သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းထိခိုက်


နိုင်ငံခြားသား ခရီးသွားဧည့်သည်များ
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ကိစ္စက ကမ္ဘာတလွှားမှာ ထိပ်တန်း သတင်းဖြစ်ခဲ့ပြီး အခုအချိန်ထိ မပြေလည်သေးတဲ့ ဂယက်က မြန်မာ့ ခရီးသွား လုပ်ငန်း အပေါ်မှာပါ သိသိသာသာ ရိုက်ခတ်နေတာပါ။ ရခိုင်ပြသနာကြောင့် အနောက်နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု သိသိသာသာ ကျဆင်းနေပြီး ဘယ်အချိန် ပုံမှန် ပြန်ဖြစ်မလာလဲ ဆိုတာကလည်း မရေရာသေးပါဘူး။ အနောက်နိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှု ကျဆင်းလာချိန်မှာ အာရှဒေသက ခရီးသည်တွေ ပိုလာဖို့ ကြိုးစားနေကြရတယ်လို့လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းရဲ့ အကြံပေး၊ Diethelm Travel ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖြိုးဝေရာဇာက ပြောပါတယ်။ မြန်မာ့ ခရီးသွား လုပ်ငန်း လက်ရှိနဲ့ ရှေ့အလားတွေကို မသိဂီ ၤထိုက် ဆက်သွယ်မေးမြန်းတာမှာတော့ သူက အခုလို စပြောပါတယ်။

ဦးဖြိုးဝေရာဇာ။ ။ အဓိကတော့ သူတို့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ image က မကောင်းဘူးဖြစ်သွားတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ခရီးသွားတွေက မြန်မာနိုင်ငံသွားဖို့ဆိုရင် နည်းနည်းလေး တွန့်သွားကြတယ်။ နောက်တခါကျတော့ လာရင်လည်း ဒီတိုင်းပြည်က မသွားသင့်တဲ့ နေရာမျိုးခရီးစဉ်ဒေသဆိုပြီးတော့ သတ်မှတ်လိုက်တာရှိပါတယ်။

မသိဂီ ၤထိုက်။ ။ အနောက်နိုင်ငံက ခရီးသွားတွေက သိသိသာသာကျသွားတော့ ဘယ်လောက် သက်ရောက်မှုတွေ ရှိပါသလဲ။

ဦးဖြိုးဝေရာဇာ။ ။ပြောရမယ်ဆိုရင် အရှေ့မှာကျနော်တို့ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ကြတာ တော်တော်များများရှိတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ တပ်မတော်အစိုးရလက်ထက်မှာ ပိတ်ပင်တာ ၊ လာမလည်ကြပါနဲ့ဆိုပြီးတော့ ပြောတဲ့အခြေအနေတုန်းက ဒီလောက်မဆိုးဘူးလို့ ထင်တယ်။ နောက်တခါ သဘာဝဘေးအန္တရာယ်နဲ့ ထိခိုက်တာမျိုးမှာလည်း ခရီးသည်တွေ အဝင် ကျသွားတာရှိပါတယ်။ သို့သော်ဒီတခါကတော့ Focus လုပ်လို့မရဘူးဖြစ်နေတယ်။ အရင်တုန်းက ဒီနှစ် ဒီ ရာသီတော့ အဆင်မပြေပေမယ့် နောက်ရာသီနောက်နှစ်မှာပြန်ပြီးတော့ ကောင်းလိမ့်မယ်လို့ မျှော်မှန်းလို့ရပါတယ်။ ဒါပေမယ့် အခု အခြေအနေမှာတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ဒီကိစ္စရှင်းသွားမယ်ဆိုတာလည်း မျှော်လင့်လို့မရဘူး နောက်တခါ ဘယ်အချိန်မှာ ARSA ကနေပြီးတော့ ထပ်ပြီးတော့ Attack လာလုပ်မလား မလုပ်ဘူးလားဆိုတာလည်း ပြောလို့မရဘူး။ အဲလိုအခြေအနေမျိုးရှိတဲ့အခါကျတော့ Focus လုပ်ဖို့ တော်တော်လေးခက်ခဲပါတယ်။ အများစုက မျှော်လင့်ထားတာကတော့ ဒီနှစ်ရော နောက်တခါ နောက်နှစ်ရောက ဆက်ပြီးတော့ ထိခိုက်နေမယ်လို့ မျှော်လင့်နေပါတယ်။

မသိဂီ ၤထိုက်။ ။အာရှခရီးသွားတွေကရော မြန်မာနိုင်ငံမှာ ဆုံးရှုံးသွားတဲ့ အနောက်နိုင်ငံ ခရီးသွားတွေ နေရာမှာ အစားထိုးနိုင်လောက်တဲ့အထိ လောက်လောက်လားလားရှိပါသလား။

ဦးဖြိုးဝေရာဇာ။ ။အခုလုပ်ပေးမယ်လို့ မျှော်လင့်ထားတဲ့ ကိုရီးယား၊ ဂျပန်၊ တရုတ် ဒီနိုင်ငံ ၃ ခုကတော့ အခုလက်ရှိမှာ Top 5 ထဲမှာ ပါနေပါတယ်။ မြန်မာနိုင်ငံကိုလာလည်တဲ့ ခရီးသွားအများဆုံးနိုင်ငံထဲမှာပါတယ်။ နောက်ပြီးတော့ ဒီရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ Customer တွေ consumer တွေ ၊ လာပြီးတဲ့ ဧည့်သည်တွေရဲ့ Point of view ကတော့ အဲလောက်ကြီးမပြင်းထန်ဘူးလို့ သုံးသပ်လို့ရပါတယ်။ အဲဒီတော့ ဒီ Market ၃ ခုကတော့ သေချာလေးလုပ်ပေးရင်တော့ အများကြီးတိုးတက်မှုရှိမယ်။ ချက်ချင်းတော့ မျှော်မှန်းလို့မရပါဘူး။ ကျနော်တို့ အနည်းဆုံး ၆ လ ၊ ၁ နှစ် အချိန်ပေးပြီးတော့ဒီလမ်းကြောင်းကို ရအောင်ဖောက်ရမှာလေ ။ အဲဒါပြီးတဲ့အခါကျတော့ နောက်နှစ်လောက်ဆိုရင်တော့ အရှိန်အဟုန်ပိုမြှင့်ပြီးတော့ ဧည့်သည်ပိုဝင်လာမယ်လို့ထင်တယ် ဒီ Market ၃ ခုကနေ။

မသိဂီ ၤထိုက်။ ။ မြန်မာပြည်ထဲက အဓိက ခရီးသွားဒေသတွေမှာရော ဝင်ငွေကျသွားသလား။ ပုဂံတို့၊ အင်းလေးတို့ ဒီလိုဘက်တွေရော။

ဦးဖြိုးဝေရာဇာ။ ။ဒီအချိန်ကတော့ ပုံမှန်ကျလေ့ကျထရှိတဲ့အချိန်ပါခင်ဗျ။ အခုအချိန်မှာ ဧည့်သည်အဝင်နည်းတဲ့ဟာတော့ အရင်နှစ်တွေကနဲ့ ယှဉ်ကြည့်ရင်တော့ မကွာဘူးလို့ပြောလို့ရပါတယ်။ ကျနော်တို့စိုးရိမ်ရမှာကတော့ ဒီ High Season ၊ အောက်တိုဘာအလွန် နောက်နှစ်မတ်လကုန်အထိ အဲဒီအချိန်မှာလျော့ကျမယ့် Figure တွေပဲ ကျနော်တို့ စိုးရိမ်ရမှာပါ။"

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းရဲ့ အကြံပေး၊ Diethelm Travel ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖြိုးဝေရာဇာကို မသိဂီ ၤထိုက် မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG