သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Donald Trump နဲ့ ဆွေးနွေးရန် ရုရှားသမ္မတ အသင့်


ရုရှားသမ္မတ Putin

အမေရိကန်သမ္မတ Donald Trump ကသာ ဆန္ဒရှိမယ်ဆိုရင် သူ့အနေနဲ့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ အသင့်ပဲလို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့ မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် Trump ရဲ့ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲဟာ အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေးကို ရှုပ်ထွေးစေလိမ့်မယ်လို့ တွက်ဆကြောင်းလည်း ပြောပါတယ်။

သမ္မတ Trump က သူနဲ့ Putin တို့ဟာ ဒီလထဲ ဂျပန်မှာ ကျင်းပမယ့် G20 ထိပ်သီး ညီလာခံမှာ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့် ရုရှားအစိုးရဘက်ကတော့ အခုလို တွေ့ဆုံ ဆွေးနွေးဖို့ တရားဝင် ဖိတ်ကြားချက် အခုထိ မရသေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားကနေ ယူကရိန်းအရေး ကိစ္စတွေအပြင် အမေရိကန်နိုင်ငံရေးမှာ ရုရှားတို့ကြားဝင် စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးက အခုထိ တင်းမာနေဆဲပါ။ အမေရိကန် နိုင်ငံရေးမှာ ရုရှားဘက်က စွက်ဖက်မှု မရှိဘူးလို့ ရုရှားက ငြင်းဆိုထားပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးဟာ တဖြေးဖြေး ဆိုးသထက် ဆိုးလာနေတယ်လို့ ဒီလအစောပိုင်းတုန်းက Putin က ပြောခဲ့တာပါ။ ကြာသပတေးနေ့က ပြုလုပ်တဲ့ သူ့ရဲ့ ပြည်သူနဲ့နှစ်စဉ် အမေးအဖြေ အစီအစဉ်မှာတော့ အမေရိကန် သမ္မတ Trump နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိမရှိ မေးမြန်းချက်အတွက် သူက ဆွေးနွေးပြောဆိုမှုဟာ အမြဲ အပြုသဘောဆောင်တတ်တဲ့အတွက် သူ့အနေနဲ့ ဆွေးနွေးရေးကို အမြဲ တောင်းဆို ကြောင်း ဖြေကြားခဲ့တာပါ။ ဒါ့အပြင် အမေရိကန်ဘက်က ဆွေးနွေးဖို့ စိတ်ဝင်စားကြောင်း ပြမယ်ဆိုရင် သူ့ဘက်ကလည်း ဆွေးနွေးဖို့ အသင့်ပဲလို့ပါ ပြောကြားခဲ့တာပါ။

Donald Trump နဲ့ ဆွေးနွေးရန် ရုရှားသမ္မတ အသင့်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG