သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ ဒုက္ခသည် စံချိန်တင်တိုး (UNHCR)

ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)
ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)

ကမ္ဘာမှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ရသူအရေအတွက်ဟာ စက်တင်ဘာလကုန်မှာ ၁၁၄ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR က ပြောကြားလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ လူတွေ နေရပ်စွန့်ထွက်ပြေးရတဲ့ အဓိက အကြောင်းတွေက ယူကရိန်းစစ်ပွဲ၊ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတွေမှာဖြစ်နေတဲ့ ပဋိပက္ခ၊ မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့်ဖြစ်တယ်လို့ UNHCR က ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ မိုးခေါင်ရေရှားတာ၊ ရေကြီးတာတွေကြောင့်လဲ လူအမြောက်အများ နေရပ်စွန့်ခဲ့ကြရတယ်လို့ UNHCR ရဲ့ ၆ လ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ပျံ့နှံ့ဖြစ်ပွားနေတာမှာ ၂၀၂၃ ခုနှစ် နှစ်စကနေ ဇွန်လအထိ အိုးအိမ်ပြစ် ထွက်ပြေးကြရသူ ၄ သိန်း ၄ သောင်း ၃ ထောင်ထက်မနည်းရှိခဲ့ပြီး လူသားချင်းစာနာစရာ အခြေအနေ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာတယ်လို့ UNHCR ကပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံထဲမှာ ပြည်တွင်းဒုက္ခသည် ၁.၈ သန်းအထိ ရှိနေပြီး၊ ဒုက္ခသည်အဖြစ်လျှောက်ထားကြသူ ၁.၃ သန်းဟာလည်း အိမ်နီးချင်းနိုင်ငံတွေမှာ နေစရာအတည်တကျမရှိ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှာရောက်နေကြတဲ့ ဒုက္ခသည်တွေ အဆိုးဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR ရဲ့ ၆ လစာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ကမ္ဘာမှာ ဒုက္ခသည် စံချိန်တင်တိုး (UNHCR)
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG