို နျူကလီးယားလက်နက်တွေပို့တာ ဆန့်ကျင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့မှာပြောလိုက်ပြီး အာကာသအခြေစိုက် ဂြိုဟ်တုဖျက်လက်နက် ရုရှားကလုပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။

အဲဒီလိုစနစ်မျိုး ရုရှားကလုပ်နေတဲ့အတွက် အမေရိကန်ကစိုးရိမ်ကြောင်း၊ ဒါပေမဲ့ ကမ္ဘာပေါ်က လူတွေအတွက် ချက်ချင်း ဘေးအန္တရာယ်တော့မရှိကြောင်း ပြီးခဲ့တဲ့အပတ်က အမေရိကန်က ပြောခဲ့တာပါ။ “အာကာသထဲမှာ နျူကလီးယားလက်နက်တပ်ဆင်ရေးကို ကျနော်တို့ လုံးဝဥဿုံ အမြဲတမ်း ဆန့်ကျင်ခဲ့တာပါ” လို့ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်းဂုနဲ့အစည်းအဝေးမှာ ပူတင်က ပြောပါတယ်။

အနောက်ကတင်လာတဲ့ ဆူဆူညံညံအသံတွေထဲမှာ ဒါက တခုဖြစ်ပါတယ်လို့လည်း ပူတင်က ဆိုပါတယ်။ အမေရိကန်က လုပ်နေတယ်လို့ပြောတဲ့စနစ် ရုရှားမှာမရှိပါဘူးလို့ ကာကွယ်ရေးဝန်ကြီး ရှိုင်းဂုကလည်း ပြောပါတယ်။ အာကာသထဲမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဖို့ ရုရှားက ကြိမ်ဖန်များစွာ ပြောခဲ့ပေမဲ့ ဒီခေါင်းစဥ်က အနောက်မှာတစုံတရာသောအကြောင်းကြောင့် ပေါ်မလာခဲ့ဘူးလို့ မစ္စတာပူတင်က ဆိုပါတယ်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့မှုနဲ့ ဒီအတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခဲ့တာကြောင့် ပူးပေါင်းဆောင်ရွက်မှုပျက်ခဲ့ပြီး ရုရှားရဲ့ အာကာသအစီအစဥ်တွေ အထိနာခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG