သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်များ နေထိုင်မှုခက်ခဲ


ရခိုင်ဒုက္ခသည်များ
ရခိုင်ဒုက္ခသည်များ

အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရခိုင်ဒုက္ခသည်တွေဟာ စာသင်ကျောင်းအချို့မှာ ကျဉ်းကျဉ်းကြပ်ကြပ် စုပြုံနေရပြီး နေထိုင်ရေးမှာ အခက်အခဲရှိနေတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မောင်တောအနားမှာရှိတဲ့မွတ်ဆလင်ကျေးရွာကြီးဖြစ်တဲ့ မြို့သူကြီးရွာကတော့ မီးလောင်ပြင်ဖြစ်နေပြီး လူသူကင်းမဲ့နေတယ်လို့လည်း ပြောပါတယ်။ မောင်တောဒေသပဋိပက္ခအခြေအနေ သတင်းယူဖို့ အဲဒီဒေသရောက်ရှိနေတဲ့ ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းစဉ် သူကအခုလိုစဖြေပါတယ်။

“ကိုမိုးဇော်။ ။ကျနော်တို့ဒီကနေ့ရောက်ခဲ့တာကတော့ အဓိကတော့ ကိုင်းကြီးကျေးရွာပေါ့လေ၊ အဲဒီမှာ ဒီလ ၃ ရက်နေ့က မြိုရွာမှာ လူ ၆ ယောက်အသက်ခံရတာပါ။ အဲဒီကအသတ်ခံရတဲ့ ရွာက လူတွေက ကိုင်းကြီးရခိုင်ရွာကို ထွက်ပြေးတိမ်းရှောင်လာကြတယ်။ အဲဒီလိုထွက်ပြေးတိမ်းရှောင်တော့ ရခိုင်ရွာမှာ သူတို့မိသားစုတွေကို အဲဒီမှာ ထားထားတယ်ပေါ့နော်။

ကိုသားညွှန့်ဦး။ ။မွတ်ဆလင်ကျေးရွာအခြေအနေတွေရော ၊ အခု စစ်ဆင်ရေးတွေလည်းလုပ်နေတယ်။ နယ်မြေရှင်းလင်းရေးတွေလည်းလုပ်နေတယ်ဆိုတော့ မွတ်ဆလင်ကျေးရွာတွေမှာရော ဒီဒေသခံမွတ်ဆလင်တွေရော ရှိသေးရဲ့လား။

ကိုမိုးဇော်။ ။ဒီမောင်တောမြို့အထွက်ပေါ့လေ မြို့သူကြီးရွာကိုတော့ ဒီကနေ့ သွားရောက်ကြည့်ရှု့ခဲ့တယ်။ မြို့သူကြီးရွာကတော့ လောလောဆယ်အကုန်လုံးမီးလောင်ပြီးဖြစ်နေတယ်။ နေအိမ်တွေတော်တော်များများ အကုန်လုံး ဒီမြို့သူကြီးရွာမှာ မီးလောင်ထားတာတွေ့ရတယ် လူတွေမရှိဘူး။ အဲဒီရွာကအရင်တုန်းကဆိုရင် မောင်တောကနေ ဘူးသီးတောင်ကိုထွက်တဲ့ ကားလမ်းဘေးက မောင်တောအထွက်မှာရှိတဲ့ ရွာပေါ့ဗျာ ၃ မိုင် ၄ မိုင်လောက်အကွာရွာပဲ ။ အခုလောလောဆယ်တော့ လူနေတာမျိုးတွေမတွေ့ရတော့ဘူး။အဲဒီရွာကတော့ ကျနော်တို့ အခင်းဖြစ်ပွားတဲ့နေ့ ၂၅ ရက်နေ့မှာ အဲဒီရွာမှာ မိုင်းခွဲပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ နောက်ရက်တွေမှာလည်း လုံခြုံရေးကားတွေကို တိုက်ခိုက်တာတွေရှိတယ်။ အဲဒီမှာ နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ရတာတွေရှိတယ် ဆိုပြီးသိရတယ်။

ကိုသားညွှန့်ဦး။ ။ဆိုတော့ ကိုမိုးဇော်တို့ကို ပို့တဲ့အခါမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အတိုက်ခံရတဲ့ ရဲကင်းစခန်းတွေ ရောတွေ့ခွင့်ရလား၊ ရောက်သေးလား။

ကိုမိုးဇော်။ ။အဲဒီနေရာတွေတော့ ကျနော်တို့ လုံခြုံရေး အခြေအနေကြောင့် အဲဒီရဲကင်း ရဲစခန်းတွေ ကိုကျတော့ သွားရောက်တာမရှိပါဘူး။

ကိုသားညွှန့်ဦး။ ။ဒုက္ခသည်တွေအခြေအနေပေါ့နော် ကိုမိုးဇော်တို့သွားတွေ့ခွင့်ရတဲ့ ရခိုင် ဒုက္ခသည်တွေ အခြေအနေ၊ အနေအထား၊ သူတို့လိုအပ်ချက် အခြေအနေဘယ်လိုရှိပါသလဲခင်ဗျ။

ကိုမိုးဇော်။ ။အဓိကတော့ ကျနော်တို့ တွေ့ခဲ့မြင်ခဲ့ရတာဆိုရင် မနေ့ကဆိုရင် ရခိုင် ဒုက္ခသည်တွေရဲ့ စခန်းတွေရောက်တယ်၊ နောက် ဟိန္ဒူ သာသာဝင်တွေကိုထားတဲ့ စခန်းတွေရောက်တယ်။ ရောက်တယ်ဆိုတော့ စာသင်ခန်းတွေအထဲမှာ မိသားစုတွေ၊ ကလေးတွေ ဒီလိုမျိုး အားလုံးစုပြုံပြီးနေရတဲ့အနေအထားမျိုးရှိတယ်။ ကျောင်းဝင်းပြင်မှာပဲ ဖြစ်သလို ချက်ပြုတ်စားသောက်ကြတယ်။ သူတို့လုံလုံလောက်လောက်ရှိတဲ့အနေအထားမျိုးတွေတော့မရှိဘူး။ လောလောဆယ်မှာတော့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အာဏာပိုင်တွေဘက်ကကတော့ စားနပ်ရိက္ခတွေထောက်ပံ့ထားတာတွေတော့ရှိတယ်။ အဓိကပြဿနာကတော့ ထောင်နဲ့ချီတဲ့ လူတွေအများကြီးက အဲဒီ ၁ နေရာထဲမှာပေါ့လေ နေရာထိုင်ခင်းကျဉ်းကျဉ်းလေးမှာပဲ စုပြုံပြီးတော့ နေထိုင်ရတဲ့ အနေအထားမျိုးတွေရှိတယ်။

ကိုသားညွှန့်ဦး။ ။မွတ်ဆလင်ကျေးရွာကိုသွားတဲ့အခါ လုံခြုံရေးအရသွားလို့မရဘူး ဒါပေမယ့် ရွာသူကြီးတွေနဲ့ တွေ့ခွင့်ရတယ်ဆိုတော့ မွတ်ဆလင်ရွာသူကြီးတွေကရော ဒီတိုက်ခိုက်မှုတွေ ဖြစ်တာနဲ့ သူတို့ရွာအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘာများထူးထူးခြားခြားပြောသေးလဲခင်ဗျ။

ကိုမိုးဇော်။ ။ဟုတ်ကဲ့ ခုနကပြောတဲ့ မွတ်ဆလင်ရွာသူကြီးတွေလို့ပြောရမှာပေါ့လေ မှာ သူတို့ရွာတွေကတော့ အေးအေးချမ်းချမ်းနေတဲ့ရွာတွေဖြစ်တယ်၊ အကြမ်းဖက်တိုက်ခိုက်မူတွေကိုလည်း သူတို့အားမပေးဘူး မော်နီရွာပေါ့လေ။ အဲဒီရွာကလူတွေက အဲလိုမျိုးအားပေးတဲ့ဟာတွေတော့မဟုတ်ဘူး။ အကြမ်းဖက်သမားတွေသူတို့ဝင်လာတဲ့လူတွေကိုလည်း ဖမ်းဆီးပြီး အာဏာပိုင်တွေဘက်ကို လွဲပြောင်းပေးတာတွေရှိတယ်။ အထူးသဖြင့် လူစိမ်းတွေဝင်လာတယ်ဆိုရင် သူတို့အမြဲတမ်းသတိထားကြည့်တယ်။ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်ကဆိုရင် အကြမ်းဖက်သမား ၂ ယောက်ကိုဖမ်းပြီးတော့ သူတို့အာဏာပိုင်တွေကို လွဲပြောင်းပေးတာတွေရှိတယ်။အာဏာပိုင်တွေဘက်ကလည်း သူတို့ရွာတွေ သွားရေးလာရေး ခက်ခဲနေတဲ့အချိန်မှာ လိုအပ်တာတွေကို အကြောင်းကြားရင် အာဏာပိုင်တွေဘက်ကလည်းလုံခြုံရေးအစ ရွာခံတွေကို ကူညီထောက်ပံ့တာတွေရှိပါတယ် ဆိုပြီးပြောပါတယ်ခင်ဗျ။

ကိုသားညွှန့်ဦး။ ။ဟုတ်ကဲ့ မော်နီရွာမှာ မွတ်ဆလင်ဒေသခံတွေကတော့ ရွာမှာပဲ အေးအေးချမ်းချမ်းနေလို့ရတဲ့အခြေအနေတွေရှိတယ်ပေါ့။

ကိုမိုးဇော်။ ။ဟုတ်ကဲ့ မနက်က အုပ်ချုပ်ရေးမှူးရဲ့ ပြောစကားအရဆိုရင် ကျနော်တို့အဲလိုပဲ စိစစ်ရပါလိမ့်မယ်။ ကျနော်တို့ အဲဒီလို ရွာကို ဝင်ရောက်တဲ့အနေအထားတော့မရှိခဲ့ပါဘူး။

ကိုသားညွှန့်ဦး။ ။ကိုမိုးဇော်ရေ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။”

ရခိုင်ဒုက္ခသည်များ နေထိုင်မှုခက်ခဲ
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG