သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္မွာ တပ္မေတာ္ စက္တပ္ေလွတခ်ဳိ႕ တိုက္ခိုက္ ႏွစ္ျမႇဳပ္ခံရ


ဘူးသီးေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္ရဲ႕ စက္တပ္ေလွေတြ တို္က္ခိုက္ခံရတယ္လို႔ ေဒသခံေတြက ေျပာတာကို ရခုိင္ လက္နက္ကိုင္အဖြဲ႔ AA ေျပာခြင့္ရကလည္း အတည္ျပဳေျပာဆုိပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ အတည္ျပဳခ်က္ မရပါဘူး။ မင္းျပားၿမိဳ႕နယ္ထဲမွာေတာ့ တပ္မေတာ္ယာဥ္တန္းကို AA က ဗံုးခြဲတိုက္ခိုက္တယ္လုိ႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ တိုက္ပြဲေတြ ျဖစ္တိုင္းမွာလည္း ျဖစ္တဲ့ေနရာပတ္ဝန္းက်င္က ရြာသူရြာသားေတြ ထြက္ေျပးၾကရပါတယ္။ စစ္မီး မၿငိမ္းေသးတဲ့ ရခုိင္ျပည္နယ္တြင္း အေျခအေနကို ထုိင္းအေျခစုိက္ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေရးလႈပ္ရွားေနတဲ့ တပ္မေတာ္စစ္ေၾကာင္းနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

မေန႔က မြန္းလြဲပုိင္းေလာက္မွာ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ျမိဳ႕နယ္အစပ္ ခြဆုံေက်းရြာအနီးမွာ ျမန္မာစစ္တပ္ကေန စီးနင္းလာတဲ့ စက္တပ္ေလွကို သူတုိ႔ဘက္က တုိက္ခုိက္ခဲ့ေၾကာင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ျပန္ၾကားေရးတာ၀န္ခံ ခိုင္သုခက အခုလို ေျပာပါတယ္။

“ဘူးသီးေတာင္ဘက္မွာ မေန႔ကလည္းပဲ ဒီ ထိုးစစ္ဆင္ဖို႕ အင္အားျဖည့္ဖို႔ တက္လာတဲ့ ဗမာစစ္တပ္ရဲ႕ စက္ေလွတခ်ိဳ႕ကို က်ေနာ္္တို႔ဘက္ကေနျပီးေတာ့ ဟန္႔တား တိုက္ခိုက္တာေတြေတာ့ ရွိတယ္။ အဲဒီမွာစက္ေလွ သံုး စီး။ ထိခိုက္က်ဆုံးမႈ အေသးစိတ္ေတာ့ က်ေနာ္္ဆီ ေရာက္မလာေသးဘူး။”

ဒီတုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ သူတုိ႔ဆီကုိ အေသးစိတ္သတင္း ေရာက္မလာေသးဘူးလုိ႔လည္း ခုိင္သုခက ေျပာပါတယ္။

မေန႔က ဘူးသီးေတာင္ ေရေၾကာင္း တိုက္ပြဲအေျခအေနနဲ႔ ပက္သက္လို႔ ျမင္ေတြ႔ခဲ့ရတဲ့ အေျခအေနေတြကုိ ခြဆုံေက်းရြာသားတဦးက အခုလုိ ေျပာပါတယ္။

“ခြဆုံအိုင္နားေလာက္မွာ ျဖစ္ၾကတယ္။ ျမန္မာ့တပ္မေတာ္ စစ္ေၾကာင္းထြက္လာတာကို ႏွစ္ဦး ႏွစ္ဘက္ ေတြ႔ျပီးေတာ့ အဲဒီမွာ ပစ္ခတ္မႈေတြ ရွိတာေပါ့။ ျမန္မာ့တပ္မေတာ္ စက္တပ္ေလွအစီး ငါး စီးလာတယ္။ ႏွစ္စီးျမႇဳပ္သြားတယ္လို႔ ေျပာတယ္။ ျမန္မာ့တပ္မေတာ္ဘက္ကေတာ့ နည္းနည္း ထိတယ္လို႔ ေျပာတယ္။ ေဘးနားမွာ ရွိတဲ့ ေက်းရြာက လူေတြျမင္လိုက္တယ္ေလ။”

တိုက္ပြဲျဖစ္ပြားအျပီး ျမန္မာစစ္တပ္ကေန လက္နက္ၾကီးငယ္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ အနီး၀န္းက်င္ရြာက ရြာသားေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရတယ္လို႔ ခြဆုံေက်းရြာသားကပဲ ဆက္ေျပာပါတယ္။

“ရခိုင္တပ္ေတာ္ဘက္က ျဖစ္ျပီးေတာ့ သူတို႔က ေပ်ာက္သြားတယ္။ ျမန္မာ့တပ္မေတာ္က အဲဒီေက်းရြာေတြကို ခ်ိန္ျပီး လက္နက္ေတြနဲ႔ ပစ္တယ္။ လူေတြကိုေတာ့ မထိဘူးေပါ့။ အဲဒီနားမွာရွိတဲ့ခြဆုံရယ္ ေဇယ်ာျမိဳင္ အိုးေဖါက္ ၿပိန္းေတာတို႔ အကုန္လုံး သူတို႔ ထြက္ေျပးၾကတယ္ေလ။ ရြာမွာ မေနရဲၾကေတာ့ဘူး မေန႔က။”

ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားတဲ့ေနရာဟာ ရေသ့ေတာင္ျမိဳ႕နယ္ အိုးေဖါက္ရြာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ခြဆုံေက်းရြာအၾကား ေမယုျမစ္ထဲက သုံးခြျမစ္ေခ်ာင္းဆုံတဲ့ ေနရာမွာ ျဖစ္ပြားခဲ့ေၾကာင္း ခြဆုံေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႔၀င္ တဦးက ေျပာေပမဲ့ ထိခိုက္မႈ အေျခအေနကိုေတာ့ မသိရွိဘူးလို႔ ေျပာပါတယ္။

မေန႔က မင္းျပားျမိဳ႕နယ္ဘက္မွာ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့ၾကာင္းကိုလည္း ခိုင္သုခက ေျပာပါတယ္။

“မင္းျပားဘက္မွာလည္း မေန႔ကေနျပီးေတာ့ ဗမာစစ္တပ္ဘက္က ထိုးစစ္ဆင္ဖို႔ တက္လာတဲ့ က်ေနာ္တို႔ဘက္က ဒီထိေတြ႔ တိုက္ပြဲျဖစ္တာေတြ ရွိတယ္။”

တပ္မေတာ္ သတင္းမွန္ျပန္ၾကားအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဘူးသီးေတာင္ျမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈ အေျခအေနကို မသိရွိရေသးဘူးလို႔ဆိုသလို မေန႔က မင္းျပားျမိဳ႕နယ္ ပန္းေျမာင္းေက်းရြာဘက္မွာ တပ္မေတာ္ယာဥ္ တစီး မိုင္းခြဲတိုက္ခိုက္ခံရေၾကာင္း ေျပာပါတယ္။

“အဲဒီမွာေတာ့ က်ေနာ္္တို႔လည္း အခုထိ မသိေသးဘူး။ မေန႔ကေတာ့ က်ေနာ္္တို႔ ပန္းေျမာင္းေက်းရြာဘက္မွာ ရီမုမိုင္းနဲ႔ တိုက္ခိုက္ခဲ့တာ ရွိပါတယ္။ အဲဒီမွာေတာ့ က်ေနာ္္တို႔ဆီက စစ္သုံးေမာ္ေတာ္ယာဥ္ တစီး တိုက္ခိုက္တာ ျဖစ္တယ္။ ေမာ္ေတာ္ယာဥ္ေတာ့ အနည္းငယ္ ပ်က္စီးသြားတယ္။ မီးလံုးကြဲတာတို႔ ဘာတို႔ပဲ ျဖစ္ပါတယ္။ ေမာင္းလို႔ရပါတယ္။ က်န္တဲ့ ထိခိုက္ဒဏ္ရာ ရရွိမႈေတာ့ မရွိဘူးဗ်။

ဒီကေန႔မွာလည္း ရေသ့ေတာင္ျမိဳ႕နယ္ ၿပိန္းေတာေက်းရြာထဲကို ျမန္မာစစ္တပ္ဘက္က ပစ္ခတ္ ပစ္ခတ္ ၀င္ေရာက္ခဲ့လို႔ ရြာသားေတြ တိမ္းေရွာင္ေနရေၾကာင္း ေက်းရြာ ရပ္မိရပ္ဖတဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြေန႔စဥ္လိုလို ျဖစ္ပြားေနျပီး စစ္ေရွာင္ရြာသားေတြလည္း ပိုမို တိုးပြားလာေနပါတယ္။

ျမန္မာအစိုးရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ ေလး ဖဲြ႔တို႔ ေရွ႕သီတင္းပတ္ တနလၤာေန႔က်ရင္ ရွမ္းျပည္နယ္ က်ိဳင္းတံုၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆံုေဆြးေႏြးဖို႔ ေသခ်ာ သေလာက္ရွိေနျပီျဖစ္ေပမဲ့ ရခိုင္ျပည္နယ္ဟာ အပစ္ခတ္ ရပ္စဲေရးေဒသထဲမွာ မပါ၀င္တာေၾကာင့္ တိုက္ပြဲ ေလွ်ာ့က်ေရးဟာ မေရရာေသးတဲ့ အေျခအေနမွာ ရွိေနပါတယ္။

[Unicode Version]

ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်ရဲ့စက်တပ်လှေတွေ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောတာကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရကလည်း အတည်ပြုပြောဆိုပါတယ်။ တပ်မတော်ဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတည်ပြုချက် မရပါဘူး။ မင်းပြားမြို့နယ်ထဲမှာတော့ တပ်မတော်ယာဉ်တန်းကို AA က ဗုံးခွဲတိုက်ခိုက်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ တိုက်ပွဲတွေဖြစ်တိုင်းမှာလည်း ဖြစ်တဲ့နေရာပတ်ဝန်းကျင်က ရွာသူရွာသားတွေ ထွက်ပြေးကြရပါတယ်။ စစ်မီး မငြိမ်းသေးတဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

မနေ့က မွန်းလွဲပိုင်းလောက်မှာ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အစပ် ခွဆုံကျေးရွာအနီးမှာ မြန်မာစစ်တပ်ကနေ စီးနင်းလာတဲ့ စက်တပ်လှေကို သူတို့ဘက်က တိုက်ခိုက်ခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“ဘူးသီးတောင်ဘက်မှာ မနေ့ကလဲပဲ ဒီ ထိုးစစ်ဆင်ဖို့ အင်အားဖြည့်ဖို့တက်လာတဲ့ ဗမာစစ်တပ်ရဲ့စက်လှေတချို့ကို ကျနော်တို့ဘက်ကနေပြီးတော့ ဟန့်တားတိုက်ခိုက်တာတွေတော့ ရှိတယ်။ အဲဒီမှာစက်လှေ ၃ စီး။ ထိခိုက်ကျဆုံးမှု အသေးစိတ်တော့ ကျနော်ဆီ ရောက်မလာသေးဘူး။”

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သူတို့ဆီကို အသေးစိတ်သတင်း ရောက်မလာသေးဘူးလို့လည်း ခိုင်သုခက ပြောပါတယ်။

မနေ့က ဘူးသီးတောင် ရေကြောင်းတိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကို ခွဆုံကျေးရွာသားတဦးက အခုလို ပြောပါတယ်။

“ခွဆုံအိုင်နားလောက်မှာ ဖြစ်ကြတယ်။ မြန်မာ့တပ်မတော် စစ်ကြောင်းထွက်လာတာကို နှစ်ဦးနှစ်ဘက် တွေ့ပြီးတော့ အဲဒီမှာပစ်ခတ်မှုတွေ ရှိတာပေါ့။ မြန်မာ့တပ်မတော် စက်တပ်လှေအစီး(၅)စီးလာတယ်။ နှစ်စီးမြှုပ်သွားတယ်လို့ ပြောတယ်။ မြန်မာ့တပ်မတော်ဘက်ကတော့ နည်းနည်း ထိတယ်လို့ ပြောတယ်။ ဘေးနားမှာရှိတဲ့ ကျေးရွာက လူတွေမြင်လိုက်တယ်လေ။”

တိုက်ပွဲဖြစ်ပွါးအပြီး မြန်မာစစ်တပ်ကနေ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရွာက ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ခွဆုံကျေးရွာသားကပဲ ဆက်ပြောပါတယ်။

“ရခိုင်တပ်တော်ဘက်က ဖြစ်ပြီးတော့ သူတို့က ပျောက်သွားတယ်။ မြန်မာ့တပ်မတော်က အဲဒီကျေးရွာတွေကို ချိန်ပြီး လက်နက်တွေနဲ့ပစ်တယ်။ လူတွေကိုတော့ မထိဘူးပေါ့။ အဲဒီနားမှာရှိတဲ့ခွဆုံရယ် ဇေယျာမြိုင် အိုးဖေါက် ပြိန်းတောတို့ အကုန်လုံး သူတို့ ထွက်ပြေးကြတယ်လေ။ ရွာမှာ မနေရဲကြတော့ဘူး မနေ့က။”

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာဟာ ရသေ့တောင်မြို့နယ်၊ အိုးဖေါက်ရွာနဲ့ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာအကြား မေယုမြစ်ထဲက သုံးခွမြစ်ချောင်းဆုံတဲ့ နေရာမှာ ဖြစ်ပွါးခဲ့ကြောင်း ခွဆုံကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောပေမဲ့ ထိခိုက်မှု အခြေအနေကိုတော့ မသိရှိဘူးလို့ ပြောပါတယ်။

မနေ့က မင်းပြားမြို့နယ်ဘက်မှာ AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြာင်းကိုလည်း ခိုင်သုခက ပြောပါတယ်။

“မင်းပြားဘက်မှာလည်း မနေ့ကနေပြီးတော့ ဗမာစစ်တပ်ဘက်က ထိုးစစ်ဆင်ဖို့ တက်လာတဲ့ ကျနော်တို့ဘက်က ဒီထိတွေ့ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။”

တပ်မတော်သတင်းမှန်ုပြန်ကြားအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို မသိရှိရသေးဘူးလို့ဆိုသလို မနေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဘက်မှာ တပ်မတော်ယာဥ ်တစီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ပြောပါတယ်။

“အဲဒီမှာတော့ ကျနော်တို့လည်း အခုထိ မသိသေးဘူး။ မနေ့ကတော့ ကျနော်တို့ ပန်းမြောင်းကျေးရွာဘက်မှာ ရီမုမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ အဲဒီမှာတော့ ကျနော်တို့ဆီက စစ်သုံးမော်တော်ယာဉ် တစီး တိုက်ခိုက်တာ ဖြစ်တယ်။ မော်တော်ယာဉ်တော့ အနည်းငယ် ပျက်စီးသွားတယ်။ မီးလုံးကွဲတာတို့ဘာတို့ပဲ ဖြစ်ပါတယ်။ မောင်းလို့ရပါတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိဘူးဗျ။

ဒီကနေ့မှာလည်း ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာထဲကို မြန်မာစစ်တပ်ဘက်က ပစ်ခတ် ပစ်ခတ်ဝင်ရောက်ခဲ့လို့ ရွာသားတွေ တိမ်းရှောင်နေရကြောင်း ကျေးရွာ ရပ်မိရပ်ဖတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ရှောင်ရွာသားတွေလဲ ပိုမိုတိုးပွားလာနေပါတယ်။

မြန်မာအစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အပါအဝင်၊ မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့တို့ ရှေ့သီတင်းပတ် တနင်္လာနေ့ကျရင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ သေချာ သလောက်ရှိနေပြီးဖြစ်ပေမဲ့ ရခိုင်ပြည်နယ်ဟာ အပစ်ခတ် ရပ်စဲရေးဒေသထဲမှာ မပါဝင်တာကြောင့် တိုက်ပွဲ လျှော့ကျရေးဟာ မရေရာသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG