သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခဒုက္ခသည်များအတွက် ယာယီစခန်းသဘော ထားတော့မည်မဟုတ်


ရခိုင်မြောက်ပိုင်းပဋိပက္ခကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ပြန်လည်စီစစ်လက်ခံပြီး နေရာချထားရေးမှာ ၂၀၁၂ ခုနှစ်တုန်းကလို ယာယီဒုက္ခသည်စခန်းအနေနဲ့ ထားတဲ့သဘောမဟုတ်တော့ပဲ၊ အမြဲတမ်းနေထိုင်နိုင်မယ့် အခြေအနေအထိ ဖြစ်လာဖို့ ကျေးရွာတွေ တည်ဆောက်ပေးရေးကို အာဏာပိုင်တွေဖက်က စဉ်းစား စီစဉ်နေကြတယ်လို့ အစိုးရ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ကိုရန်နိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့ဒီ ပြန်လည်လက်ခံမယ့်စခန်းပေါ့နော် ၊ နေရာတွေပေါ့ တောင်ပြိုလက်ဝဲတို့ ငါးခူရတို့ အဲဒီနေရာတွေမှာ သွားပြီးတော့ ဆောင်ရွက်မယ့်လူတွေကကြည့်နေတယ်။ အရင်တုန်းကလည်း လက်ခံခဲ့ဖူးတဲ့ နေရာတွေလည်း ဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ အဆောက်အဦးဟောင်းတာတွေကို ပြုပြင်လို့ရတာတွေကို ပြုပြင်မယ်၊ ပြုပြင်လို့မရဘူးဆိုရင် အသစ်တွေဆောက်မယ်။ စသဖြင့်ပေါ့ ဒါတွေကိုဆောင်ရွက်နေတယ်ဆိုတာ ကျနော်သိရတယ်။

ကိုရန်နိုင်။ ။သူတို့ကို ဘယ်လိုပုံစံနဲ့ လက်ခံမှာလည်း သူတို့ နဂိုနေနေတဲ့ နေရာတွေမှာ လက်ခံသွားမှာလား ဒါမှ မဟုတ် သူတို့အတွက်နေရာသတ်မှတ်ထားတာ အဲလိုမျိုးနဲ့ လက်ခံသွားမှာလား။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့ပြောတဲ့အတိုင်းပါပဲ ပြန်လည်လက်ခံမယ်။ ပြန်လည်လက်ခံတယ်ဆိုတာကလည်း တနေ့ထဲမှာ အများကြီးလက်ခံလို့မရဘူး အရင်အတွေ့အကြုံတွေအရပေါ့နော်။ ၁၀၀-၁၅၀ အရင်တုန်းက အတွေ့အကြုံရှိတဲ့လူတွေပြောကြတာပေါ့နော် ကျနော်လည်း မကြုံဖူးဘူးပေါ့နော် အဲလိုမျိုးဆောင်ရွက်တယ်၊ ဆောင်ရွက်တဲ့အခါကျတော့ နောက်တခုကတော့ ကျနော်သိသလောက်ကတော့ ညှိနှိုင်းဆောင်ရွက်မယ်ပေါ့နော် ဥပမာအားဖြင့် ပြန်လာတဲ့သူတွေက သူတို့နဂိုအိမ်ရှိတယ်ဆိုရင် အိမ်ကိုပြန်လာရုံပဲလေ။ အခုဟာက ရွာတွေမီးလောင်တာတွေလည်းရှိတယ်။ မီးလောင်ထားတာရှိတော့ အဲဒီမီးလောင်ထားတဲ့နေရာတွေမှာ စပြီးတော့ ပြန်ဆောက်ဖို့အတွက် အစီအစဉ်ချလုပ်နေပြီ။ ဒီတွေကိုလည်းဆောင်ရွက်နေတယ် ဆိုတော့ ပြန်လာတဲ့လူက သူတို့နဂိုအိမ်ရှိတယ်ဆိုရင် အိမ်ကိုသွားမယ်။ မရှိရင် ပထမစခန်းမှာ ခဏနေမယ်၊ ခဏနေမယ်ဆိုတာက ၂၀၁၂ က camp တွေဖြစ်သွားတဲ့ ပုံစံမျိုးတော့ လုံးဝအဖြစ်မခံဘူး။ အဲလိုလည်းမဖြစ်ဘူး ခဏနေပြီးရင် အိမ်ပြီးရင် အိမ်ကိုသွားမယ်။ အဲဒီတော့ ကျနော်တို့က ဘာပြန်စဉ်းစားလဲဆိုတော့ ကျနော်တို့ဆီမှာ စာရင်းတွေ ရှိတယ်လို့ပြောပါတယ် ပြည်နယ်အစိုးရက ။ စာရင်းတွေ ရှိတော့ ပြန်လည်လက်ခံမယ့်နေရာမှာ အခုလည်း ကျနော်တို့က အိမ်တွေကိုအသစ်တွေဆောက်နေတာတွေ စတော့မယ် ဘာဖြစ်လို့လဲဆိုတော့ UEHRD မှာ ပါဝင်တာက ပြည်နယ်နဲ့တိုင်းက အစိုးရတွေ အကုန်ပါဝင်တဲ့အတွက်ကြောင့် တချို့ရန်ကုန်တိုင်းတို့၊ ဧရာဝတီတိုင်းတို့ဆိုရင် ဘယ်ရွာကိုတာဝန်ယူတယ် စသဖြင့် အဲဒီလိုတာဝန်ယူကြတယ်။ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရွာအလိုက်နေရာအလိုက်တာဝန်ယူတာတွေ အခုစနေပြီ၊ အဲလိုမျိုးပြီးရင် ဆောက်တော့မှာပေါ့နော်၊ ဆောက်ပြီးပြီဆိုရင် အိမ်ရှိပြီဆိုတော့ ဟိုဘက်ဒီဘက် စာရင်းတွေရှိတော့ ညှိမှာပေါ့နော် ၊ ဒီလူတွေအတွက်တော့ အိမ်ပြီးနေပြီ လွှတ်လိုက်ပါတော့ စသဖြင့်ပေါ့နော် အဲဒါဆိုရင် တိုက်ရိုက်အိမ်ထဲကို ဝင်သွားမယ်လေ။ ကြားမှာဘာမှ ခံစရာမလိုတော့ဘူး အဲဒီပုံစံလည်း စဉ်းစားတယ်ခင်ဗျ ဆုံးဖြတ်တာတော့ မဟုတ်သေးဘူးပေါ့နော်။

ကိုရန်နိုင်။ ။ခဏက ဒုက္ခသည်စခန်းဆိုတဲ့ဟာ ဘယ်ကဟာကိုပြောတာလဲခင်ဗျ

ဒေါက်တာဝင်းမြတ်အေး။ ။ဘာစခန်းမှမရှိဘူး လက်ခံရေးစခန်းကိုပြောတာ ယာယီ အဲဒီမှာ Overnight ပဲရှိမယ်။ လာမယ်၊ စိစစ်မယ်၊ အဲဒီမှာ တညနေမယ် ၊ အဝတ်အစားမပါရင် အဝတ်အစားပေးမယ်၊ အစားအသောက်တခါတည်းစသဖြင့်ပေါ့နော် စီစဉ်ပြီးတော့ အိမ်ရှိတယ်ဆိုရင် အိမ်ကိုပြန်သွားလိုက်ရုံပဲ ။ အဲဒါကြောင့် ကျနော်တို့က နေဖို့နေရာရအောင်အထိ အခုကတည်းက ကြိုပြီးတော့ အဲဒီ Process ကြီးက စဖို့နဲ့ ဟိုဘက်က ပြန်ရောက်ဖို့နဲ့ စိစစ်ဖို့ဆိုရင် လအနည်းငယ်တော့ ကြာနိုင်သေးတယ် ၊ ကျနော်စဉ်းစားကြည့်တာ ရိုးရိုးလေး။ ဒီကြားထဲမှာတော့ ကျနော်တို့ အိမ်တွေဆောက်နေပြီလေ ဒါတွေလုပ်နေပါပြီ။

ကိုရန်နိုင်။ ။ဆိုတော့ ဒုက္ခသည်တွေကို စပြီးလက်ခံတာကရော ဘယ်တော့စပြီးတော့ လက်ခံမလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။မသိသေးဘူးခင်ဗျ အမြန်ဆုံးတော့ လုပ်မယ်လို့တော့ ပြောတယ်။ လက်မခံသေးဘူး ဘာဖြစ်လို့လဲဆိုတော့ လက်ခံလို့ကိုမရသေးတာ။ ဒါပေမယ့် အမြန်ဆုံးတော့ လက်ခံမယ် သို့သော် ၂ ဖက် သဘောတူညီချက်ထွက်လာမှ ရမယ် အဲဒီဟာက မထွက်သေးဘူး။”

ကိုရန်နိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG