သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုနဲ့ အိန္ဒိယစာဆို ရာဘင်ဒြာနတ်တဂိုး 


ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုနဲ့ အိန္ဒိယစာဆို ရာဘင်ဒြာနတ်တဂိုး
ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုနဲ့ အိန္ဒိယစာဆို ရာဘင်ဒြာနတ်တဂိုး

ရာဘင်ဒြာနတ် တဂိုး ရဲ့ တေးသီချင်းနဲ့ စာပေတွေဟာ ဘင်္ဂါလီ ယဉ်ကျေးမှုအပေါ် အများကြီး လွှမ်မိုးခဲ့တယ်လို့ တဂိုးရဲ့ တေးသီချင်းတွေကို သီဆိုသူ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တဦးလည်း ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အဆိုတော် Milia Ali က ပြောပါတယ်။ ဗွီအိုအေ Anis Ahmed က မေးမြန်းထားပါတယ်။ မခင်ဖြူထွေးက အပြည်စုံ တင်ပြပေးပါမယ်။  

ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုနဲ့ အိန္ဒိယစာဆို ရာဘင်ဒြာနတ်တဂိုး

{{Zawgyi/Unicode}}
စာပေ ကဗျာ တေးသီးချင်း အနုပညာလောကစုံမှာ ထင်ရှားတဲ့ ကမ္ဘာကျော် အိန္ဒိယ ခေတ်သစ်စာပေလောက ရှေ့ဆောင် ရာဘင်ဒြာနတ် တဂိုး ရဲ့ တေးသီချင်းနဲ့ စာပေတွေဟာ ဘင်္ဂါလီ ယဉ်ကျေးမှုအပေါ် အများကြီး လွှမ်မိုးခဲ့တယ်လို့ တဂိုးရဲ့ တေးသီချင်းတွေကို သီဆိုသူ၊ လွတ်လပ်ရေး တိုက်ပွဲဝင်တဦးလည်း ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အဆိုတော် Milia Ali က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ တဂိုးရဲ့ အနုပညာနဲ့ တေးသီချင်းတွေက အဓိက လှုံ့ဆော်မှု တခုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ လတ်တလော နေထိုင်နေတဲ့ Milia Ali ကို ဗွီအိုအေသတင်းထောက် Anis Ahmed က မေးမြန်းထားပါတယ်။ မခင်ဖြူထွေးက အပြည်စုံ တင်ပြပေးပါမယ်။

၁၉ ၁၃ ခုနှစ် နိုဘဲလ် စာပေဆုရှင် အိန္ဒိယနိုင်ငံရဲ့ စွယ်စုံရ ကဝိစာဆိုကြီး ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာင်္လကာ စာပေတွေဟာ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေရဲ့ နေ့စဉ်ဘဝတွေ၊ ယဉ်ကျေးမှုတွေထဲမှာ မရှိမဖြစ် အစိတ်အပိုင်းတခုလို လွှမ်းမိုး တည်ရှိနေပါတယ်။ ဘင်္ဂလီယဉ်ကျေးမှုဟာ တဂိုးမပါဘဲ မပြည့်စုံနိုင်ဘူးလို့ တဂိုး သီချင်းတွေ သီဆိုရာမှာ နာမည်ကြီးတဲ့ ဘင်္ဂလားဒေ့ရှ် အဆိုတော် တယောက်လည်းဖြစ်၊ လွတ်လပ်ရေး တိုက်ပွဲဝင်သူ တဦးလည်းဖြစ်တဲ့ Milia Ali က ပြောပါတယ်။

“ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာလင်္ကာ၊ စာပေ အရေးအသားတွေ၊ ပန်းချီ၊ ဂီတ အနုပညာ ဖန်တီးမှုတွေ က ဘင်္ဂလီ ယဉ်ကျေးမှုအပေါ် နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးထားပါတယ်။ ဘင်္ဂလီယဉ်ကျေးမှုဟာ တဂိုး မပါဘဲ မပြည့်စုံနိုင်ပါဘူး။”

ပါကစ္စတန်ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခွဲမထွက်ခင်အချိန်တွေတုန်းက ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာတဲ့ အရှေ့ ပါကစ္စတန်မှာ တဂိုးရဲ့ တေးသီးချင်းတွေကို အဲ့ဒီခေတ် ပါကစ္စတန်အစိုးရက ပိတ်ပင်ထား ခဲ့ပါတယ်။ ဒီ ပိတ်ပင်မှုတွေကို တော်လှန်တဲ့ ယဉ်ကျေးမှု တော်လှန်ရေးတရပ် အရှေ့ပါကစ္စတန်မှာ ပေါ်ပေါက်ခဲ့သလို၊ ၁၉ ၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲမှာ တဂိုး ရဲ့ စာပေ၊ ကဗျာလင်္ကာ၊ ဂီတ အနုပညာတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

“လွတ်လပ်ရေးကာလ မတိုင်ခင်က ပါကစ္စတန်အစိုးရဟာ တဂိုးရဲ့ သီချင်းတွေကို ရေဒီယိုနဲ့ ရုပ်သံတွေမှာ လွှင့်ခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့ ဘင်္ဂလား ဘာသာစကားကို လွတ်လပ်စွာ ပြောဆိုခွင့်ရရေး လှုပ်ရှားမှု အပါအဝင် ယဉ်ကျေးမှု တော်လှန်ရေးက ရပ်မသွားခဲ့ပါဘူး။ အရှေ့ပါကစ္စတန်က ဘင်္ဂလီတွေဟာ - တဂိုးရဲ့ ကဗျာ စာပေတွေနဲ့ ဖွံ့ဖြိုးလာခဲ့တဲ့ သူတို့ရဲ့ ယဉ်ကျေးမှုမှာ ရာဘင်ဒြာနတ် တဂိုး ကို ချန်လှန်တာမျိုး လုံး၀ လက်မခံကြပါဘူး။”

တဂိုးရဲ့ တေးသီချင်းတွေဟာ ဘင်္ဂါလီယဉ်ကျေးမှု တစိတ်တပိုင်း ဖြစ်ခဲ့သလို၊ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ဖခင်ကြီး ဘာဂါဘန်ဒူ ရှိက် မူဂျီဘာ ရာမန် ကလည်း တဂိုးရဲ့ စာပေ ဂီတတွေနဲ့ လွှမ်းမိုးခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘာသာစကား တွေကို ထိန်းသိမ်း စောင့်ရှောက်ခွင့် အခြေခံ အခွင့်အရေးတွေရဖို့ လွတ်လပ်ရေး တိုက်ပွဲအတွင်း ဦးဆောင် တိုက်ပွဲဝင် တောင်းဆိုခဲ့တယ်လို့ Milia Ali က ပြောပါတယ်။

“Bangabandhu Sheikh Mujibur Rahman က ဘင်္ဂလီတွေကို နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေ ပေးဖို့ တောင်းဆိုချိန်မှာ၊ ပြည်သူတွေအတွက် သီးခြား ကိုယ်ပိုင် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး တွေကိုပါ တောင်းဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေ… ကိုယ့်ရဲ့ အတွေးအခေါ် အမြော်အမြင်တွေကို ကိုယ့်ဘာသာ စကားနဲ့ သီကုံးဖွဲ့ဆိုနိုင်တာမျိုး၊ ကိုယ်ပိုင် ဘာသာစကားနဲ့ ပြောဆိုနိုင်တာမျိုး သူ ဖြစ်စေချင်ခဲ့တာပါ။”

အိန္ဒိယနဲ့ ဘင်္ဂါလီစာပေလောက ရှေ့ဆောင်၊ ကမ္ဘာကျော် အလင်္ကာစာတွေ ရေးဖွဲ့ သီကုံးခဲ့တဲ့ ရာဘင်ဒြာ နတ်တဂိုးရဲ့ စာပေတွေဟာ မြန်မာပြည်သူတွေကြားမှာလည်း လူသိများ ထင်ရှားပါတယ်။ တဂိုး ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ တဂိုးဟာ ၁၉ ၄၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကဗျာလင်္ကာ စာအုပ်ပေါင်း ၆၀ လောက်နဲ့ ဝတ္ထုတို ဝတ္ထုရှည် ပြဇာတ် စတဲ့ စာပေပေါင်း များစွာ ရေးသားခဲ့ပြီး တေးသီချင်း ၃၀၀၀ ကျော် ရေးစပ် သီကုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................................


{{Zawgyi/Unicode}}








XS
SM
MD
LG