သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္နဲ႔ မင္းျပားမွာ တိုက္ပြဲျပင္းထန္ေနဆဲ


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာ စစ္ပဲြေတြေၾကာင့္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို ထြက္ေျပး တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္တပ္ဖဲြ႔တုိ႔ၾကား တိုက္ပြဲေတြ ဆက္တုိက္ ျဖစ္ပြားေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

မင္းျပားနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ဒီရက္ပုိင္းအတြင္း တိုက္ပြဲေတြ ဆက္တုိက္ ျဖစ္ပြားေနတယ္လုိ႔ ေဒသခံေတြနဲ႔ လက္နက္ကုိင္အဖဲြ႔ေတြက ေျပာပါတယ္။

မင္းျပားျမိဳ႕နယ္ ေမလြမ္းေက်းရြာမွာဆုိရင္လည္း မေန႔တုန္းက အျပင္းအထန္ တုိက္ပဲြျဖစ္ခဲ့သလုိ ဒီေန႔ မနက္ပိုင္းမွာလည္း တုိက္ပဲြေတြ ျဖစ္ေနတုန္းပဲလုိ႔ ေဒသခံရြာသားကိုေအာင္ဇံကေျပာပါတယ္။

“ဒီေန႔လည္း ပစ္သံေတာ့ၾကားတယ္။ မနက္ကတည္းက ၾကားတာ။ ေပါက္ကြဲသံက ေတာ္ေတာ္ၾကီးတယ္ေနာ္။ ေမလြမ္းအနီးေပါ့။ မေန႔ကက်ေတာ့ တိုင္းဗဟိုနဲ႔ အနီး အဲဒီေဟာင္းေတာင္နဲ႔ ေခ်ာင္းနက္အနီးမွာ တပြဲျဖစ္တယ္။ ေနာက္တခါ ေမလြမ္းက မင္းျပားကိုအလာမွာ အဲဒီေဇာက္ေခ်ာင္း ေျမနီေခ်ာင္း အဲဒီအနီးမွာျဖစ္တာ။ ႏွစ္ေနရာျဖစ္တယ္။ အဲဒီမွာအက်ဆုံး ရွိတယ္ေျပာတယ္။ တပ္ဘက္က။”

တိုက္ပြဲျဖစ္ပြါးရာေဒသနဲ႕မနီးမေ၀း ဖားျပိဳေက်းရြာက အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေအာင္ေက်ာ္ကလဲ တိုက္ပြဲျဖစ္ပြါးသံေတြ ၾကားရတယ္လို႔ ေျပာပါတယ္။

“မေန႔ကေလ ေဇာက္ေခ်ာင္းအနားမွာ ျဖစ္တယ္ေလ တိုက္ပြဲ။ တနာရီ ႏွစ္နာရီေလာက္ျဖစ္တယ္။ ရြာနဲ႔ မေ၀းဘူးေလ။”

မင္းျပားျမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ အေျခအေနကုိေတာ့ AA အဖဲြ႔ ေျပာခြင့္ရ ခိုင္သုခကလည္း အခုလုိ အတည္ျပဳ ေျပာဆုိထားပါတယ္။

“မေန႔က ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ မင္းျပားျမိဳ႕နယ္ ဖားျပိဳခ်င္းရြာရဲ႕ အေနာက္ေတာင္ဘက္ေပါ့ေနာ္။ ျမန္မာစစ္တပ္ဘက္ကေန ၿပီးေတာ့ နွစ္ၾကိမ္တိုင္တိုင္လာျပီးေတာ့ ထိုးစစ္ဆင္တာရွိတယ္။ ႏွစ္ၾကိမ္လုံးမွာေတာ့ ျမန္မာစစ္တပ္ဘက္က တပ္လန္သြားတာေပါ့။ အဲဒီမွာျမန္မာစစ္တပ္ဘက္က ၁၅ ဦးထက္မနည္း က်ဆုံးျပီးေတာ့ ေနာက္ထပ္ ၁၀ ေက်ာ္ေလာက္ ဒဏ္ရာရသြားတာ ရွိတယ္ဗ်။ ဒိီေန႔ေန႔လယ္တနာရီနဲ႔ ၅ မိနစ္မွာေပါ့ေနာ္။ မေန႔ကတိုက္ပြဲျဖစ္ခဲ့တဲ့ေနရာကို ျမန္မာစစ္တပ္ဘက္က ထပ္ျပီးေတာ့ ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္မို႔လို႔ တိုက္ပြဲထပ္ျဖစ္တာ ရွိတယ္ဗ်။”

ဒီကေန႔ အေစာပုိင္းအထိ ရေသ့ေတာင္ျမိဳ႕နယ္မွာ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားခဲ့ေၾကာင္းလည္း ခိုင္သုခက ေျပာပါတယ္။

“ဒီေန႔မနက္ ၈ နာရီ ၅၀ မိနစ္ေလာက္မွာ ရေသ့ေတာင္ျမိဳ႕နယ္ အမ်က္ေတာင္ရြာရဲ႕အေရွ႕ဘက္မွာ မိနစ္အနည္းငယ္ၾကာေလာက္တိုက္ပြဲျဖစ္တာ ရွိတယ္ဗ်။ အဲဒီမွာ ရန္သူ႔ဘက္ကေနျပီးေတာ့ ၆ ဦးထက္မနည္း က်ဆုံးျပီးေတာ့မွ ဒဏ္ရာရတဲ့သူလည္း ရွိတယ္။”

ရေသ့ေတာင္ျမိဳ႕နယ္မွာ AA အဖြဲ႔ ေျခကုတ္ယူထားတဲ့ ေအာင္သာစည္ကုန္းကိုလည္း ျမန္မာစစ္တပ္ဘက္က လက္နက္ၾကီးေတြနဲ႔ ဆက္လက္ ပစ္ခတ္ေနတယ္လုိ႔လည္း ဆိုပါတယ္။

မင္းျပားနဲ႔ ရေသ့ေတာင္ျမိဳ႕နယ္ေတြက တုိက္ပဲြေတြအတြင္း ျမန္မာစစ္တပ္ဘက္က ထိခုိက္က်ဆုံးမႈ ရွိတယ္လုို႔လည္း AA အဖဲြ႔က ေျပာဆုိထားေပမဲ့ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။

မင္းျပားနဲ႔ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ဗုဒၶဟူးေန႔မွာတုန္းကလည္း ေက်ာက္ျဖဴၿမိဳ႕နယ္ စနဲၿမိဳ႕အနီးမွာ တပ္မေတာ္ယာဥ္ ဗံုးခြဲတိုက္ခိုက္ခံခဲ့ရၿပီး တပ္ဖဲြ႔၀င္တခ်ဳိ႕ ထိခုိက္ေသဆုံးခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ၾကား တိုက္ပြဲေတြထန္ဆက္လက္ျဖစ္ပြါးေနသလို ေဒသခံရြာသား ၂၂၀,၀၀၀ ေက်ာ္ဟာလည္း စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ရခုိင္ျပည္နယ္က လက္နက္ကုိင္ ပဋိပကၡေတြ အပါအ၀င္ ႏုိင္ငံအ၀န္းက တုိက္ပဲြေတြေၾကာင့္ ကေလးငယ္ေတြ အပါအ၀င္ အရပ္သား ေသဆုံးမႈေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြထက္ ပုိမ်ားလာေနတဲ့အေပၚ စုိးရိမ္ေၾကာင္းလည္း ကုလသမဂၢ လူသားခ်င္း စာနာမႈဆုိင္ရာ႐ုံးက ဒီသီတင္းပတ္ထဲမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်နဲ့ မင်းပြားမှာ တိုက်ပွဲပြင်းထန်နေဆဲ

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

မင်းပြားမြို့နယ် မေလွမ်းကျေးရွာမှာဆိုရင်လည်း မနေ့တုန်းက အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလို့ ဒေသခံရွာသားကိုအောင်ဇံကပြောပါတယ်။

“ဒီနေ့လည်း ပစ်သံတော့ကြားတယ်။ မနက်ကတည်းက ကြားတာ။ ပေါက်ကွဲသံက တော်တော်ကြီးတယ်နော်။ မေလွမ်းအနီးပေါ့။ မနေ့ကကျတော့ တိုင်းဗဟိုနဲ့ အနီး အဲဒီဟောင်းတောင်နဲ့ ချောင်းနက်အနီးမှာ တပွဲဖြစ်တယ်။ နောက်တခါ မေလွမ်းက မင်းပြားကိုအလာမှာ အဲဒီဇောက်ချောင်း မြေနီချောင်း အဲဒီအနီးမှာဖြစ်တာ။ နှစ်နေရာဖြစ်တယ်။ အဲဒီမှာအကျဆုံး ရှိတယ်ပြောတယ်။ တပ်ဘက်က။”

တိုက်ပွဲဖြစ်ပွါးရာဒေသနဲ့မနီးမဝေး ဖားပြိုကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကလဲ တိုက်ပွဲဖြစ်ပွါးသံတွေ ကြားရတယ်လို့ ပြောပါတယ်။

“မနေ့ကလေ ဇောက်ချောင်းအနားမှာ ဖြစ်တယ်လေ တိုက်ပွဲ။ တနာရီ နှစ်နာရီလောက်ဖြစ်တယ်။ ရွာနဲ့ မဝေးဘူးလေ။”

မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကလည်း အခုလို အတည်ပြု ပြောဆိုထားပါတယ်။

“မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ မင်းပြားမြို့နယ် ဖားပြိုချင်းရွာရဲ့ အနောက်တောင်ဘက်ပေါ့နော်။ မြန်မာစစ်တပ်ဘက်ကနေ ပြီးတော့ နှစ်ကြိမ်တိုင်တိုင်လာပြီးတော့ ထိုးစစ်ဆင်တာရှိတယ်။ နှစ်ကြိမ်လုံးမှာတော့ မြန်မာစစ်တပ်ဘက်က တပ်လန်သွားတာပေါ့။ အဲဒီမှာမြန်မာစစ်တပ်ဘက်က ၁၅ ဦးထက်မနည်း ကျဆုံးပြီးတော့ နောက်ထပ် ၁၀ ကျော်လောက် ဒဏ်ရာရသွားတာ ရှိတယ်ဗျ။ ဒီနေ့နေ့လယ်တနာရီနဲ့ ၅ မိနစ်မှာပေါ့နော်။ မနေ့ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲထပ်ဖြစ်တာ ရှိတယ်ဗျ။”

ဒီကနေ့ အစောပိုင်းအထိ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ကြောင်းလည်း ခိုင်သုခက ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီ ၅၀ မိနစ်လောက်မှာ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာရဲ့အရှေ့ဘက်မှာ မိနစ်အနည်းငယ်ကြာလောက်တိုက်ပွဲဖြစ်တာ ရှိတယ်ဗျ။ အဲဒီမှာ ရန်သူ့ဘက်ကနေပြီးတော့ ၆ ဦးထက်မနည်း ကျဆုံးပြီးတော့မှ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။”

ရသေ့တောင်မြို့နယ်မှာ AA အဖွဲ့ ခြေကုတ်ယူထားတဲ့ အောင်သာစည်ကုန်းကိုလည်း မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေက တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိတယ်လို့လည်း AA အဖွဲ့က ပြောဆိုထားပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မင်းပြားနဲ့ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သိရှိဖို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့မှာတုန်းကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့အနီးမှာ တပ်မတော်ယာဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေထန်ဆက်လက်ဖြစ်ပွါးနေသလို ဒေသခံရွာသား ၂၂၀,၀၀၀ ကျော်ဟာလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် နိုင်ငံအဝန်းက တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုများလာနေတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာရုံးက ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG