သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ မင္းျပားနဲ႔အမ္းမွာ ေျမျမွဳပ္မိုင္းေၾကာင့္ လူ ၂ ဦးေသဆံုး


 ေျမျမွဳပ္မိုင္း ယခင္ မွတ္တမ္းဓာတ္ပံု။

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္က မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်းရြာအနီးမွာ တနဂၤေႏြေန႔က ေျမျမွဳပ္မိုင္း ေပါက္ကြဲၿပီး ေဒသခံတဦးေသဆံုးခဲ့သလို အမ္းၿမိဳ႕နယ္မွာလည္း ဒီရက္ပိုင္းအတြင္း ေျမျမွဳပ္မိုင္း ေပါက္ကြဲလို႔ပဲ ေဒသခံတဦးေသဆံုးခဲ့ရပါတယ္။ အခုတေလာ ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္AA အဖြဲ႔ၾကား စစ္ေရးတင္းမာမွုေတြ တိုးလာေနသလို ရခိုင္ျပည္ေနရာအနွံ႔မွာ ျမန္မာစစ္တပ္ဘက္က တပ္အင္အားတိုးခ်ဲ႕ခ်ထားေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က ထုတ္ျပန္ထားပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းကတင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်းရြာေန အသက္ ၇၀ ေက်ာ္အရြယ္ ဦးေအာင္သာထြန္းဟာ ၄ မိုင္ေလာက္ေဝးတဲ့ ေတာထဲမွာ သစ္ခုတ္ေနစဥ္ ေျမျမွဳပ္မိုင္းနွင္းမိၿပီး ေသဆံုးခ့ဲရေၾကာင္း သားျဖစ္သူကေျပာပါတယ္။

“မေန႔က ၉ နာရီခြဲေလာက္ကေလ၊ မိုင္းကြဲလို႔။ က်ေနာ့္အေဖက ေတာမွာ သစ္ခုတ္ေနတာေလ၊ က်ေနာ့္အေဖရဲ႕ အလုပ္သမားေလးက က်ေနာ္တို႔ကို ဖုန္းဆက္ တာေပါ့၊ ဟိုကေနၿပီးေတာ့ အစ္ကိုရယ္ ဒီလိုေတာ့ ျဖစ္သြားပါတယ္၊ ေျခေထာက္ေတြ မရွိေတာ့ဘူးတဲ့။ အဲဒါနဲ႔ ဒီကလူေတြ လိုက္သြားၾကေတာ့ ခရီးကေဝးေတာ့ေလ၊ ျဖစ္တာကေတာ့ ေတာင္ေပၚမွာ ျဖစ္တာ။ အဲဒါ ေတာင္ေအာက္ကို ထမ္းၿပီးခ်လာတာ လမ္းတဝက္ေလာက္မွာ ေသသြားတယ္။”

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေမလ ၁၄ ရက္ေန႔ကလည္း အမ္းၿမိဳ႕နယ္ ဒါးလက္ေခ်ာင္းအုပ္စု ဒါးလက္ေျမာက္ေက်းရြာအနီး သီဟိုျခံမွာ သီဟိုသရက္ေစ့ ေကာက္ေနသူတဦး ေျမျမွဳပ္မိုင္းေပါက္ကြဲၿပီး ေသဆံုးခဲ့ပါတယ္။ အဲဒီမိုင္းေပါက္ကြဲတဲ့ သီဟိုျခံမွာ ၿပီးခဲ့တဲ့တိုက္ ပြဲကာလက ျမန္မာစစ္တပ္ေတြ စခန္းခ်ေနထိုင္ခဲ့တဲ့ ေနရာျဖစ္တယ္လို႔လည္း အမ္းလူမွုေရးတက္ႂကြလွုပ္ရွားသူ ကိုမ်ိဳးလြင္ကေျပာပါတယ္။

“အမ္းၿမို႕႔နယ္ ဒလက္အုပ္စု ဒါးလက္ေျမာက္ရြာမွာ ရြာနဲ႔ ေပသံုးေထာင္ေလာက္ ေဝးတဲ့ေနရာမွာ အဲဒီမွာ ေျမျမွဳပ္မိုင္းေပါက္ၿပီးေတာ့ တေယာက္ေသဆံုးသြားတာ ရွိတယ္ေပါ့ေနာ္၊ ေမလ ၁၄ ရက္ညေန သံုးနာရီေက်ာ္ေလာက္ကေပါ့။ ေသဆံုးသြားတဲ့ သူကေတာ့ ဦးသန္းမင္းႏိုင္ အသက္ ၃၀ အရြယ္ရွိၿပီေပါ့။ သူ႕ရဲ႕ သီဟိုခင္းမွာေနၿပီးေတာ့ သီဟိုေစ့ေကာက္ရင္းနဲ႔ ေျမျမွဳပ္ မိုင္းနင္းမိတာေပါ့ေနာ္၊ အဲဒီေနရာမွာ ၂၀၂၀ ၾသဂုတ္လ ကေနၿပီးေတာ့ ၂၀၂၁ ခုနွစ္ ဇန္နဝါရီ လအထိ သူ႔ရဲ႕ သီဟိုခင္းမွာ ျမန္မာစစ္တပ္ကေနၿပီးေတာ့ စခန္းခ်ခဲ့တာေတာ့ရွိတယ္ေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ တို္က္ပြဲေတြ ရပ္တန္႔ေနတယ္ဆိုေပမယ့္ အမ္းၿမို႕နယ္အပါအဝင္ ၿမို႕နယ္တခ်ိဳ႕မွာ ေျမျမွဳပ္မိုင္းေတြနဲ႔ စစ္က်န္လက္နက္ေတြ ေပါက္ကြဲမွုေတြေၾကာင့္ ေဒသခံေတြ မၾကာခဏဆိုသလို ေသဆံုးဒဏ္ရာရတာေတြလည္းရွိပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္အတြင္းက ေက်းရြာ ၅၀ ေက်ာ္ရွိတဲ့ ဒါးလက္ေခ်ာင္းအုပ္စုအတြင္း ရိကၡာသယ္ယူခြင့္ေတြကို ျမန္မာစစ္တပ္ ဘက္က ကန္႔သတ္ထားတာရွိသလို အမ္းၿမိဳ႕နယ္အတြင္း စစ္ေၾကာင္း ဝင္ထြက္သြားလာတာရွိသလို စစ္ေဆးတင္းၾကပ္ေနတာေတြ႔ရတယ္လို႔လည္း အမ္လူမွုေရးတက္ႀကြလွုပ္ရွားသူ ကိုမ်ိုးလြင္က ေျပာပါတယ္။

“အမ္းၿမိဳ႕နယ္မွာ စစ္ေရးကေတာ့ အျမဲတမ္းလိုလို တင္းမာေနတဲ့ သေဘာရွိတယ္။ ရကၡိုင့္ တပ္ေတာ္ဘက္က မတင္းမာရင္ေတာင္ ျမန္မာစစ္တပ္ဘက္က အျမဲတမ္းတင္း မာေနတယ္။ အမ္းနဲ႔ ပတ္သက္ရင္ အမ္းျမို႕ရဲ႕ အဝင္ေပါက္ကိုလည္း အျမဲတမ္းတင္းတင္းၾကပ္ၾကပ္ စစ္ေဆးတာရွိတယ္။ အမ္းၿမိဳ႕နယ္ တေလွ်ာက္လံုးမွာလည္း စစ္ေတြက လွုပ္ရွားမွု ေတာက္ေလွ်ာက္ရွိတယ္။ ေက်းရြာေတြအနီးမွာ ကင္းပုန္းဝပ္တာေတြရွိတယ္။ ေတာေတာင္ေတြမွာ စစ္အင္အားအျပည့္နဲ႔ ေတာနင္းတာေတြရွိတယ္ေပါ့ေနာ္။”

လက္ရွိ ရခိုင္ျပည္နယ္ေနရာေတာ္ေတာ္မ်ားမ်ားမွာ ျမန္မာစစ္တပ္ဘက္က စစ္အင္ အားတိုးခ်ဲ႕ ေနသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြအျပင္ ရခိုင္-မြတ္ဆလင္ သဟဇာတျဖစ္မွုလုပ္ငန္းစဥ္ေတြကိုလည္း ျမန္မာစစ္တပ္ဘက္က ဆက္တိုက္ဆိုသလို ေနွာင့္ယွက္တာေတြ လုပ္ေဆာင္ေနတယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က မေန႔က ထုတ္ျပန္ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ၾကား စစ္ေရးတင္းမာမွုေတြ ျမင့္တက္လာေနတာေၾကာင့္ နွစ္ဘက္တို္က္ပြဲေတြ အခ်ိန္မေရြးျဖစ္လာႏိုင္တဲ့ အေနအထား ရွိေနတာေၾကာင့္ ရခိုင္ျပည္နယ္သူေတြအေနနဲ႔ ျမန္မာစစ္တပ္ အေျခခ်ေနထိုင္တဲ့ စခန္း အနီးပတ္ဝန္းက်င္ေတြကို သြားလာတာေတြ မလုပ္ဖို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က မေန႔က ထုတ္ျပန္သတိေပးထားပါတယ္ ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရခိုင်ပြည်နယ် မင်းပြားနဲ့အမ်းမှာ မြေမြှုပ်မိုင်းကြောင့် လူ ၂ ဦးသေဆုံး

ရခိုင်ပြည်နယ်က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးမှာ တနင်္ဂနွေနေ့က မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ဒေသခံတဦးသေဆုံးခဲ့သလို အမ်းမြို့နယ်မှာလည်း ဒီရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲလို့ပဲ ဒေသခံတဦးသေဆုံးခဲ့ရပါတယ်။ အခုတလော ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို ရခိုင်ပြည်နေရာအနှံ့မှာ မြန်မာစစ်တပ်ဘက်က တပ်အင်အားတိုးချဲ့ချထားနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနေ အသက် ၇၀ ကျော်အရွယ် ဦးအောင်သာထွန်းဟာ ၄ မိုင်လောက်ဝေးတဲ့ တောထဲမှာ သစ်ခုတ်နေစဉ် မြေမြှုပ်မိုင်းနှင်းမိပြီး သေဆုံးခဲ့ရကြောင်း သားဖြစ်သူကပြောပါတယ်။

“မနေ့က ၉ နာရီခွဲလောက်ကလေ၊ မိုင်းကွဲလို့။ ကျနော့်အဖေက တောမှာ သစ်ခုတ်နေတာလေ၊ ကျနော့်အဖေရဲ့ အလုပ်သမားလေးက ကျနော်တို့ကို ဖုန်းဆက် တာပေါ့၊ ဟိုကနေပြီးတော့ အစ်ကိုရယ် ဒီလိုတော့ ဖြစ်သွားပါတယ်၊ ခြေထောက်တွေ မရှိတော့ဘူးတဲ့။ အဲဒါနဲ့ ဒီကလူတွေ လိုက်သွားကြတော့ ခရီးကဝေးတော့လေ၊ ဖြစ်တာကတော့ တောင်ပေါ်မှာ ဖြစ်တာ။ အဲဒါ တောင်အောက်ကို ထမ်းပြီးချလာတာ လမ်းတဝက်လောက်မှာ သေသွားတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စု ဒါးလက်မြောက်ကျေးရွာအနီး သီဟိုခြံမှာ သီဟိုသရက်စေ့ ကောက်နေသူတဦး မြေမြှုပ်မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။ အဲဒီမိုင်းပေါက်ကွဲတဲ့ သီဟိုခြံမှာ ပြီးခဲ့တဲ့တိုက် ပွဲကာလက မြန်မာစစ်တပ်တွေ စခန်းချနေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း အမ်းလူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောပါတယ်။

“အမ်းမြို့နယ် ဒလက်အုပ်စု ဒါးလက်မြောက်ရွာမှာ ရွာနဲ့ ပေသုံးထောင်လောက် ဝေးတဲ့နေရာမှာ အဲဒီမှာ မြေမြှုပ်မိုင်းပေါက်ပြီးတော့ တယောက်သေဆုံးသွားတာ ရှိတယ်ပေါ့နော်၊ မေလ ၁၄ ရက်ညနေ သုံးနာရီကျော်လောက်ကပေါ့။ သေဆုံးသွားတဲ့ သူကတော့ ဦးသန်းမင်းနိုင် အသက် ၃၀ အရွယ်ရှိပြီပေါ့။ သူ့ရဲ့ သီဟိုခင်းမှာနေပြီးတော့ သီဟိုစေ့ကောက်ရင်းနဲ့ မြေမြှုပ် မိုင်းနင်းမိတာပေါ့နော်၊ အဲဒီနေရာမှာ ၂၀၂၀ သြဂုတ်လ ကနေပြီးတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအထိ သူ့ရဲ့ သီဟိုခင်းမှာ မြန်မာစစ်တပ်ကနေပြီးတော့ စခန်းချခဲ့တာတော့ရှိတယ်ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်နေတယ်ဆိုပေမယ့် အမ်းမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ မြေမြှုပ်မိုင်းတွေနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ မကြာခဏဆိုသလို သေဆုံးဒဏ်ရာရတာတွေလည်းရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာ ၅၀ ကျော်ရှိတဲ့ ဒါးလက်ချောင်းအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်တွေကို မြန်မာစစ်တပ် ဘက်က ကန့်သတ်ထားတာရှိသလို အမ်းမြို့နယ်အတွင်း စစ်ကြောင်း ဝင်ထွက်သွားလာတာရှိသလို စစ်ဆေးတင်းကြပ်နေတာတွေ့ရတယ်လို့လည်း အမ်လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောပါတယ်။

“အမ်းမြို့နယ်မှာ စစ်ရေးကတော့ အမြဲတမ်းလိုလို တင်းမာနေတဲ့ သဘောရှိတယ်။ ရက္ခိုင့် တပ်တော်ဘက်က မတင်းမာရင်တောင် မြန်မာစစ်တပ်ဘက်က အမြဲတမ်းတင်း မာနေတယ်။ အမ်းနဲ့ ပတ်သက်ရင် အမ်းမြို့ရဲ့ အဝင်ပေါက်ကိုလည်း အမြဲတမ်းတင်းတင်းကြပ်ကြပ် စစ်ဆေးတာရှိတယ်။ အမ်းမြို့နယ် တလျှောက်လုံးမှာလည်း စစ်တွေက လှုပ်ရှားမှု တောက်လျှောက်ရှိတယ်။ ကျေးရွာတွေအနီးမှာ ကင်းပုန်းဝပ်တာတွေရှိတယ်။ တောတောင်တွေမှာ စစ်အင်အားအပြည့်နဲ့ တောနင်းတာတွေရှိတယ်ပေါ့နော်။”

လက်ရှိ ရခိုင်ပြည်နယ်နေရာတော်တော်များများမှာ မြန်မာစစ်တပ်ဘက်က စစ်အင် အားတိုးချဲ့ နေသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေအပြင် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်မှုလုပ်ငန်းစဉ်တွေကိုလည်း မြန်မာစစ်တပ်ဘက်က ဆက်တိုက်ဆိုသလို နှောင့်ယှက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတာကြောင့် ရခိုင်ပြည်နယ်သူတွေအနေနဲ့ မြန်မာစစ်တပ် အခြေချနေထိုင်တဲ့ စခန်း အနီးပတ်ဝန်းကျင်တွေကို သွားလာတာတွေ မလုပ်ဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ထုတ်ပြန်သတိပေးထားပါတယ် ခင်ဗျား။

==========

XS
SM
MD
LG