သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ranil Wickremesinghe ကို သီရိလကာၤ ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်အပ်


သီရိလင်္ကာ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်ခံရတဲ့ Ranil Wickremesinghe
သီရိလင်္ကာ ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်ခံရတဲ့ Ranil Wickremesinghe

သီရိလကာၤ ဝန်ကြီးချုပ် အဖြစ် Ranil Wickremesinghe ကို ပြန်ပြီး ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက သူ့ကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်တဲ့ သမ္မတ Maithripala Sirisena က Wickremesinghe ကို ဝန်ကြီးချုပ် အဖြစ် ပြန်လည် ခန့်အပ်တာ ဖြစ်ပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အဖြစ်ကနေ Wickremesinghe ကို ဖြုတ်ပြီး သူ့နေရာမှာ သဘောထား ပြင်းထန်တဲ့ သမ္မတဟောင်း Mahinda Rajapaksa ကို သမ္မတက အစားထိုး ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့်လည်း Wickremesinghe က ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပြီး ကိုလံဘိုမှာ ရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်မှာ ဆက်ပြီး နေထိုင်ခဲ့တာပါ။

ဝန်ကြီးချုပ် အဖြစ် တာဝန်ယူနိုင်ရေး လွှတ်တော်တွင်း မဲခွဲခဲ့တာမှာ Mahinda Rajapaksa က ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတက လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သီရိလင်္ကာ တရားရုံးချုပ်က ဒီလုပ်ရပ်က တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

ကြားကာလမှာ လွှတ်တော် အနေနဲ့ ၂၀၁၉ ခုနှစ် အတွက် အစိုးရ အသုံးစာရိတ်ကို အတည်ပြုပေးနိုင်မှာ မဟုတ်တာကြောင့် သီရိလင်္ကာ နိုင်ငံရဲ့ အကြွေးယူနိုင်တဲ့ အဆင့်အတန်း နိမ့်ကျသွားစေပြီး အကြွေးမဆပ်နိုင်မယ့် အရေး စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG