သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ ထိပ်သီးဆွေးနွေးဖို့ Putin ဆန္ဒရှိ


ထိပ်သီးအစည်းအဝေးလုပ်ဖို့ အမေရိကန်ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင် သူ့အနေနဲ့လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ တွေ့ချင်ပါတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

“ဒီလို ထိပ်သီးအစည်းအဝေးမျိုးလုပ်ဖို့ ကျိုးကြောင်းခိုင်လုံတယ်လို့ အမေရိကန်သမ္မတက ထပ်ခါတလဲလဲ ပြောထားဖူးပါတယ်။ အဲဒီအတိုင်း တကယ်ပဲ ဖြစ်သင့်တယ်ဆိုတာ ကျနော့်ဘက်ကလည်း ပြောနိုင်ပါတယ်။ ကျနော်တို့ နောက်ဆုံးအကြိမ် တယ်လီဖုန်း ဆက်သွယ်ပြောဆိုချိန်မှာ လက်နက်ပြိုင်ဆိုင်မှု အသစ်တခုဖြစ်လာမယ့် အန္တရာယ်အပေါ် စိုးရိမ်တဲ့အကြောင်း သူ ပြောတယ်ဆိုတာ ကျနော် ထပ်ပြီး ပြောပါမယ်။ ဒါကို ကျနော်လည်း သဘောတူပါတယ်။” လို့ သမ္မတပူတင်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ Qingdao မြို့မှာလုပ်တဲ့ ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးတက်နေတဲ့ သမ္မတပူတင် က သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာဖြစ်ပြီး သူနဲ့ သမ္မတထရမ့်ပ်တို့ ပြီးခဲ့တဲ့မတ်လက တယ်လီဖုန်းပြောတာကို ရည်ညွှန်းပြောသွားတာဖြစ်ပါတယ်။ အမေရိကန်ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူ့ရဲ့ အလုပ်အချိန်ဇယားပေါ် မူတည်ပြီး ထိပ်သီးအစည်းအဝေး လုပ်လို့ရပါမယ်လို့ သမ္မတပူတင်ကဆိုပါတယ်။

လက်နက်ပြိုင်ဆိုင်မှုအသစ် ဖြစ်လာမယ့်အရေး ကိုင်တွယ်ဖြေရှင်းဖို့ သံတမန်တွေ၊ စစ်ဘက်တာဝန်ရှိသူတွေကြား အသေအချာ ဆွေးနွေးဖို့သာမက ခေါင်းဆောင်ချင်း သီးခြားဆွေးနွေးပွဲတွေလည်း လိုတယ်လို့ သမ္မတပူတင်ကပြောပါတယ်။

စီးပွားရေးအင်အားကြီးခုနစ်နိုင်ငံ G-7 ထဲမှာ ရုရှားကို ပြန်ထည့်ဖို့ သမ္မတထရမ့်ပ်က တောင်းဆိုတာကို ကြိုဆိုတဲ့အကြောင်းလည်း သမ္မတပူတင်က ပြောပါတယ်။

Trump နဲ့ ထိပ်သီးဆွေးနွေးဖို့ Putin ဆန္ဒရှိ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG