သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း စစ်စခန်းကြီးငယ် ၁၄၀ ကျော်သိမ်းယူခဲ့ဟု AA ထုတ်ပြန်


AA ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည့် AA အဖွဲ့သိမ်းပိုက်ပြီးသော စခန်းများကို မြေပုံတွင်တွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
AA ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည့် AA အဖွဲ့သိမ်းပိုက်ပြီးသော စခန်းများကို မြေပုံတွင်တွေ့ရစဉ် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်အနီးမှာ AA ရခိုင်တပ်တော်နဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်ကနေ ပေါက်တောမြို့ဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့စစ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ AA ရခိုင်တပ်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာလည်း မူဆယ်အနီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအနီးနဲ့ နမ့်ဆန်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး နမ့်ဆန်မြို့အနီး စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကို သိမ်းယူခဲ့တယ်လို့ TNLA တအောင်းပလောင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မြန်မာစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ပြီးခဲ့တဲ့ရက်တွေက တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် ကိုးကန့်ဒေသတွင်းမှာတော့ တိုက်ပွဲတွေ အရှိန်လျော့သွားပါတယ်။ ဒါပေမယ့် ကိုးကန့်ဒေသတွင်းမှာ လောက်ကိုင်မြို့ကလွဲလို့ အဓိက စစ်စခန်းနဲ့မြို့အများစုကို MNDAA ကိုးကန့်တပ်က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

တရုတ်ကစေ့စပ်ခဲ့တဲ့ ဆွေးနွေးပွဲရလဒ်အားဖြင့် ယာယီအပစ်ရပ်ဖို့အပါအဝင် သဘောတူညီချက်တချို့ ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပေမယ့် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကတော့ ဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ မြန်မာစစ်ကောင်စီဘက်ကတော့ တရုတ်အကူအညီနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဝန်ခံပြီး ဒီလအကုန် နောက်နှစ်ဆန်းမှာ ပြန်လည်တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG