{{Zawgyi/Unicode}}
အာဖဂန္နစ္စတန္ႏိုင္ငံ ကာဘူးလ္ေလဆိပ္ကို ျပန္ဖြင့္ဖို႔ ႀကိဳးစားေနတယ္လို႔ Qatar ႏိုင္ငံျခားေရးဝန္ႀကီးက ၾကာသပေတးေန႔မွာေျပာပါတယ္။ ဒါေပမယ့္ ေလေၾကာင္းလိုင္းေတြ ျပန္လည္ ပ်ံသန္းႏိုင္မယ့္ အခ်ိန္ေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ေျပာပါတယ္။
ေလဆိပ္ ျပန္ဖြင့္ေရးအကူညီေပးဖို႔ Qatar နဲ႔ တူရကီက နည္းပညာ ကၽြမ္းက်င္သူေတြ ဗုဒၶဟူးေန႔က ကာဘူးလ္ကို ေလယာဥ္နဲ႔ သြားခဲ့ၾကတာပါ။ ဒီေလဆိပ္ဟာ အာဖဂန္ႏိုင္ငံတြင္းက ထြက္ခြါခ်င္သူေတြအတြက္ေရာ အာဖဂန္ႏိုင္ငံတြင္း လူသားခ်င္းစာနာမႈ အကူညီေတြရေအာင္ ေပးဖို႔ေရး အတြက္ပါ သိပ္ကိုအေရးပါ ေနတာ ျဖစ္ပါတယ္။
ဒီေလဆိပ္ တတ္ႏိုင္သမွ်အျမန္ ျပန္လည္ပတ္ဖို႔ လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ေၾကာင္း Qatar ႏိုင္ငံျခားေရးဝန္ႀကီး Sheikh Mohammed bin Abdulrahman al-Thani ကေျပာပါတယ္။ ဒါ့အျပင္ အာဖဂန္ျပည္သူေတြ လြတ္လြတ္လပ္လပ္ သြားလာခြင့္နဲ႔ လံုျခံဳစိတ္ခ်စြာသြားႏိုင္ေအာင္ လုပ္ေပးမယ္ဆိုတဲ့ ကတိကို တာလီဘန္ေတြ တည္ဖို႔လိုတယ္လို႔လည္း ေျပာပါတယ္။
Qatar ဟာ တာလီဘန္ေတြနဲ႔ အနီးကပ္ ဆက္ဆံေရးရွိတဲ့ အျပင္ အာဖဂန္နစ္စတန္ႏိုင္ငံက ေသာင္းနဲ႔ခ်ီတဲ့သူေတြကို အေမရိကန္ေတြ ကယ္ထုတ္တဲ့ေနရာမွာလည္း အေရးပါတဲ့က႑ကေန ပါဝင္ေဆာင္ရြက္ေပးသူ ျဖစ္ပါတယ္။
ကာဘူးလ္ကို ေလယာဥ္ေတြ ျပန္ေျပးဆြဲႏိုင္ဖို႔ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ ဆက္လက္ေဆြးေႏြးေနတယ္လို႔လည္း Qata ကာကြယ္ေရးဝန္ႀကီး Sheikh Mohammed က ေျပာၾကားခဲ့ၿပီး တူရကီအေနနဲ႔ နည္းပညာအကူညီေတြ ေပးမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။
တူရကီ ႏိုင္ငံျခားေရးဝန္ႀကီး Mevlut Cavusoglu ကလည္း ေလဆိပ္အတြင္းေရာ အျပင္အတြက္ပါ လံုျခံဳေရးကို ထိပ္တန္းဦးစားေပးအျဖစ္ ထားရွိေၾကာင္း ေျပာပါတယ္။
........................................
{{Unicode}}
အာဖဂန်နစ်စတန်နိုင်ငံ ကာဘူးလ်လေဆိပ်ကို ပြန်ဖွင့်ဖို့ ကြိုးစားနေတယ်လို့ Qatar နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့မှာပြောပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းတွေ ပြန်လည် ပျံသန်းနိုင်မယ့် အချိန်တော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
လေဆိပ် ပြန်ဖွင့်ရေးအကူညီပေးဖို့ Qatar နဲ့ တူရကီက နည်းပညာ ကျွမ်းကျင်သူတွေ ဗုဒ္ဓဟူးနေ့က ကာဘူးလ်ကို လေယာဉ်နဲ့ သွားခဲ့ကြတာပါ။ ဒီလေဆိပ်ဟာ အာဖဂန်နိုင်ငံတွင်းက ထွက်ခွါချင်သူတွေအတွက်ရော အာဖဂန်နိုင်ငံတွင်း လူသားချင်းစာနာမှု အကူညီတွေရအောင် ပေးဖို့ရေး အတွက်ပါ သိပ်ကိုအရေးပါ နေတာ ဖြစ်ပါတယ်။
ဒီလေဆိပ် တတ်နိုင်သမျှအမြန် ပြန်လည်ပတ်ဖို့ လုပ်နိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ကြောင်း Qatar နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman al-Thani ကပြောပါတယ်။ ဒါ့အပြင် အာဖဂန်ပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ လုံခြုံစိတ်ချစွာသွားနိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ ကတိကို တာလီဘန်တွေ တည်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
Qatar ဟာ တာလီဘန်တွေနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ အပြင် အာဖဂန်နစ်စတန်နိုင်ငံက သောင်းနဲ့ချီတဲ့သူတွေကို အမေရိကန်တွေ ကယ်ထုတ်တဲ့နေရာမှာလည်း အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။
ကာဘူးလ်ကို လေယာဉ်တွေ ပြန်ပြေးဆွဲနိုင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့လည်း Qata ကာကွယ်ရေးဝန်ကြီး Sheikh Mohammed က ပြောကြားခဲ့ပြီး တူရကီအနေနဲ့ နည်းပညာအကူညီတွေ ပေးမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ကလည်း လေဆိပ်အတွင်းရော အပြင်အတွက်ပါ လုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိကြောင်း ပြောပါတယ်။