သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေးကြောင့် ရခိုင်မှာ ယခုနှစ်အတွင်း လူ၁၈ဦး သေဆုံး


A woman fights with a police officer during a protest against the presidential election results, as protesters face aggressive police action in the capital of Minsk, Belarus.
A woman fights with a police officer during a protest against the presidential election results, as protesters face aggressive police action in the capital of Minsk, Belarus.

ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အတော်များများမှာ မေလလောက်ကစတင်ပြီး သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ များနေပြီး စစ်တွေမှာတင် လူဦးရေ ၄ဦးထက်မနည်း သေဆုံးသလို ၊ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီနှစ်မှာ လူဦးရေ ၁၈၀၀ထောင်နီးပါးလောက် သွေးလွန်တုပ်ကွေးဖြစ်နေပြီး လူ ၁၈ဦးသေဆုံးမူတွေလည်း ရှိနေတယ်လ့ို ပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေ အတည်ပြုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး ဇူလိုင်လ ၂၈ရက်နေ့ထိ စာရင်းအရ ဆိုရင် ၁၇၀၀ကျော်ရှိသွားပြီဖြစ်တဲ့အကြောင်း သေဆုံးမူတွေရှိတဲ့ အကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစံကျော့ခိုင်ကပြောပါတယ်။

“ကျမတို့ ပြီးခဲ့တဲ့ သောကြာနေ့ကစစ်ထားချက်အရဖြစ်တဲ့သူက ၁၇၀၀လောက် ၊ သေတဲ့သူက ၁၈ယောက်ရှိတယ် တပြည်နယ်လုံးမှာပါ ။ဒီနှစ်ကတော့ အရင်နှစ်တွေထက်စာရင် အဖြစ်များတယ် ပေါ့။”

ရခိုင်ပြည်အတွင်းက မြို့နယ်အတော်များများမှာ မေလလောက်ကစပြီး သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတာပါ ။ စစ်တွေမြို့မှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ရာခိုင်နှုန်းက ဒီနှစ်မှာများတဲ့ အတွက် သတိမေ့တဲ့လူနာတွေ ၊ သေဆုံးတဲ့လူနာတွေ ရှိနေတယ်လို့ စစ်တွေမြို့ခံတဦးဖြစ်တဲ့ ဦးသန်းထွန်းကလည်း ပြောပြပါတယ်။

“သွေးလွန်တုပ်ကွေးဖြစ်တဲ့သူကတော့ များတယ်ဗျ ။ သွေးလွန်တုပ်ကွေးက မေလောက်ကနေ စဖြစ်တာ ဒီနှစ်ကတော့ဖြစ်တဲ့သူများတယ် စစ်တွေ ဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူနာက ၄၅၀ကျော် လောက်ရှိတယ်။ ဒီနှစ်ကတော့ဖြစ်တဲ့သူများတယ် ၂၅၀ကျော်က Shock ဖြစ်တယ် ဆုံးသွားတဲ့ကလေးက ၃ ၊ ၄ယောက်လောက်ရှိတယ်။ ရခိုင်တပြည်လုံးကတော့ ၁၈ယောက် လောက်တော့ ရှိလိမ့်မယ်”

စစ်တွေ ၊ကျောက်တော် ၊ မင်းပြား ၊တောင်ကုတ် စတဲ့မြို့တွေကတော့ သွေးလွန်တုပ်ကွေး အဖြစ်များနေတဲ့ မြို့နယ်တွေဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေဦးစီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့နစ်ကထက် ၃ဆခန့် ပိုများနေတာကြောင့် ခြင်တွေပေါက်ဖွားရာနေရာတွေကို ဆေးဖျန်းတာတွေကိုလည်း ဆက်တိုက်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တခုလုံးအတိုင်းအတာနဲ့ဆိုရင် သွေးလွန်တုန်ကွေး ဖြစ်နေတဲ့လူနာ အရေအတွက် ၁၇၀၀ကျော်ရှိပြီး ကလေးသူငယ်တွေ အဖြစ်များတယ်လို့ သိရပါတယ်။ ကျန်းမာရေးဦးစီးဌာနကတော့ ခြင်တွေပေါက်ဖွားတဲ့ နေရာတွေမှာရေတွေလဲလှယ် ပေးဖို့တွေ ခြင်ကိုက်တာတွေ မခံကြဖို့ တိုက်တွန်းနှိုးဆော် ထားပါတယ် ။ ရခိုင်ပြည်နယ်အတွင်းမှာတော့ သွေးလွန်တုပ်ကွေးရောဂါက ကပ်ရောဂါအသွင်မျိုးမရှိပေမယ့် သွေးလွန်တုပ်ကွေးဖြစ်တဲ့နှုန်းက အရင်နှစ်ကထက် ပိုများတာတွေတော့ရှိတယ်လို့လည်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနကတော့ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG