သုံးရလွယ်ကူစေသည့် Link များ

RCEP ကုန်သွယ်ရေးသဘောတူညီချက်ပါ မြန်မာနဲ့ ကုန်သွယ်ရေးမလုပ်ဘူးလို့ နယူးဇီလန်ပြောဆို


RCEP ( Regional Comprehensive Economic Partnership)
RCEP ( Regional Comprehensive Economic Partnership)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ဒီမိုကေရစီ ဆိတ်သုဉ်းအောင် လုပ်ဆောင်ခဲ့တာတွေကြောင့် နိုင်ငံပေါင်း ၁၅ နိုင်ငံပါ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သေဘာတူညီချက်မှာပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ် မှုတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ နယူးဇီလန်နိုင်ငံက ဒီကေန့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံပါ ပါဝင်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး (RCEP) လို့ခေါ်တဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်မှာ မြန်မာ ပါဝင်နေပေမယ့် အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့အတွက် မြန်မာနဲ့ကုန်သွယ်မှု ပြုလုပ်မှာ မဟုတ်ကြောင်း တခြား အဖွဲ့ဝင်နိုင်ငံတွေကို နယူးဇီလန်က အသိပေးအကြောင်းကြားထားတယ်လို့ အာရှဒေသ သံတမန်နှစ်ဦးပြောတာကို ကိုးကားပြီး အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို RCEP ကုန်သွယ်ရေး သဘောတူညီချက်ကနေ မြန်မာနိုင်ငံကို နယူးဇီလန်က ချန်လှပ်ထားတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း စစ်ဘက်နဲ့ နိုင်ငံရေးအရ အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုတွေ ရပ်ဆိုင်းပြီး အရပ်သားအစိုးရကို ချက်ခြင်း အာဏာ ပြန်လွဲပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အစောဆုံး တောင်းဆိုခဲ့တဲ့အထဲမှာ နယူးဇီလန်နိုင်ငံ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်လည်း ကန့်သတ်ခဲ့ပါတယ်။

RCEP ကုန်သွယ်ရေး သဘောတူညီချက်မှာ နယူးဇီလန်က ပါဝင်ပေမယ့် မြန်မာနိုင်ငံအေပါ်ထားတဲ့ သဘောထား ပြောင်းလဲသွားမှာမဟုတ်တဲ့အတွက် မြန်မာနဲ့ ကုန်သွယ်မှု လုပ်မှာမဟုတ်ဘူးလို့ အေပီ သတင်းဌာနရဲ့ မေးမြန်းချက်ကို နယူးဇီလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက အခြေအနေတွေအပေါ် နယူးဇီလန်နိုင်ငံအနေနဲ့ အထူးစိုးရိမ် ပူပန်ကြောင်း၊ စစ်တပ်ဘက်က အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်တန့်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း နယူးဇီလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]








===========

XS
SM
MD
LG