သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ကမ္းလြန္ပင္လယ္ထဲ အကာသအပိုင္းအစတခ်ိဳ႕ျပဳတ္က်


အာကာသယာဥ္ အစိတ္အပုိင္းေတြ က်ေရာက္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Kyaw Zin Thet - ဒီဇင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ေတာင္ပိုင္း ကမ္းလြန္ပင္လယ္ျပင္ထဲ တရုတ္ႏိုင္ငံက အာကာသယာဥ္ အပိုင္းအစတခ်ဳိ႕ ျပဳတ္က်လာတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

တရုတ္ႏိုင္ငံပုိင္ အာကာသယာဥ္က အစိတ္အပုိင္းေတြ က်ေရာက္လာႏုိင္ေၾကာင္း ျမန္မာအာဏာပုိင္ေတြ သတိေပးထားၿပီး ရက္ပုိင္း အတြင္းမွာပဲ သံတြဲနဲ႔ မာန္ေအာင္ၿမိဳ႕နယ္ေတြအနီး ပင္လယ္ျပင္ထဲ က်ေရာက္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ သံတဲြၿမိဳ႕အနီး ပင္လယ္ျပင္ကုိ မေန႔ညပုိင္းက အာကာသယာဥ္ အပိုင္းအစေတြ က်လာတာကို ကိုယ္တိုင္ျမင္လိုက္ရတဲ့ သံတြဲၿမိဳ႕နယ္ ေဒသခံ ေဒၚခင္ဝင့္ထက္မိုးကေတာ့ အခုလိုေျပာပါတယ္။

“ဆယ္နာရီနဲ႔ ၂၈ မိနစ္မွာ အေပၚကေန အလံုးႀကီးေပါ့ မီးေတြ ေရာင္စံုထြက္ၿပီးေတာ့ေပါ့။ ဆင္းလာတာျမင္လိုက္တဲ့ အခ်ိန္မွာ က်မကေတာ့ အရမ္းေၾကာက္သြားတယ္။ ၿပီးေတာ့သူက ေျဖးေျဖးရွင္း ပင္လယ္ထဲကို ဆင္းသြားတယ္။ အသံက အေပၚကေန ဂ်ိန္းဂ်ိန္းဆိုၿပီးေတာ့ ျမည္တယ္။ က်မတို႔ၾကည့္လိုက္ေတာ့ ေကာင္းကင္ေပၚက အသံက ဂ်ိန္းဂ်ိန္းဆိုၿပီးေတာ့ ျမည္တာေပါ့။ ပင္လယ္ထဲကို ဆင္းသြားတဲ့အခါ ျမည္တာမဟုတ္ပဲ က်မတို႔ ၾကားတာကေတာ့ က်မတို႔ ေခါင္းေပၚက ျမည္တယ္။ က်မတို႔ ေခါင္းေပၚ ျပဳတ္က်ၿပီလားလို႔ေတာင္ ထင္ပါတယ္။”

မာန္ေအာင္ၿမိဳ႕နယ္ အနီး ပင္လယ္ျပင္မွာလည္း ညဆယ္နာရီ ဝန္းက်င္ေလာက္က ပင္လယ္ျပင္ထဲ က်ေရာက္ေပါက္ကြဲသံေတြ ၾကားလိုက္ရတယ္လို႔ မာန္ေအာင္ေဒသခံ မႏွင္းေဝေအာင္ က ေျပာပါတယ္။

“မေန႔ညက ဆယ္နာရီေက်ာ္ေလာက္မွာေပါ့ေနာ္ လူေတြ အိပ္ေမာက်ေနတဲ့ အခ်ိန္မွာ ဒံုးဒိုင္းဆိုၿပီးေတာ့ အသံႏွစ္ခု ထြက္လာတယ္။ ကိုယ့္အိမ္ေပၚကို တစ္ခုခုျပဳတ္က်တဲ့ အသံမ်ိဳးေပါ့။”

အာကာသယာဥ္ အပိုင္းအစေတြဟာ သံတြဲေလဆိပ္ရဲ႕ အေနာက္ေတာင္ဘက္ေရမိုင္ ၃၃ မိုင္ခန္႔၊ မာန္ေအာင္ေလဆိပ္ရဲ႕ ေတာင္ဘက္ေရမိုင္ ၄၅ မိုင္ခန္႔နဲ႔ ပုသိမ္ေလဆိပ္ရဲ႕ အေနာက္ ေျမာက္ဘက္ ေရမိုင္ ၆၀ ခန္႔အကြာမွာ က်ေရာက္ႏုိင္ေၾကာင္း ျမန္မာႏုိင္ငံ စိုက္ပ်ိဳးေရး ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန ငါးလုပ္ငန္းဦးစီးဌာနက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာ့ေရပုိင္နက္အတြင္း တနဂၤေႏြေန႔ညဘက္မွာ က်ေရာက္ႏုိင္တဲ့ အႏၱရာယ္ရွိတာေၾကာင့္ ေရယာဥ္ေတြ သြားလာမႈ မျပဳၾကဖုိ႔လည္း သတိေပးထားခဲ့ၿပီး အခုေနာက္ဆုံး အာကာသယာဥ္ အစိတ္အပုိင္းေတြ က်ေရာက္မႈေၾကာင့္ ထိခုိက္မႈရွိတဲ့ သတင္းေတာ့ မၾကားရပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ကမ်းလွန်ပင်လယ်ထဲ အကာသအပိုင်းအစတချို့ပြုတ်ကျ

ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ထဲ တရုတ်နိုင်ငံက အာကာသယာဉ် အပိုင်းအစတချို့ ပြုတ်ကျလာတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

တရုတ်နိုင်ငံပိုင် အာကာသယာဉ်က အစိတ်အပိုင်းတွေ ကျရောက်လာနိုင်ကြောင်း မြန်မာအာဏာပိုင်တွေ သတိပေးထားပြီး ရက်ပိုင်း အတွင်းမှာပဲ သံတွဲနဲ့ မာန်အောင်မြို့နယ်တွေအနီး ပင်လယ်ပြင်ထဲ ကျရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့အနီး ပင်လယ်ပြင်ကို မနေ့ညပိုင်းက အာကာသယာဉ် အပိုင်းအစတွေ ကျလာတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ သံတွဲမြို့နယ် ဒေသခံ ဒေါ်ခင်ဝင့်ထက်မိုးကတော့ အခုလိုပြောပါတယ်။

“ဆယ်နာရီနဲ့ ၂၈ မိနစ်မှာ အပေါ်ကနေ အလုံးကြီးပေါ့ မီးတွေ ရောင်စုံထွက်ပြီးတော့ပေါ့။ ဆင်းလာတာမြင်လိုက်တဲ့ အချိန်မှာ ကျမကတော့ အရမ်းကြောက်သွားတယ်။ ပြီးတော့သူက ဖြေးဖြေးရှင်း ပင်လယ်ထဲကို ဆင်းသွားတယ်။ အသံက အပေါ်ကနေ ဂျိန်းဂျိန်းဆိုပြီးတော့ မြည်တယ်။ ကျမတို့ကြည့်လိုက်တော့ ကောင်းကင်ပေါ်က အသံက ဂျိန်းဂျိန်းဆိုပြီးတော့ မြည်တာပေါ့။ ပင်လယ်ထဲကို ဆင်းသွားတဲ့အခါ မြည်တာမဟုတ်ပဲ ကျမတို့ ကြားတာကတော့ ကျမတို့ ခေါင်းပေါ်က မြည်တယ်။ ကျမတို့ ခေါင်းပေါ် ပြုတ်ကျပြီလားလို့တောင် ထင်ပါတယ်။”

မာန်အောင်မြို့နယ် အနီး ပင်လယ်ပြင်မှာလည်း ညဆယ်နာရီ ဝန်းကျင်လောက်က ပင်လယ်ပြင်ထဲ ကျရောက်ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်လို့ မာန်အောင်ဒေသခံ မနှင်းဝေအောင် က ပြောပါတယ်။

“မနေ့ညက ဆယ်နာရီကျော်လောက်မှာပေါ့နော် လူတွေ အိပ်မောကျနေတဲ့ အချိန်မှာ ဒုံးဒိုင်းဆိုပြီးတော့ အသံနှစ်ခု ထွက်လာတယ်။ ကိုယ့်အိမ်ပေါ်ကို တစ်ခုခုပြုတ်ကျတဲ့ အသံမျိုးပေါ့။”

အာကာသယာဉ် အပိုင်းအစတွေဟာ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက်ရေမိုင် ၃၃ မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ တောင်ဘက်ရေမိုင် ၄၅ မိုင်ခန့်နဲ့ ပုသိမ်လေဆိပ်ရဲ့ အနောက် မြောက်ဘက် ရေမိုင် ၆၀ ခန့်အကွာမှာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့ရေပိုင်နက်အတွင်း တနင်္ဂနွေနေ့ညဘက်မှာ ကျရောက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ရေယာဉ်တွေ သွားလာမှု မပြုကြဖို့လည်း သတိပေးထားခဲ့ပြီး အခုနောက်ဆုံး အာကာသယာဉ် အစိတ်အပိုင်းတွေ ကျရောက်မှုကြောင့် ထိခိုက်မှုရှိတဲ့ သတင်းတော့ မကြားရပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG